Channel Myanmar

Shigeo Katô

Dreams (1990) 7.7
Dreams (1990) Dreams (1990)~ IMDb - 7.7/10, Rotten Tomatoes - 66% ~ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ...
movie

Dreams (1990)

1990