Channel Myanmar

Shin Dong-mi

The Map Against The World (2016) 5.8
The Map Against The World (2016) The Map Against The World (2016) IMDb 5.8နာမည်ကြီးမင်းသားမင်းသမီးတွေတစ်စုတစ်စုတည်းပါဝင်တဲ့ တစ်ခေတ်တစ်ခါက ဖြစ်ရပ်မှန်သမိုင်းဝင်ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်GPS တွေမပေါ်သေးတဲ့နန်းတွင်းခေတ်မှာဆိုရင် မြေပုံတွေကိုပဲအားကိုးအားထားပြုကြရပါတယ် ဒါပေမယ့် အားကိုးရတဲ့မြေပုံကသာမှားယွင်းရေးဆွဲထားပါက လူကိုသတ်တာနဲ့အတူတူပါပဲဒီကားထဲမှာဆိုရင်လည်း မြေပုံဆွဲဆရာ ကင်ဂျောင်းဟိုငယ်စဉ်အချိန် သူပုန်တွေခေတ်ထတော့ နန်းတွင်းအရာရှိတွေက ကုန်သည်တွေကိုသွားတိုက်စေခဲ့ပါတယ် ဒီကုန်သည်‌‌တွေထဲမှာ ဂျောင်းဟိုအ‌ဖေလည်းအပါအဝင်ပေါ့အာဏာရှိလူတွေကခိုင်းတာကြောင့် မတတ်သာပဲ မြေပုံလေးတစ်ခုနဲ့ ထွက်လာကြတဲ့ကုန်သည်တွေဟာ မြေပုံအမှားကြောင့် နှင်းတောထဲလမ်းပျောက်ကာ မရှူမလှသေခဲ့ရပါတယ် ဖခင်သေဆုံးခဲ့ရလို့စိတ်နာခဲ့တဲ့ကင်ဂျောင်းဟိုလေးကြီးပြင်းလာတော့ ကမ္ဘာအနှံခြေဆန့်ပြီး ကမ္ဘာ့အရှေ့ခြမ်းမြေပုံကိုနှစ်နဲ့ချီရေးဆွဲခဲ့ပါတော့တယ်တခြားနေရာမှာသာဉာဏ်မကောင်းတဲ့ဂျောင်းဟိုက မြေပုံဆိုရင်တော့ သစ်ပင်ကအစမလွဲဘဲဆွဲနိုင်တာကြောင့် အရူးမြေပုံဆွဲသမားလို့လည်း ခေါ်ကြပါသေးတယ် ဒီလိုနဲ့ တစ်နေ့ နန်းတွင်းအင်အားကြီးနှစ်ဖွဲ့ကြား အရှုပ်အရှင်းတွေပေါ်ပေါက်လာခဲ့ပြီး ဒီမြေပုံကိုမဖြစ်မနေရရမယ့်အနေအထားပေါ်လာခဲ့ရမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲ အသက်ထက်တန်ဖိုးထားရတဲ့ဒီမြေပုံကို‌ကင်ဂျောင်းဟိုကာကွယ်နိုင်မလားဆိုတာ အခုပဲဒေါင်းကြည့်လိုက်ကြပါတော့ရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(3.2GB) / (1.5GB) Quality__HD_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__02:10:00 Type__Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

The Map Against The World (2016)

A Boy and Sungreen (2018) 6.6
A Boy and Sungreen (2018) A Boy and Sungreen(2018)••••••••••••••••••••••••••••••••••••••••••• "ဒီနေ့တစ်ရက်ပဲ အသက်ရှင်ခွင့်ရပြီး  မနက်ဖြန်သေဆုံးရတော့မယ်ဆိုရင် ဘာလုပ်ချင်လဲ"  "မနက်ဖြန်ပဲ သေဆုံးရတော့မယ်ဆိုရင်တော့  ချစ်ရတဲ့သူနဲ့ တူတူရှိချင်တာပေါ့"  ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်တဲ့အရာပါ  မိဘနဲ့ သားသမီးတွေဆီက ချစ်ခြင်းတရားပဲဖြစ်ဖြစ်  ချစ်သူတွေကြားက ချစ်ခြင်းပဲဖြစ်ဖြစ်  ဘယ်လို အယူဝါဒတွေပဲကွဲပြားနေပါစေ  လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာဆိုတာ  သိပ်ကိုနွေးထွေးတဲ့ အသိုက်အမြုံလေးပဲမလား  အရာရာကိုကြောက်တတ်တဲ့ ဘိုဟီးဆိုတဲ့ကောင်လေးက  ကလေးဘဝတုန်းက သူ့ဆီမလာတော့တဲ့  အဖေဖြစ်သူကို နေ့တိုင်းစောင့်မျှော်နေခဲ့တဲ့သူပါ  ဒါကို မကြည့်ရက်တဲ့ အမေက  သားအဖေဆုံးသွားပြီလို့ ပြောခဲ့ပါတယ်  အရွယ်ရောက်လာတော့ သူငယ်ချင်းမလေး နိုယန်းနဲ့  အဖေဖြစ်သူရှာပုံတော်ဖွင့်တာကို ရိုးရိုးလေး ရိုက်ကူးထားတာပါ  ဒီဇာတ်ကားက Drama/Comedy ဆိုပေမယ့်  Drama ဘက်ကို ပိုသွားတယ်လို့ ထင်ပါတယ်  တစ်ကားလုံး ခပ်အေးအေးလေးနဲ့  မတူညီတဲ့ ချစ်ခြင်းမေတ္တာတွေကို  ဖြေးဖြေးချင်း ပုံဖော်ရိုက်ကူးထားတာ တစ်မျိုးလေး ကြည့်ကောင်းတယ်  ၂၃ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီးတော့  KTH ဆုကို ရယူနိုင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်  နူးညံ့တဲ့ ချစ်ခြင်းမေတ္တာတွေ ခံစားကြည့်ရှုလိုက်ကြပါဦးနော်   Translated by : Amelia Encoded by : YK Quality : 1080p WEBDL and 720p File Size :  1.4 GB and ...
movie

A Boy and Sungreen (2018)

2018
A Hard Day ( 2014 ) 7.2
A Hard Day ( 2014 ) A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာတောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun ကဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woongတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီးတောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာသူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက်အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကိုတိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ?လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား?ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။မင်းသား Lee Sun-kyun ...
movie

A Hard Day ( 2014 )

2014