Channel Myanmar

Sarath Kumar

Antony (2023) 8.0
Antony (2023) Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Antony (2023)

2023
Regina (2023) 6.6
Regina (2023) Regina (2023)IMDb-6.6/10မင်းသမီးချောလေး Sunaina ပါဝင်ထားတဲ့ အမျိုးသမီးတစ်ယောက်တည်း တစ်ကိုယ်တော်နွှဲပြမဲ့ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ်ရေဂျီနာငယ်ငယ်တုန်းက သူ့မျက်စိရှေ့မှာပဲ သူ့အဖေကို ရက်ရက်စက်စက်သတ်တာမြင်လိုက်ရသူပါ ဒီလိုနဲ့ အဖေတစ်ခုသမီးတစ်ခုဘဝကနေ တစ်ကောင်ကြွက်တစ်မျက်နှာနဲ့ အပြုံးအရယ်မရှိ ဘဝကိုဖြတ်သန်းနေရင်း ဂျိုးဆိုတဲ့အချစ်ကိုရှာတွေ့သွားချိန်မှာ‌တော့ ဘဝကပြန်စိုပြေပျော်ရွှင်လာတာပေါ့ဂျိုးနဲ့ပျော်လို့မှမဝသေးခင် ဂျိုးအလုပ်လုပ်တဲ့ဘဏ်ကိုဝင်စီးပြီး မျက်နှာဖုံးနဲ့လူတွေသတ်တာခံလိုက်ရပါတော့တယ် ရဲတွေကလည်းတာဝန်ယူအမိဖမ်းမပေးပါဘူး ဂျိုးနဲ့ရတဲ့ကိုယ်ဝန်ကလည်းပျက်နဲ့ ဘဝဟာသေမထူးနေမထူးဖြစ်နေချိန်မှာ.......... ရေဂျီနာတစ်ယောက် အိမ်ကထွက်ပြီးပင်လယ်ကမ်းခြေမြို့လေးမှာ အလုပ်သွားလုပ်နေပါတော့တယ်ဒါဟာသူ့ဘဝကို အေးဆေးပဲဖြတ်သန်းတော့မဲ့အဓိပ္ပာယ်လား နာကျင်ခဲ့ရတာတွေကို အလွယ်တကူမေ့ပစ်မှာတဲ့လား နောက်ကွယ်ကဘာအကြောင်းအရာတွေရှိနေမလဲဆိုတာရှုစားကြည့်ပါဦး File size…1.7GB / 815MB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni
movie

Regina (2023)

2023
Thugs (2023) 8.0
Thugs (2023) Thugs 2023 IMDb 8.4Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။ (Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlink ဝင်ဒေါင်းလို့ရပါတယ်)ဇာတ်လမ်းအကျဉ်းက ဒီလို... စီသူက မိဘမဲ့ တကောင်ကြွက်၊ အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲ အချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ... အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာက သူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့ လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီး ဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့ Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းရေးသားသူကတော့ chiclon3 ...
movie

Thugs (2023)

Naan Mirugamaai Maara (2022) 5.8
Naan Mirugamaai Maara (2022) Naan Mirugamaai Maara (2022)အခုတစ်ခါမှာတော့ IMDb 5.8 အထိရရှိထားတဲ့ Action-Thriller တမီလ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဘွန်မီနာသန်ဆိုတဲ့လူဟာ သူ့ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေခဲ့ပြီး မိသားစုကိုသိတတ်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။သို့ပေမယ့် သူ့ညီလေးအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဒါတွေအားလုံးဟာ သူ့အတွက် မှေးမှိန်သွားခဲ့ပါတယ်။ဆုံးသွားတဲ့ညီဖြစ်သူ တရားမျှတမှုရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပေမယ့် တရားဥပဒေရဲ့လျှော့ကြိုးတွေကို သူ အယုံအကြည်မရှိခဲ့ပါဘူး။ဒီလိုနဲ့ သူကိုယ်တိုင်ပဲ ညီဖြစ်သူတရားမျှတမှုရရှိရေးအတွက် ကလဲ့စားချေဖို့ထွက်လာခဲ့တဲ့အခါ သူ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ...။အောင်မြင်နိုင်ပါ့မလား..။သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးကြပါဦးနော်...။ File size…1.83GB / 778MB Quality… 1080p WEB DL / 720p Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor ~ Yunni
movie

Naan Mirugamaai Maara (2022)

2022
Pyali (2022) 7..1
Pyali (2022) Pyali 2022 IMDb 7.1/10 ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူကြည့်ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ။ မောင်နှမနှစ်ယောက်ရဲ့တစ်ယောက်‌အပေါ်တစ်ယောက်ထားတဲ့ ၅၂၈မေတ္တာလေးကို ကြည့်ရှုခံစားကြရမှာဖြစ်ပြီး ကလေးတိုင်းမှာ ထူးခြားမှုလေးတွေ ကိုယ်စီရှိကြတယ်ဆိုတာကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဇီရာဆိုတဲ့ကောင်လေးတစ်ယောက်မှာ ပရာလီလို့ခေါ်တဲ့အရမ်းချစ်စရာကောင်းတဲ့ညီမလေးတစ်ယောက်ရှိပါတယ်။ ဇီရာက သူကိုယ်တိုင် အရွယ်လေးနဲ့မလိုက်အောင်အလုပ်တွေဖိလုပ်ပြီး ညီမလေးကို တတ်နိုင်သမျှ လိုလေသေးမရှိအောင် စောင့်ရှောက်ထားပါတယ်။ ဂုဏ်ပကာသနတွေမပေါပေမယ့် ပျော်ရွှင်နေတတ်ကြတဲ့မောင်နှမနှစ်ယောက်ဟာတစ်နေ့မှာအကြောင်းကြောင်းကြောင့် သံလမ်းဘေးကနေရာလေးကို စွန့်ခွာပြီး နေစရာအသစ်တစ်ခုကို ရှာဖွေရပါတော့တယ်။ လမ်းဘေးမှာပဲနေရတဲ့ကလေးတွေမလို့ ခိုကိုးရာမဲ့‌ဖြစ်နေတဲ့အချိန်မှာ အန္တရာယ်တွေကြုံလာရပြီး ဇီရာဟာလည်း အစ်ကိုဖြစ်သူပီပီ ညီမလေးကို ကာကွယ်စောင့်ရှောက်ပါတော့တယ်။ သူတို့လေးတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ။ သူတို့ဘဝတွေ‌ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2GB / 1GB Quality…1080p HD RIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai ThuRein
movie

Pyali (2022)

2022