Channel Myanmar

Satyadeep Misra

Kaali Khuhi (2020)
Kaali Khuhi (2020) Kaali Khuhi (2020) အမှောင်ရေတွင်းဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးတွေကြည့်ရတာ ရိုးအီနေတဲ့သူတွေအတွက် အင်စတာဂရမ်ဖော်လိုဝါသန်းချီပိုင်ဆိုင်ထားကြတဲ့ Riva Arora နဲ့ Sanjeeda Sheikh တို့ အလှပဂေးလေးနှစ်ယောက်ရဲ့ သရဲကားလေးတစ်လှည့်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှီဗန်ဂီဆိုတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်က နာမကျန်းဖြစ်နေတဲ့အဘွားရွာဆီပြန်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံတွေ့လာတဲ့အချိန်..ရွာခံသူငယ်ချင်းတစ်ယောက်နဲ့အတူကစားရင်း တွေ့ခဲ့မိတဲ့ ကြောက်စရာရုပ်သွင်နဲ့အဘွားတစ်ယောက်နဲ့ သူပြောလိုက်တဲ့စကားတွေ... ရွာထဲက ထူးဆန်းတဲ့အမှောင်ရေတွင်းနဲ့ တစ်ရွာလုံးကြုံတွေ့နေတဲ့ ကပ်ရောဂါ.... သူလိုသမီးမိန်းကလေးမွေးထားမိလို့ အမေ့ကိုအဘွားကကြိမ်းမောင်းတဲ့စကားတွေ...အဘွားဖြစ်သူ အိမ်အပေါ်ထပ်မှာ ရုတ်တရက်လဲကျသေဆုံးသွားပုံနှင့် သူမသေခင်မြင်တွေ့လိုက်ရတဲ့ထိတ်လန့်စရာရုပ်သွင်တစ်ခု ဒါတွေအားလုံးက ဘယ်လိုချိတ်ဆက်သွားမလဲဆိုတာကတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.2GB/ 500MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kaali Khuhi (2020)

2020
Vikram Vedha (2022) 7.1
Vikram Vedha (2022) Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB  /  1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie

Vikram Vedha (2022)

2022