Channel Myanmar

Sayuri Yoshinaga

Buddha 2: The Endless Journey (2014) 6.2
Buddha 2: The Endless Journey (2014) Buddha 2 : The Endless Journey မြတ်ဗုဒ္ဓ ၂ - ဘဝသံသရာခရီး ........................................................IMDb 6.2/10 MyAnimeList 6.9/10ဒီကာတွန်း​လေးက​တော့ ၂၀၁၁ထွက် Buddha : the great departureရဲ့​နောက်ဆက်တွဲကာတွန်းပါ။ (ပထမကား Buddha : The Great Departureရဲ့ download linkပါ Click Hereပထမကား​အပြီး တောထွက်ရာက​နေ သဗ္ဗညုတဥာဏ်ဆိုက်​​ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ​ ဂင်္ဂါမြစ်စစ်ပွဲ၊ ​ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့​တွေ့ဆုံခန်း၊ သာကီဝင်​တွေကျဆုံးခန်း​တွေကို​ဝေ​​ဝေဆာဆာမြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ်။ဗုဒ္ဓဖြစ်စဥ်ကို​ကျောရိုး​လောက်ပဲယူထားတာမလို့ ​ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့​တော်​တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်း​တွေဆိုရင် အသစ်ထည့်တာ​တွေ၊ အချိန်ကွဲတာ​တွေပါပါတယ်။ ဥပမာ ​ကောသလက သကျသာကီ​တွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်း​စော​နေတာတို့ပါ။ အပျင်း​ပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်​ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။မှတ်ချက် - နာမည်​တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ​​ရေး​ပေးထားပါတယ် File size…1.4GB/ 565MB Quality…1080p / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie

Buddha 2: The Endless Journey (2014)

2014
A Morning of Farewell (2021) 5.6
A Morning of Farewell (2021) A Morning of Farewell 2021တက္ကသိုလ်ဆေးရုံတစ်ခုမှာ အရေးပေါ်ကုသဆရာဝန်အနေနဲ့ အလုပ်လုပ်နေတဲ့ ဆာဝါကိုဟာ Caseတစ်ခု​ကြောင့် သူမရဲ့ မွေးရပ်မြေကို ပြန်သွားပြီး အဖေနဲ့အတူ ပြန်နေခဲ့ရင်းမွေးရပ်မြို့လေးက လူတိုင်းအားထားရတဲ့ မာဟိုရိုဘာဆေးခန်းမှာ အိမ်အရောက် လိုက်ကုသပေးတဲ့ ဝန်ဆောင်မှုနဲ့ ဆရာဝန်အလုပ်ကို ဆက်လုပ်တဲ့အခါ...ဆေးခန်းက လူတွေနဲ့မိသားစုဝင်တွေလို ဖြစ်လာပြီး အဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်နေတဲ့ လူနာတွေကို သွားကုသပေးရသလို လူနာမိသားစုအရေးကိုပါ ကိုင်တွယ်ဖြေရှင်းရင်းလူနာရဲ့​နောက်ဆုံးခရီးကိုပါ အကောင်းဆုံးအနေနဲ့ ပို့ဆောင်ဖြည့်ဆည်းပေးတဲ့အထိ လူနာနဲ့ ဆရာဝန်ကြား သံယောဇဥ်ကို သိမြင်ခံစားနိုင်မယ့် ဘဝစခန်းတခုကို ပုံဖော်ထားတဲ့ ဂျပန်ဒရမ်မာကားလေးကို ကြည့်ရှုလိုက်ကြရအောင်ပါ File Size__(1.6GB) / (750MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:30:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

A Morning of Farewell (2021)