Channel Myanmar

Sharat Saxena

Jai Mummy Di (2020)
Jai Mummy Di (2020) Jai Mummy Di (2020) ရန်ငြိုးကြားကအချစ် Comedy/ Romanceဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။လူနှစ်ယောက် ပေါင်းဖက်ကြပြီဆိုရင် နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကလည်း ပေါင်းစပ်ကြရတာပါ။ဒီကားထဲမှာတော့ ပူနိနဲ့ ဆန်ဂ်ျတို့နှစ်ဦးဟာ ကမ္ဘာ့ရန်ဘက်မိသားစုတွေဖြစ်ကြပေမယ့် လူငယ်သဘာဝ ချစ်မိသွားကြပါတယ်။ အမေတွေရဲ့ရန်ငြိုးကြောင့် နှစ်ဦးသားပေါင်းဖက်ရဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုပါပဲ။ဒီလိုတွေကြောင့် ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်ကြတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ချစ်လျက်နဲ့လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦး ပြန်ပေါင်းထုတ်ဖို့ကြံတဲ့အခါ... ဒီတစ်ခါမှာတော့ သူတို့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့အတွက် အမေတွေရဲ့မပြီးဆုံးနိုင်တဲ့ရန်ပွဲကို အဆုံးသတ်လိုက်ဖို့ ကြံစည်တဲ့အခါ...သူတို့နှစ်ဦးရဲ့ အချစ်ခရီးကဖြောင့်ဖြူးနိုင်မလား...ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.9GB / 856MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jai Mummy Di (2020)

2020
Bajrangi Bhaijaan (2015) 8.1
Bajrangi Bhaijaan (2015) Bajrangi Bhaijaan (2015) ------------------------------ မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။  IMDb Rating  8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ...
movie

Bajrangi Bhaijaan (2015)

1080p Untouched
Phir Hera Pheri (2006) 7.1
Phir Hera Pheri (2006) Phir Hera Pheri (2006) Comedy, Crime IMDb 7.1/10 (24K)ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေလောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ်နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Phir Hera Pheri (2006)

Saathiya (2002) 6.8
Saathiya (2002) IMDb rating - 6.8/10မင်းသား Vivekနဲ့ မင်းသမီးRani Mukerjiတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားရှရွတ်ခန်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ အာဒီတီနဲ့ ဆူဟာနီတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်...သူတို့နှစ်ယောက်ဟာ လူငယ်သဘာဝချစ်ကြိုက်မိကြပြီး မိဘချင်းသဘောမတူတဲ့ကြားက လူကြီးတွေမသိအောင် ခိုးပြီးလက်ထပ်ထားကြပါတယ်... အဲ့ဒီလက်ထပ်ပွဲအကြောင်းကို မိဘတွေသိသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ... အချစ်စိတ်နဲ့လက်ထပ်ခဲ့ကြတဲ့လူငယ်တွေ လောကဓံတရားနဲ့ ကြုံတွေ့ရတဲ့အခါ ခံနိုင်ရည်ရှိပါ့မလား ...ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦးရှင် File size…3GB  / 1.4GB Quality…1080p AMZ WEB DL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Honeyey
movie

Saathiya (2002)

2002