Channel Myanmar

Sharib Hashmi

Tarla (2023) 7.0
Tarla (2023) Tarla(2023)CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့ ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့ ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။ သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့ ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့ ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့ နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ...
movie

Tarla (2023)

2023
Shiv Shastri Balboa (2023) 6.7
Shiv Shastri Balboa (2023) Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Dramaမင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ ‌လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL
movie

Shiv Shastri Balboa (2023)

Afwaah (2023) 5.2
Afwaah (2023) Afwaah (2023) ********************* IMDb-5.2/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ.....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.78GB / 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~BpL~ThaikSan
movie

Afwaah (2023)

2023
Vikram Vedha (2022) 7.1
Vikram Vedha (2022) Vikram Vedha (2022)ကဲ ဒီကားကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုဘူးထင်ပါတယ် သူ့အရင်ထွက်ထားတဲ့ တောင်ပိုင်းကားကလည်း အတော်ပေါက်ခဲ့တာဆိုတော့...။ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေဖြစ်ကြတဲ့ ရီသစ်ရိုရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က အဓိကပါဝင်အားပြိုင်ထားပေးကြပြီး မင်းသမီးရာဒီကားအာပ်တေးက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းကတော့ ရဲနဲ့ ဂိုဏ်းစတားအားပြိုင်တဲ့ကား...။ဒါပေမဲ့ ဇာတ်လမ်းလေးက ဆန်းတယ်...။ဗစ်ကရမ်...။ သူဟာ ဖြောင့်မတ်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားမြင်ရင် လက်ရွံ့တွန့်ဆုတ်မနေတတ်ဘဲ လက်ရဲဇက်ရဲနိုင်တဲ့ ဌာနဆိုင်ရာ အားကိုးရတဲ့ရဲတစ်ယောက်...။ဗေဒါး...။ သူဟာလည်း လက်ခနောင်းမြို့တခွင်မှာ ဒိတ်ဒိတ်ကြဲလူမိုက်ကြီးတစ်ယောက်ဖြစ်ပြီး ဘယ်သူမှမော်မကြည့်ရဲကြသလို မြို့နေပြည်သူတွေရဲ့ ချစ်ခြင်းကိုခံနေရတဲ့ ဂိုဏ်းစတားတစ်ယောက်...။လက်ခနောင်းမြို့နယ်အတွင်းက ဂိုဏ်းတွေအချင်းချင်း မသင့်မြတ်ကြရင်း သတ်ဖြတ်မှုတွေဖြစ်ပေါ်လာတော့ မြို့နေပြည်သူများဟာ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်...ဒီတော့ ဒီဂိုဏ်းတွေကို ရှင်းပစ်ဖို့ ရဲဌာနကနေ အထူးတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်တယ်..တပ်ဖွဲ့ရဲ့တာဝန်က ဒီရာဇဝတ်သားတွေကို လိုက်လံရှာဖွေသတ်ပစ်ဖို့ပဲအဲ့ဒီမှာပဲ ဗစ်ကရမ်နဲ့ ဗေဒါးဟာ ထိပ်တိုက်တွေ့ရဖို့ အကြောင်းဖန်လာပါတော့တယ်...ဆက်လက်ပြီး ဘယ်လိုတွေကြမ်းလာမယ့်အပြင် လှည့်ကွက်လေးတွေနဲ့ ကြည့်ရဦးမှာမို့ မပျင်းရစေမှာ အမှန်ပဲဖြစ်ပါတယ်...လူအယောက် 18Kလောက်က IMDb 7.1 vote ပေးထားတာဆိုတော့ ကြည့်လို့ကောင်းတဲ့ မှုခင်းအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…3.14GB  /  1.26GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~Thaik San
movie

Vikram Vedha (2022)

