Channel Myanmar

Sasha

Golden Spider City ( 2022 ) 6
Golden Spider City ( 2022 ) ဒီတစ်ခါစွန့်စားခန်းဖွင့်မယ့်နေရာကတော့ ရွှေပင့်ကူမြို့တော်ပဲဖြစ်ပါတယ်။ ရွှေမြို့တော်ကိုရောက်ရင်ထာဝရအသက်ရှင်နိုင်မယ်ဆိုတဲ့ ယုံတမ်းစကားတစ်ခုရှိပါတယ်။ အဲ့ဒီမြို့ဟာ ကျွန်းတစ်ကျွန်းရဲ့မြေအောက်မှာရှိတာဖြစ်ပြီး ရောက်ဖူးသူတစ်ယောက်မှမရှိသလို ၊ ​ပြန်ထွက်လာနိုင်သူလည်းမရှိပါဘူး။ဇာတ်လိုက်ကတော့ စစ်မာချုံဆိုတဲ့ကောင်လေးဖြစ်ပြီး အဖေဖြစ်သူ စစ်မာဟွေးကတော့ လွန်ခဲ့တဲ့၂၂နှစ်က ရွှေမြို့တော်ကိုသွားရင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာသူ့ရည်းစား လီဆာတစ်ယောက်ပြန်ပေးဆွဲခံရပြီး ၊ လီဆာရဲ့အသက်နဲ့ခြိမ်း​ခြောက်ကာ မြေအောက်ကမ္ဘာကိုသွားဖို့ အတင်းအကြပ်စေခိုင်းခြင်းခံရပါတော့တယ်။အဲ့ဒါတင်မကဘဲ ရွှေမြို့တော်ကိုပါသွားဖို့ဖိအားပေးလာတဲ့အခါ... ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး အသက်ကလည်းရွယ်တူလောက်ကို သူ့ကိုယ်သူ စစ်မာဟွေး(မင်းသားရဲ့အဖေ) ပါလို့ပြောလာတဲ့အခါ....သုံးယောက်သားဟာ ရွှေမြို့တော်ရှိရာ ကျွန်းသို့သွားဖို့ဖြစ်လာခဲ့ပါတယ်။ မင်းသားရဲ့အဖေဟာ တကယ်ပဲ ရွှေမြို့တော်ကနေပြန်ထွက်လာနိုင်ခဲ့လား... ရွှေမြို့တော်ရဲ့လျို့ဝှက်ချက်ကရောဘာလဲ။ ဧရာမပင့်ကူကြီးတွေကြား သည်းထိတ်ရင်ဖို စွန့်စားကြမယ့်ခရီးစဥ်ဟာ ဘယ်လိုအဆုံးသတ်လေမလဲ။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 27min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Minnie , Shwe Zin Oo Encoded by LK
movie

Golden Spider City ( 2022 )