Channel Myanmar

Sean Patrick Thomas

[18+] Cruel Intentions (1999) 6.8
[18+] Cruel Intentions (1999) Cruel Intentions (1999)~ IMDb - 6.8/10, Rotten Tomatoes - 54% ~1782 ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ဝတ္ထုတိုတစ်ပုဒ်ကို မှီငြိမ်းရိုက်ခဲ့တဲ့ ဒီဇာတ်ကားဟာ အစကတော့ Low Budget ရုပ်ရှင်တစ်ကားအနေနဲ့သာ ထုတ်ဖို့ရည်ရွယ်ခဲ့ကြပေမဲ့ ရုံဝင်ငွေ အမြတ်တွေ အတော်ရပြီး အကြီးအကျယ်ပေါက်ခဲ့သလို Cult Classic ရုပ်ရှင်တစ်ကားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီထဲမှာ ပါတဲ့သူတွေကတော့ ရုပ်ရှင်ဝါသနာအိုးတွေ ရင်းနှီးနေပြီးသားဖြစ်မယ့်သူတွေချည်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောရအောင်ဗျာ...ဆီဘက်ရှန်နဲ့ ကတ်သရင်းဆိုတာ အဖေမတူအမေကွဲ ငြိတိတိ ချိတ်တိတ်တိတ် မောင်နှမတွေပေါ့။ နှစ်ယောက်လုံးက ခပ်ဟော့ဟော့နဲ့ စားဘဲကြီးစားစော်ကြီးတွေ အသီးသီးလုပ်နေကြတာပေါ့။ ဆီဘက်ရှန်ဘဝမှာ မအောင်မြင်သေးတဲ့ ပန်းတိုင်ကတော့ ကတ်သရင်းပါပဲ။ ကတ်သရင်းကလည်း ဆီဘက်ရှန် သူ့ကို လိုချင်မှန်းသိတော့ မထိတထိ ကလူသလို လူကိုမြူဆွယ် ကျီစယ်နေကျပါပဲ။ တစ်ရက်မှာတော့ အရမ်းရိုးသားဖြူစင် ဗိုင်းကောင်းကျောက်ဖိကောင်မလေးတစ်ယောက်ကို ဆီဘက်ရှန်တစ်ယောက် ...
movie

[18+] Cruel Intentions (1999)

1999
Dracula 2000 (2000) 4.9
Dracula 2000 (2000) Dracula 2000 (2000)မက်သရူး ဗန်ဟယ်ဆင်းဆိုတဲ့ အဖိုးကြီးက လန်ဒန်မှာ ရှေးဟောင်းပစ္စည်းပြခန်းဖွင့်ထားပြီး အနုပညာပစ္စည်းတွေစုဆောင်း ရောင်းဝယ်ပါတယ်။ နတ်ရွှေသိုးအရေခွံလိုမျိုး ဘာသာရေးနဲ့ပတ်သက်တဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပြခန်းအောက်က လျှို့ဝှက်မြေအောက်ခန်းထဲမှာ သိမ်းထားပါတယ်။ တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှုးဖြစ်တဲ့ ဆိုလီနာက အပြင်က သူ့လူနဲ့ပေါင်းပြီး လျှို့ဝှက်ခန်းကိုဖောက်ထွင်းကာ ပစ္စည်းတွေခိုးဖို့လုပ်ကြပါတယ်။ သူတို့လိုချင်တာက ရွှေငွေတွေဖြစ်ပေမဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ ပွက်လောရိုက်ကြပါတယ်။ဒီလိုနဲ့ အခန်းတစ်ခုထဲကိုရောက်တော့ ငွေခေါင်းတလားတစ်လုံးကိုတွေ့လိုက်ရပါတယ်။ အပြည့်ပိတ်ထားပြီး ဖွင့်စရာနည်းလမ်းရှာမတွေ့တဲ့ အဲဒီအခေါင်းထဲမှာ အဖိုးကြီးရဲ့ ရွှေငွေမှန်သမျှကိုထည့်ထားလိမ့်မယ်လို့ ထင်ပြီး သူခိုးတစ်သိုက်က အခေါင်းကို ဖျောင်ပြီး လေယာဉ်ပေါ်တင်သွားကြပါတယ်။အခေါင်းကိုဖွင့်ဖို့ကြိုးစားတဲ့သူရဲ့သွေးတွေက အခေါင်းထဲကိုစီးဝင်သွားရင်းနဲ့ အထဲမှာရှိတဲ့ Dracula ကို ပြန်အသက်သွင်းမိသွားပါတယ်။ Dracula က သူခိုးတစ်သိုက်လုံးကို တိုက်ခိုက်လိုက်လို့ လေယာဉ်လည်းပျက်ကျသွားပါတယ်။တစ်ဖက်မှာတော့ အဖိုးကြီး မက်သရူးက ငွေခေါင်းတလားခိုးခံလိုက်ရတာကိုသိတာနဲ့ အသက်ဝင်လာမယ့် Dracula ကိုလိုက်ရှင်းဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ သူကတကယ်တော့ Dracula ဆီကသွေးတွေကိုယူပြီး သူ့ခန္ဓာကိုယ်ထဲထိုးသွင်းရင်းနဲ့ အသက်ရှည်အောင်နေလာခဲ့တဲ့သူပါ။ ...
movie