2022
Mission Majnu(2023) 9.3
Mission Majnu(2023) Mission Majnu (2023) Action, Drama, History IMDb 9.3/10 (5.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်ကားလေးမှာတော့ မင်းသားချောလေး ဆဒ်ဒါသ်မလိုသရားနဲ့ အားလုံးရဲ့အသည်းစွဲမင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားက အဓိကပါဝင်သရုပ်ဆောင်ပေးထားပြီး Netflix မှ Streaming လုပ်လာတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း အမေရိကန်ဟာ ဂျပန်ကို အဏုမြူဗုံးကြဲချလိုက်ပြီးနောက် စစ်ပွဲကာလကြီး ပြီးဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာပေါ်မှာ သူ့ထက်ငါအပြိုင် နျူးကလီးယားဗုံးတီထွင်ဖို့ လုပ်လာကြပါတယ်။ဒီထဲမှာမှ အရှေ့တောင်အာရှတိုက်အတွင်း အိန္ဒိယနိုင်ငံဟာ ၁၉၇၄ခုနှစ် မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ နျူးကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဟာလည်း အလားတူ နျူးကလီးယားဗုံးမျိုးကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ အိန္ဒိယနိုင်ငံဟာ တရားမဝင် စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဝန်းရှုတ်ချခိုင်းနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ တစ်ဖက်မှာလည်း ကမ္ဘာကြီးမသိအောင် နျူးကလီးယားအစိတ်အပိုင်းတွေကိုမှောင်ခိုတင်သွင်းနေပါတော့တယ်။ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဟာလည်း ပါကစ္စတန်နိုင်ငံထဲ သူလျှိုတွေလွှတ်ပြီး ဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးရပါတော့မယ်။ကဲ ဆက်လက်ပြီး ဒီစစ်ဆင်ရေးကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြတော့နော်...။ File size…1.69GB / 847MB Quality…1080p NF ...
movie

Mission Majnu(2023)

2023
Ujda Chaman(2019) 7.4
Ujda Chaman(2019) Ujda Chaman(2019)IMDb...7.4(unicode)တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ချာမန်ဟာ အသက်သုံးဆယ်အရွယ်လူပျိုကြီးတစ်ယောက်..သူ့မှာအိမ်ရှိတယ် မိသားစုကောင်းတယ် ...အစိုးရအလုပ်လဲရှိတယ်... ရုပ်ရည်လဲရှိတယ်... ဒါပေမယ့်..မရှိသေးတာက မိန်းမဖြစ်နေတယ်.... သူကိုယ်တိုင်ကလည်း အိမ်ထောင်ဖက်ချစ်သူကို အရမ်းလိုအပ်နေပေမယ့် သူ့မှာဖျက်နေတာတစ်ခုက ထိပ်ပြောင်နေတာပါဘဲ..သူ့ရဲထိပ်ပြောင်မှုကြောင့် ဘယ်မိန်းကလေးမိသားစုကမှ လက်မခံကြဘူး..တစ်နေ့တော့အွန်လိုင်းပေါ်ကနေ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ချိန်းခဲ့ကြတယ်..ထိပ်ပြောင်လို့ အိမ်ထောင်ဖက် မရဘူးလို့ ဘယ်သူပြောလဲဗျာ.....လိုင်းပေါ်ကသိတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ ချိန်းလိုက်တယ်....အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပဲ... ဘယ်လို အလွဲတွေနဲ့ ခွီးနေရမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး.... အိန္ဒိယ ဟာသဇာတ်မြူးကားကောင်းမို့ ဆက်လက်ကြည့်ရှုကြပါကုန်... IMDb ...7.4 လည်းရရှိထားပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....(zawgyi) တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ချာမန်ဟာ အသက်သုံးဆယ်အရွယ်လူပျိုကြီးတစ်ယောက်..သူ့မှာအိမ်ရှိတယ် မိသားစုကောင်းတယ် ...အစိုးရအလုပ်လဲရှိတယ်... ရုပ်ရည်လဲရှိတယ်... ဒါပေမယ့်..မရှိသေးတာက မိန်းမဖြစ်နေတယ်.... သူကိုယ်တိုင်ကလည်း အိမ်ထောင်ဖက်ချစ်သူကို အရမ်းလိုအပ်နေပေမယ့် သူ့မှာဖျက်နေတာတစ်ခုက ထိပ်ပြောင်နေတာပါဘဲ..သူ့ရဲထိပ်ပြောင်မှုကြောင့် ဘယ်မိန်းကလေးမိသားစုကမှ လက်မခံကြဘူး..တစ်နေ့တော့အွန်လိုင်းပေါ်ကနေ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ချိန်းခဲ့ကြတယ်..ထိပ်ပြောင်လို့ အိမ်ထောင်ဖက် မရဘူးလို့ ဘယ်သူပြောလဲဗျာ.....လိုင်းပေါ်ကသိတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဖို့ ချိန်းလိုက်တယ်....အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပဲ... ဘယ်လို အလွဲတွေနဲ့ ခွီးနေရမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး.... အိန္ဒိယ ဟာသဇာတ်မြူးကားကောင်းမို့ ဆက်လက်ကြည့်ရှုကြပါကုန်... IMDb ...7.4 လည်းရရှိထားပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်....File Size : (900 MB) and (336 MB) Quality : WEB-DL 720p Format…mp4 Duration…02:00:00 Genre ...
movie

