Channel Myanmar

Shi Xuanru

Doll Bride ( 2024 ) 5.9
Doll Bride ( 2024 ) ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီး လှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာ မြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာ လှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားက အမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာက တစ္ဆေမင်္ဂလာဆောင်မှဆိုတော့ ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲက တကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။ သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီး မင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့...တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရော ဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK
movie

Doll Bride ( 2024 )

King of Adventure: Golden Jade Plate ( 2024 ) 5.7
King of Adventure: Golden Jade Plate ( 2024 ) မင်ခေတ်နှောင်းပိုင်းမှာ တော်ဝင်မျိုးနွယ်တွေဟာ သူတို့အာဏာကျဆုံးပြီးလို့ယူဆတဲ့အတွက် ရွှေငွေရတနာတွေကိုစုစည်းပြီးတော့ ဖွက်ထားလိုက်ကြတယ်။ တကယ်လို့မန်ချူးတွေဝင်လာရင်လဲ သူတို့သုံးဖို့ရမယ်။ တကယ်လို့ မင်မင်းဆက်ကြီးပျက်သုန်းသွားတယ်ဆိုရင်လဲ အဲဒီရတနာတွေနဲ့ပြန်လည်ထူထောင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။မန်ချူးခေတ်နှောင်းပိုင်းမှာ အဲဒီရတနာတွေကိုသွားရှာခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဂျပန်ခေတ်ရောက်လာတဲ့အချိန်မှာ အဲဒီရတနာသိုက်အကြောင်းကို သိသွားတဲ့ဂျပန်တွေက အဲဒီရတနာသိုက်ကိုလုယူနိုင်ဖို့ကြိုးစားလာပါတယ်။ ရတနာသိုက်မြေပုံကို ရွှေချည်ရေးတဲ့ကျောက်စိမ်းပန်းကန်ပြားထဲမှာ ထည့်သွင်းထားတယ်လို့ဒဏ္ဍာရီရှိပေမယ့် ဘယ်ကနေဘယ်လိုအစဖော်မှန်းမသိဖြစ်နေကြတယ်။တရုတ်နိုင်ငံကလဲတော်လှန်ရေးအပြီးကာလပြန်လည်ထူထောင်ဖို့လိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ရတနာတွေကို ဂျပန်လက်မရောက်အောင် အရင်ဦးအောင် ရတနာတွေကိုရှာဖွေတဲ့ စွန့်စားခန်းဖွင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဂျပန်တွေရဲ့ရန်ကနေဘယ်လိုကာကွယ်ပြီး ပဟေဠိတွေအထပ်ထပ်ကိုဘယ်လိုဖော်ကြမလဲ ..... နှစ်ရာချီကြာခဲ့ပြီဖြစ်တဲ့ ဒဏ္ဍာရီထဲကရတနာသိုက်ကရော တကယ်ရှိပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

King of Adventure: Golden Jade Plate ( 2024 )

League of Gods: Zhou Destruction I (2023) 6
League of Gods: Zhou Destruction I (2023) ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။ Quality ...
movie

League of Gods: Zhou Destruction I (2023)

The Yin Yang Crossover Man ( 2023 ) 5.9
The Yin Yang Crossover Man ( 2023 ) CM ရဲ့ ပရိတ်သတ်တွေအတွက် သည်းထိတ်ရင်ဖိုဖြစ်စေမဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အလောင်းဆယ်သူ ယန်ဟွမ်နဲ့ ဆရာဖြစ်သူ လောင်ကျန်းတို့ဟာ ထျန်းဆွေရွာမှာ အလောင်းဆယ်ဖို့အတွက် ရောက်လာခဲ့ပါတယ်။ သို့သော် ထိုအလောင်းကို ဘယ်လိုပဲ ရှာပါစေ မြစ်ထဲမှာ မတွေ့ဘူး ဖြစ်နေပါတယ်။ရွာသားတွေကတော့ သေဆုံးသူ လင်ယွိဟာ မြစ်နတ်ရဲ့ သတို့သမီးအဖြစ် ရွေးချယ်ခံရတဲ့အတွက် မြစ်ထဲကျသွားခဲ့တယ်လို့ ပြောကြပါတယ်။ လင်ယွိရဲ့ သူငယ်ချင်းဖြစ်သူ သတင်းထောင်လင်ယောင် ကတော့ အယူသီးမှုတွေကို လက်မခံသူဖြစ်ပါတယ်။ယန်ဟွမ်နဲ့ လင်ယောင်တို့နှစ်ယောက် လင်ယွိရဲ့ သေဆုံးမှုကို လိုက်လဲစုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သူတို့အဖေတို့ လုပ်ခဲ့တဲ့ ပြစ်မှုကြီးကို သိသွားတဲ့အခါ......ရွာထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မတရားမှုကိုရော သူတို့ ဖော်ထုတ်နိုင်ပါ့မလား...... ဆိုတာကို သည်းထိတ်ရင်ဖိုရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , ...
movie