Dracula 2000 (2000)

2000
The Curse of La Llorona (2019) 5.7
The Curse of La Llorona (2019) လာယိုရို့နာရဲ့ကျိန်စာ ဆိုတဲ့ သရဲကားကို တင်ပေးထားပါတယ်ဒီကားလည်း Conjuring, Anabelle universe မှာ ပါဝင်ပါတယ်။လာယိုရို့နာဆိုတာ မက္ကဆီကိုက သိပ်ကိုချောမောတဲ့ မိန်းမလှလေးပါ။သူ့ခင်ပွန်းရဲ့ဖောက်ပြန်မှုကြောင့် ကလေးနှစ်ယောက်ကို ရေနှစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း ရေထဲခုန်ဆင်းသွားခဲ့ရတယ်။အဲဒီ အစွဲနဲ့အကုသိုလ်ကြောင့် မိစ္ဆာဝိညာဉ်ဖြစ်လာပြီး သူ့ကလေးတွေအဖြစ်အစားထိုးဖို့ ကလေးတွေရဲ့ အသက်ကို လိုက်နှုတ်ယူနေတာပါ။အင်္ဂလိပ်စာတန်းမထွက်သေးတာကြောင့် ဘာသာပြန်ဖို့ လေးငါးကြောင်း ကျန်နိုင်ပါတယ်။ဒါပေါမယ့် ကြည့်လို့နားလည်မှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (800 MB) and (400 MB) Quality : HCHDRip 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.KORSUB.HDRip.x264.AAC2.0-STUTTERSHIT Translated by Littleneo Encoded by THZ
movie


