Channel Myanmar

Sean Bott

127 Hours (2010) 7.6
127 Hours (2010) ကဲဗျာ ဒီတစ်ခါတော့ ဖြစ်ရပ်မှန််ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျဇာတ်လမ်းလေးက တော့ IMDb rating 7.6 ထိရရှိထားပြီးတော့၂၀၁၁ အော်စကာမှာ Best picture နဲ့ အတူတခြား ဆု၆ဆုကိုလညး်အမည်စာရင်းဝင်ထားပါသေးတယ်လမ်းလျှောက်သမား အာရွန် ရဲ့ ခရီးရှည်လမ်းလျှောက်မှုမှာကြုံတွေ့ရတဲ့ မတော်တဆ ဖြစ်ရပ်ကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးတော့မတော်တဆမှုမှာ အာရွန်တယောက် ရှိတဲံ ပစ္စည်းလေးနဲ့ပဲအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ပုံတွေကိုတင်ဆက်ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့မိသားစုဘဝ ပဋိပက္ခတွေကိုပဲ ရိုက်ပြထားပြီးတော့နောက်ပိုင်းမှာတော့ ဇာတ်လမ်းက တဖြေးဖြေး Tempoမြင့်လာပြီး အာရွန်တယောက် အသက်ရှင်ဖို့အတွက်ရုန်းကန်မှုတွေကို ရင်တသတ်သတ်နဲ့ကြည့်ရှူကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ Canyonland ကာကွယ်တောကိုအာရွန်တယောက် ခရီးရှည်လမ်းလျှောက်ရန်ထွက်လာခဲ့ပြီး တောထဲကိုတစတစနဲ့ ဝင်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ လမ်းမှာ လမ်းပျောက်နေတဲ့ ခရီးသွားဖော်မိန်းမချောလေး ၂ယောက်နဲ့ တွေ့မိခဲ့ပြီး လမ်းပြခဲ့ကာအာရွန်တယောက် ခရီးကိုဆက်ခဲ့ပါတယ်ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကံဆိုးမှုတစ်ခုကြောင့် အာရွန်တယောက်လျှိုထဲကို ချော်ကျသွားခဲ့ပြီး လက်က ကျောက်ဆောင်ကြားထဲကို ညှပ်သွားပါတော့တယ် ကဲ အာရွန်တယောက်သူ့လက်ထဲမှာရှိတဲ့ခရီးသွား အသုံးအဆောင်ပစ္စည်းလေးတွေနဲ့လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါ့မလားဘယ်လိုများလွတ်မြောက်သွားမလဲအစာငတ်ရေငတ်နဲ့ ဒီ ၁၂၇ နာရီကိုကောတောထဲမှာတယောက်ထဲဘယ်လိုများဖြတ်သန်းခဲ့သလဲဆိုတာကိုတော့ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ :D 
movie

127 Hours (2010)

2010