Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Shena Gamat
8.0
Dev.D(2009)
Dev.D(2009)IMDb 8/10ဒေ့ဗ်၊ ပါရိုနဲ့ ချန်ဒရာမူခီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဘောလီဝုဒ်ဖန်တိုင်း ရင်းနှီးကြမှာပါဘာကြောင့်လဲဆိုတော့ ကင်းခန်းကြီးနဲ့ အရှ်တို့ရဲ့ ဂန္တဝင်ကားကောင်းကြီးတစ်ကားဖြစ်တဲ့ Devdas ကို လူတိုင်းကြည့်ဖူးကြလို့ဖြစ်ပါလိမ့်မယ်ဒီဇာတ်လမ်းကလည်း ထိုနည်းလည်းကောင်းပါပဲဒေ့ဗ်နဲ့ ပါရိုဟာ အင်မတန်သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းငယ်ချစ်တွေပေါ့ တစ်ယောက်စီရဲ့ အချစ်ဦးတွေလိုဆိုရလိမ့်မယ်ဒါပေမဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ဒေ့ဗ်နဲ့ပါရိုဝေးကွာသွားခဲ့တယ်ပါရိုနဲ့ဝေးသွားခဲ့တဲ့ဒေ့ဗ်ဟာ သူ့ဘဝသူ အရှုံးပေးကာ ဖြစ်သလိုနေ သွားချင်ရာသွား လာချင်ရာလာနေခဲ့ပြီး ချန္ဒရာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်ဒီအချိန်မှာတော့ ဒေ့ဗ်ရဲ့အချစ်ရေး ဘယ်လိုဖြစ်သွားမလဲ ...ဂန္တဝင်ကားကြီး Devdas ဟာဆိုရင် IMDb 7.5/10 အထိရရှိထားပါတယ်ဒါပေမဲ့ ဒီ Dev.D ကတော့ IMDb 8/10 အထိတောင်ရရှိထားပါတယ်ဘာကြောင့်လဲဆိုတော့ ဘောလီဝုဒ်ရဲ့ မာတင်စကော့ဆေးလို့ တင်စားခေါ်ကြတဲ့ ဒါရိုက်တာကြီး အနျူရက်ကရှ်ယက်ကြောင့်ပါသူ့ကားတွေတိုင်းဟာ အင်မတန်ကို လက်တွေ့ဆန်မှုကိုအခြေခံထားလို့ပါပဲယခုဒီဇာတ်ကားဟာလည်း အေဆင်ဆာ (Adult Only Video) ဖြစ်သောကြောင့်အသက်မပြည့်သေးသူများ၊ ကလေးသူငယ်များ၊ မိသားစုနဲ့အတူကြည့်ရှု့ရန်မသင့်တော်ပါဘူးစကားလုံးတွေဟာ လက်တွေ့ကျကျကြမ်းတမ်းပြီး အရက်သေစာသောက်စားမှုတွေ မူးယစ်ဆေးသုံးစွဲမှုတွေ တသီကြီးပါဝင်လို့ပါပဲသမာရိုးကျဘောလီဝုဒ်ကားတွေကို ရိုးအီနေပြီဆိုရင် ဒီကားလေးမြည်းကြည့်လှည့်ပါသူမတူတဲ့ရသတစ်ခုပေးစွမ်းပါလိမ့်မယ်"ဒေ့ဗ်တိုင်းဟာ ပါရိုကိုပဲ သေသည်အထိချစ်သွားရမှာလားဒါမှမဟုတ် ချန်ဒရာမူခီးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလို့ရော မရနိုင်လို့လားဗျာ"ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်.... File Size : ...
movie
Dev.D(2009)