The Yin Yang Crossover Man ( 2023 )

Detective Dee and Dragon Hidden Lair ( 2023 ) 6.1
Detective Dee and Dragon Hidden Lair ( 2023 ) စုံထောက်ကြီးဒီး(ဒီးရန်ကျယ်) ရဲ့ စွန့်စားခန်း အမှုစစ်ဆေးရေး ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM က ပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ စွန့်စားခန်း ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ။ထန်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ အကျင့်သီလနဲ့ ပြည့်စုံတဲ့ မင်းကြီးနဲ့ ဘုရင်မကြီးတို့ကြောင့် လော့ယန်တစ်မြို့လုံး စီးပွားလာဘ်လာဘတွေ တိုးတတ်ပြီး အေးအေးချမ်းချမ်းရှိနေခဲ့ပါတယ် ။ ဒါပေမဲ့ တစ်နေ့မှာတော့ လော့ယန်မှာ ထူးဆန်းလှတဲ့ အမှုကိစ္စတွေက ထွက်ပေါ်လို့လာခဲ့ပါတော့တယ် ။ ၎င်းကတော့ ပြည်သူတွေရဲ့ ရေကြောင်းစောင့်ကြပ်ရေးတပ်ဖွဲ့ဟာ မြစ်လည်ခေါင်မှာ အမည်မသိ လူသတ်သမားရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး တစ်ဖွဲ့လုံးအသက်ရှင်ကျန်ရစ်သူမရှိ သေဆုံးသွားခဲ့တာပါ ။ ပြည်သူတွေလဲ ဒီသတ်ဖြတ်မှုကြီးကြောင့် ထိတ်လန့်တစ်ကြားဖြစ်နေပြီးတော့ တလီဘုရားကျောင်းတော်မှ စုံထောက်ကြီးဒီးနဲ့ သူ့ရဲ့ အပေါင်းအပါတွေက ဒီအမှုကို စုံစမ်းဖို့ စတင်လုပ်ကိုင်ခဲ့ကြပါတယ် ။သဲလွန်စ တစ်ခုခြင်းစီနောက်ကိုလိုက်ရင်း ❏ စုံထောက်ကြီးဒီးနဲ့ အပေါင်းအပါတွေ ဒီအမှုကြီးကို ဘယ်လိုတွေ ဆက်လက်စုံစမ်းမှာလဲ ? ❏ အမှုစုံစမ်းနေစဥ်အတွင်းမှာ ဘယ်လိုထူးဆန်း တုန်လှုပ်ဖွယ်ရာ အကြောင်းအရာတွေကို တွေ့ရှိရမလဲ ? ❏ စုံထောက်ကြီးဒီးတစ်ယောက် အဖြစ်မှန်ကို ရှာဖွေကာ ထန်မင်းဆက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ...
movie

Detective Dee and Dragon Hidden Lair ( 2023 )

Beauty Dart ( 2022 )
Beauty Dart ( 2022 ) ဒီဇာတ်ကားလေးဟာဆိုရင် သူရဲကောင်း မိန်းမလှလေး လေးယောက် ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး တာဝန်တွေကိုယ်စီထမ်းရွက်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းလေးကတော့ -တိုင်းပြည်ရဲ့ အခြေအနေ မတည်မငြိမ်ဖြစ်နေချိန်....! ဝိဉာဥ်ဂိုဏ်းရဲ့ လက်ရှိဧကရာဇ်ဟာ အသတ်ခံရပြီး အိမ်ရှေ့စံလေးဟာ ပျောက်ဆုံးလို့နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သေချာလေ့ကျင့်ထားတဲ့ သစ္စာခံအဖွဲ့တစ်ဖွဲ့ဟာ လျှို့ဝှက်ရတနာမြေပုံကို ယူဆောင်ပြီး တာဝန်တစ်ခုလုပ်ဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် မိန်းမလှလေး(၄)ယောက် တွေ့ဆုံမိပြီး ပေါင်းမိသွားကြတဲ့ အခါ...? အဲဒီ သစ္စာခံထားတဲ့ သူရဲကောင်းအဖွဲ့ထဲမှာ အိမ်ရှေ့စံကိုယ်တိုင် ပါဝင်နေတဲ့အခါ....?❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ သူတို့ တွေ့ကြုံရမလဲ? ❏ သူတို့ ယူဆောင်လာတဲ့ လျှို့ဝှက်ရတနာမြေပုံကရော ဘယ်လိုတွေ အရေးကြီးသလဲ ? ❏ အိမ်ရှေ့စံမင်းသားတစ်ယောက် သစ္စာခံ မိန်းမလှလေးတွေတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုအတွက်ဘယ်လိုမျိုး ပြန်လုပ်ပေးမလဲဆိုတာ ? ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ သိုင်းလောကရဲ့ ဂိုဏ်းတွေပါ ပါတာမို့ ဓားသိုင်းယှဥ်တာတွေ သိုင်းလောကရဲ့ အရှုပ်အထွေးတွေ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဒီဇာတ်ကားလေးကိုနှစ်သက်မယ်လို့ထင်ပါတယ် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie

Beauty Dart ( 2022 )

Rising Boas in a Girl’s School ( 2022 ) 6.3
Rising Boas in a Girl’s School ( 2022 ) ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် Horror, Thrillerကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။မြို့အစွန်အဖျား တောင်ကုန်တွေကြားမှာ လျှို့ဝှက်မြွေမွေးမြူတဲ့စခန်းတစ်ခုရှိပြီး တရားမဝင်ဟော်မုန်းဆေးတွေ တိုက်ကျွေးမွေးမြူထားတာကြောင့် မြွေတွေဟာတစ်ဖြည်းဖြည်းဗီဇပြောင်းလာပါတယ်။တစ်နေ့မှာတော့ မြွေတွေကလှောင်အိမ်ထဲကနေလွတ်မြောက်သွားပါတယ်။ အနီးနားမှာရှိတဲ့ လေကြောင်းတက္ကသိုလ်က လေယာဉ်မယ်ကောလိပ်ကျောင်းသူလေးတွေဟာ ကျောင်းဆင်းပွဲအခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။အဲဒီအချိန်မှာအလွန်ကြီးမားတဲ့မြွေကြီးတစ်ကောင်နဲ့ မြွေတွေရောက်လာပြီး လေယာဉ်မယ်လောင်းလေးတွေကိုအမဲဖျက်ပါတော့တယ်။ လေယာဉ်မယ်လောင်းအချောအလှလေးတွေရဲ့သည်းထိပ်ရင်ဖို ပြေးလွားစွန့်စားတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူတို့လေးတွေမြွေကြီးရန်ကနေလွတ်မြောက်နိုင်ပါ့မလား။ မိစ္ဆာမြွေကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့အဆုံးထိဆက်ကြည့်လိုက်ပါနော်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Horror Runtime : 1h 28 min Subtitle : Myanmar Subtitle ( hardsub ) Translated by Nu Mon , Hnin Wut Hmon , Minnie , Shwe Zin Oo Encoded by LK
movie

Rising Boas in a Girl’s School ( 2022 )

Qinling Mountains ( 2022 ) 5.9
Qinling Mountains ( 2022 ) ဒဏ္ဏာရီလာစကားတွေအရ ချင်းလင်တောင်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတွေရှိနေပါသတဲ့။ လူတိုင်းက တောင်ထဲက လျို့ဝှက်ဂူကိုဖွင့်ပြီးရတနာတွေကိုအပိုင်သိမ်းချင်နေကြပါတယ်။ရှေးဟောင်းသုတေသန မြေနေရာသတင်းရယူရေးအဖွဲ့ဖြစ်တဲ့ ချီရှမ်းဝမ်နဲ့အဖွဲ့ဟာ ချင်းလင်တောင်ပေါ်ကဂူထဲမှာ ရှေးနှစ်ပေါင်းများစွာကကျောက်ထွင်းစာတစ်ချပ်ကိုရှာတွေ့ခဲ့ပါတယ်။ဂူထဲမှာသုတေသနပြုလုပ်နေရင်း ပေါက်ကွဲမှုဖြစ်တဲ့အခါ ချီရှန်းဝမ်တစ်ယောက်သာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ သူဟာဒဏ်ရာကြောင့် ရွာတစ်ရွာမှာအနားယူနေရတဲ့အချိန် အဲ့ဒီရွာကိုဓားပြတွေဝင်စီးတာခံရပြီး အဲ့ဒီဓားပြတွေကလည်း ချင်းလင်တောင်ကရတနာတွေကိုအပိုင်စီးချင်နေတဲ့အခါ..လူဆိုးတွေတင်မကဘဲ လူနှစ်ရပ်စာလောက်ရှိတဲ့ ပင့်ကူသတ္တဝါဆန်းကြီးတွေရောပါဝင်လာတဲ့အခါ... တောင်ထဲကရတနာကရောဘာဖြစ်မလဲ ပင့်ကူကြီးတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲ ရွာသားတွေကိုရော ဓားပြလက်က ကယ်နိုင်ပါ့မလားဆိုတာကို ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Adventure Runtime : 1h 18min Subtite : Myanmar Subtitle ( Hardsub ) Translated by Hnin Wutt Hmone , Yin Wai Phyo , Minnie Encoded by LK
movie

Qinling Mountains ( 2022 )