Ujda Chaman(2019)

Vodka Diaries (2018) 6.5
Vodka Diaries (2018) ဒီဇာတ်လမ်းလေးက စိတ်ဝင်စားစရာဇာတ်လမ်းပါပဲလို့ ပြောပါရစေ။အာရွှင်နီဆိုတဲ့ အေစီပီတစ်ယောက်ရယ်၊ ကဗျာဆရာမဇနီးရယ်၊ လူသတ်မှုတွေရယ်နဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ပြထားပါတယ်။အေစီပီရဲ့ ဇနီးဟာ နူးညံ့တဲ့ အနုပညာကို ဝါသနာကြီးပြီး လင့်အပေါ် ဖျစ်ညှစ်ပြီး နားလည်ပေးနေရသူပါ။ဇာတ်လမ်းအစမှာ အေစီပီဟာ အပန်းဖြေခရီးတစ်ခုကို ကဗျာကြိုက်တဲ့ ဇနီးနဲ့ အတူ ထွက်လာခဲ့ပါတယ်။မကြာမီမှာပဲ အေစီပီဟာ လူသတ်မှုတစ်ခုကို ကိုင်တွယ်ခဲ့ရတယ်။အဲ့ဒီအမှုကို လိုက်ရင်း လူသတ်မှု သုံးခု ဆက်တုက် ဖြစ်ပွားခဲ့တယ်။အေစီပီအာရွှင်နီလည်း ဒီအမှုတွေကို ကိုင်တွယ်ရင်း လူသတ်မှုတွေကို ကြိုးကိုင်သူဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။၎င်းဟာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အေစီပီရဲ့ ဇနီးကိုလည်း ပြန်ပေးဆွဲခေါ်ယူသွားပြီဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ဒီလိုနဲ့ အေစီပီဟာ ဇနီးကိုဖမ်းခေါ်သွားတဲ့ လူသတ်မှုတွေရဲ့ တရားခံကို လိုက်ရှာရင်းသူစစ်ဆေးဆဲ အလောင်းတွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ဖုန်းခေါ်ဆိုမှုတွေအရ သဲလွန်စတွေပေးရာမှာတော့.... ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ ပေါ်ထွင်လာပါတော့တယ် ။အဲ့ဒီအဖြစ်အပျက်၊လှည့်ကွက်တွေကတော့....... ။အလောင်းတွေ ဘယ်ရောက်သွားတာလဲ?အေစီပီရဲ့ ဇနီး ဘယ်ရောက်သွားလဲ?အေစီပီရဲ့ ဇနီးနဲ့ ဓာတ်ပုံအတူရိုက်ထားတဲ့ ...
movie

Vodka Diaries (2018)

2018