Channel Myanmar

Shashi Bhushan

All India Rank (2023) 6.6
All India Rank (2023) All India rankIMDb 7.2/10 Rotten Tomatoes 67%မြန်မာနိုင်ငံမှာ ဆယ်တန်းဖြေလို့မေဂျာရွေးတဲ့အခါ ဆေးကျောင်း၊ နည်းပညာတက္ကသိုလ်၊ UFL စသည်ဖြင့် ခေတ်စားကြသလိုပဲ အိန္ဒိယမှာလည်း IIT က ခေတ်စားတဲ့တက္ကသိုလ်တစ်ခုပါ။ဝင်ခွင့်ရဖို့အရေး အနီးကပ်သင်တန်းတွေတက်၊ အချိန်အကြာကြီးပြင်ဆင်ကြ၊ စာမေးပွဲတွေဝင်ဖြေကြနဲ့ တကယ့်ကို ကျောင်းသားလောကရဲ့ စစ်ပွဲတစ်ခုပါပဲ။ဒီကျောင်းသားတွေထဲမှာ ဗီဗက်ကလည်း တစ်ယောက်အပါအဝင်ပါပဲ။ သားဖြစ်သူပို ဖြစ်မြောက်စေချင်တဲ့ မိဘတွေရဲ့လမ်းညွှန်မှုနဲ့ မြို့ပေါ်က နာမည်ကြီးနည်းပြအတန်းကို ဝင်ခွင့်စာမေးပွဲဝင်ဖြေပြီးနောက် မြို့ပေါ်ကအဆောင်မှာ မအူမလည်နဲ့ကျန်ခဲ့ရတော့မဲ့ ဗီဗက်တစ်ယောက် သူသိထားတဲ့၊ သူမြင်ခဲ့ဖူးတဲ့ လောကနဲ့ကွာတဲ့ ပြင်ပလောကကို အဆောင်ကျောင်းသားဘဝမှာပဲ စကြုံလိုက်ရပါပြီ။စားပွဲပေါ်ထိုင်ပြီး ဘောပင်၊ စာအုပ်နဲ့တိုက်ရတဲ့ပွဲမှာ ၁၇ နှစ်အရွယ် မအူမလည်လေး ဗီဗက်တစ်ယောက် အဖေ့ရည်မှန်းချက်အတိုင်းပဲ အောင်မြင်ပြီး တက္ကသိုလ်တက်ခွင့်ရနိုင်သွားမလား။ ဒါမှမဟုတ် သူဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခုရှာတွေ့ပြီး ကိုယ်ထင်ရာလမ်းကို လျှောက်ဖြစ်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။ File size…1.8GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar ...
movie

All India Rank (2023)

2024
Khufiya (2023) 6.1
Khufiya (2023) Kufiya (2023)IMDb-6/10ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီး အချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီး မိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ်Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့ Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလို ဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေ အလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ် ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲဇာတ်လမ်းအညွှန်းကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီး စပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ်ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ် ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ်ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်း သူ့ကိုသိသွားကြမှန်းသိ‌တာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲ ဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ်စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့.... ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့... ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာ မင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ ...
movie

Khufiya (2023)

2023
4K HEVC