Channel Myanmar

Senan Jennings

Vivarium (2020) 6.1
Vivarium (2020) Sci-fi / Thriller ကားကောင်းကြိုက်သူများအတွက် လတ်တလောထွက်ထားပြီးNow you see me တို့ Zombie Land တို့ထဲကမင်းသား Jesse Eisenberg ပါဝင်ထားတဲ့ကားလေး။လူငယ်စုံတွဲ တတွဲက အတူနေဖို့အိမ်လေး တအိမ်ကိုလိုက်ရှာနေခဲ့တယ်။အိမ်ရာစျေးနှုန်းတွေကလည်း သိတဲ့အတိုင်း တဖြည်းဖြည်းမြင့်တက်လာနေတယ်။အသိတယောက်ကလည်း အိမ်ရာကောင်းကောင်းတွေ့ရင်လက်မနှေးဖို့ ရတုန်းယူထားဖို့အကြံပေးသွားသေးတယ်။အဲနေ့ညနေမှာပဲ သူတို့စုံတွဲက အိမ်ရာတွေရောင်းတဲ့နေရာမှာအိမ်ခြံမြေအကျိုးဆောင်နဲ့ သွားတွေ့ ခဲ့ကြတယ်။အကျိုးဆောင်ပုံစံကတော့ တမျိုးကြီးပဲ။ထောင့်မကျိုးတာလည်း မဟုတ် ရိုင်းစိုင်းတာလည်းမဟုတ်တမျိုးကြီးဖြစ်နေပေမယ့် အပြောကောင်းတော့သူတို့အိမ်ရာကို ပုံထဲတင်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။အကျိုးဆောင်အပြောအရ နေရာကလည်းအဆင်ပြေမယ့်ဆင်ခြေဖုံးနေရာအိမ်ရာတွေကိုလည်း လူတွေကဝယ်ပြီး နေရာရွှေ့လာကြတော့မှာ။အိမ်ရှာနေတာလည်း ကြာနေပြီမလား။အဆင်ပြေရင်တော့ ဝယ်လိုက်ကြမယ်စိတ်ကူးနဲ့ပေါ့။အဲလိုနဲ့ သူတို့အိမ်ရာတွေဆီသွားခဲ့ကြတယ်။အိမ်တွေကတော့ ပုံစံတူတွေပဲ။အဲလိုနဲ့ သူတို့ကြည့်ရမယ့် အိမ် ...
movie

Vivarium (2020)