Channel Myanmar

Sathyan Sivakumar

Mersal (2017) 8.7
Mersal (2017) Mersal (2017) "" IMDb - 7.5ဗီဂျေးဇာတ်လမ်းများ စုစည်းမှုဆိုပြီး တင်ဆက်ပေးနေတဲ့အတိုင်းပဲ ဗီဂျေးရဲ့ ကားကောင်းတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၇က တကမ္ဘာလုံးမှာ ထုတ်လွင့်ခဲ့တာဖြစ်ပြီး ဝေဖန်လေကန်ရေးတွေရော ပရိသတ်တွေဆီကပါ ကောင်းမွန်တဲ့ချီးကျူးထောပနာပေးခြင်း ခံခဲ့ရပါတယ်။မွေးကတည်းက ကွဲကွာသွားကြတဲ့ ညီကိုနှစ်ယောက်။ တစ်ယောက်က သူ့မိဘတွေ သေဆုံးရမှုအတွက် လက်စားလိုက်ချေတဲ့ မျက်လှည့်ပညာရှင်။ နောက်တစ်ယောက်က လူနာတွေဆီကနေ အခကြေးငွေအနည်းငယ်သာ ယူတယ်လို့ အများလက်ခံထားတဲ့ ဆရာဝန်တစ်ယောက်။ရဲအရာရှိတစ်ယောက်က ကျွမ်းကျင်ဆေးပညာရှင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆရာဝန်တစ်ယောက်ကို ဖမ်းမိတာကနေစလို့ ထင်မှတ်မထားတဲ့ လက်စားချေမှု၊ အကျင့်ပျက်ချစားမှုတွေအပြင် မှော်ဆန်တဲ့လုပ်ရပ်တွေကို တွေ့ရှိခဲ့ချိန်မှာတော့...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.73GB  / 2GB Quality…WEB DL 1080p /720p Format…mp4 Duration…2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byThaik San
movie

Mersal (2017)

2017
Nanban (2012) 7.8
Nanban (2012) Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.5GB / 1.63GB Quality…WEB DL 1080p /720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie

Nanban (2012)

2012
Thuppakki (2012) 8.1
Thuppakki (2012) Thuppakki (2012) "ပစ်မှတ်" IMDb - 8.1/10ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ ...
movie

Thuppakki (2012)

2012
Jigarthanda DoubleX (2023) 8.4
Jigarthanda DoubleX (2023) Jigarthanda DoubleX (2023) IMDb-8.4/10တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size....2.57GB / 1.74GB Quality…1080p WEB DL /720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Jigarthanda DoubleX (2023)

2023
Raatchasi (2019) 7.4
Raatchasi (2019) ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ...
movie

Raatchasi (2019)

2019
24 (2016) 7.9
24 (2016) 24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie

24 (2016)

2016