2019
The Fountain(2006) 7.3
The Fountain(2006) The Fountain(2006)IMDb....7.3ဒီကားကိုဒေါင်းမကြည့်ခင်ပြောလိုတာကတော့ Pulp Fiction (1994) နဲ့ Memento (2000)သဘောကျတဲ့သူဆိုရင်တော့  ဒီကားကိုဒေါင်းကြည့်ပါလို့ပြောချင်တယ်... ကျွန်တော်ပြောတဲ့ကားတွေကိုသဘောမကျဘူးဆိုရင်ဒေါင်းမကြည့်ပါနဲ့... ခင်ဗျားတို့အတွက် ဘာကားကြီးမှန်းမသိဘူးလို့ စိတ်ပျက်လက်ပျက်ရေရွတ်မိလိမ့်မယ်...အထက်ပါပြောတဲ့ကားတွေလို  ခမ်းနားလားမခမ်းနားလားမသိပေမယ့် concept တွေချိတ်ဆက်တဲ့နေရာမှာတော့တော်တော်ကြီးကို မိုက်တယ်...ဇာတ်လမ်းကတော့  Tommy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ နေ့ရှိသမျှ ဓာတ်ခွဲခန်းထဲမှာပဲကုန်ဆုံးနေတယ်...ဘာကြောင့်လဲဆိုတော့   အဆိုးဆုံးအဆင့်ရောက်ရှိတဲ့cancer ရောဂါသည် သူ့မိန်းမကို ကုသနိုင်ဖို့အတွက်ကုထုံးကိုအဖြေရှာနေလို့ပါ.....ဇနီးဖြစ်သူက သေခြင်းတရားကိုလက်ခံနိုင်ပေမယ့် သူကတော့ ကမ္ဘာဆုံးထိဖြေရှင်းစရာနည်းလမ်းကိုရဖို့ ကြိုးစားမယ့် လူတစ်ယောက်လိုပါပဲ...ကိုင်း သူအဖြေရှာနိုင်မလား....ကျွန်တော့်တို့ရဲ့ X Men မင်းသားကြီး Hugh Jackman ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆု(၉)ဆုအခြားဆန်ကာတင်(၃၄)ဆုလည်းရရှိထားပါတယ်...ခံစားကြည့်လိုက်ပါဦး ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett May ဖြစ်ပါတယ်...File Size : (1.85GB) ,(830MB)and (380 MB) Quality : BluRay 1080p 5.1CH, Blu-Ray 720p Format…mp4 Duration…01:36:00 Genre :  Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Scarlett May Encoded by Phyo Pyae
movie

The Fountain(2006)

2006
Barbershop: The Next Cut (2016) 5.9
Barbershop: The Next Cut (2016) စီးပွားရေးပျက်ကပ်ဆိုက်သလိုဖြစ်လာတော့ ကယ်ဗင်နဲ့ အန်ဂျီဟာ တစ်နေရာထဲမှာပဲ ဆိုင်နှစ်ခုဖွင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ် Beauty Salon နဲ့ ဆံပင်ညှပ်ဆိုင်ပေါ့ နောက်တော့ ဆံပင်ညှပ်ဆိုင်က ဝန်ထမ်းကောင်လေးတွေနဲ့ စလွန်းက ကောင်မလေးတွေ အိုးချင်းထား အိုးချင်းညှိပြီး အရှုပ်အထွေးတွေနဲ့ ခွဲခွာသွားကြတော့တယ် ဒါပေမယ့်လည်း ချီကာဂို ဂိုဏ်အချင်းချင်းကြားက စစ်ပွဲတွေဖြစ်လာတော့တဲ့အခါ သူ့အချစ်ဆုံးသားကို စိုးရိမ်နေတဲ့ ကယ်ဗင်ဟာ နေရပ်ဆီ ပြန်လာခဲ့ပြီး သူငယ်ချင်းတွေနဲ့ အတူတူ ကျော်လွှားရပါတော့တယ်... Rotten Tomatoes 90% Metacritic 67/100 CinemaScore A- ဒီကားကတော့ Barber Shop Film Series တွေထဲကမှ လေးကားမြောက်ကားဖြစ်ပြီ; ၂၀၀၄က ထွက်ခဲ့တဲ့ Barber Shop 2: BAck in Business ရဲ့ အဆက်ဖြစ်တယ် အရင်တုန်းကားတွေတုန်းက ပါခဲ့တဲ့ သရုပ်ဆောင်တွေ အထူးသဖြင့် လူမည်းမင်းသားတွေ သူတို့တွေ အကုန်ပြန်ပါလာတယ် Ice Cubeတို့ Cedric the Entertainerတို့လိုပေါ့ ပြောရသေးရင် နာမည်ကျော်တွေ ထပ်ပါလာသေးတယ် Nicki Minaj နဲ့ Tyga တဲ့ လူမည်းတွေချည်းဆိုတော့လည်း တစ်ခြား ဘာနဲ့မှ မတူတဲ့ အသုံးအနှုန်းဟာသတွေကို တစ်ဝကြီးခံစားရပါလိမ့်မယ် ဝေဖန်ရေးတွေရဲ့ ချီးကျူးမှုတစ်ချို့ကို ခံခဲ့ရတဲ့ ဒီကားဟာ ...
movie

Barbershop: The Next Cut (2016)

2016