Channel Myanmar

Shin Hye-sun

Innocence ( 2020 ) 6.5
Innocence ( 2020 ) ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie

Innocence ( 2020 )

A Day (2017) 6.8
A Day (2017)  IMDb 6.8 ရထားပြီး ၂၀၁၇ ခုနှစ်ထွက် သဲထိပ်ရင်ဖို ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့အရင် မြဝတီကလွင့်တဲ့ ရုပ်သံစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်နေကျမငး်သားတွေဖြစ်တာကြောင့် ပရိတ်သတ်ကြီးနဲ့ စိမ်းမှာ မဟုတ်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ နှလုံးအထူးကု ပါ​မောက္ခ​ဒေါက်​တာ ကင်​ဂျွန်​​ယောင်​းဟာနိုင်​ငံခြားမှာ​ ပရဟိတလုပ်​ငန်​းများအတွက်လုပ်အားပေးလုပ်​ကိုင်​ပြီးတဲ့အတွက် ကိုရီးယားသို့ပြန်​​လာပြီးသမီး​လေးအင်​ဂျွန်​နှင်​့ ချိန်​းထား​သော​နေရာကိုသွား​တဲ့လမ်​းမှာကားမ​တော်​တဆမှုတစ်​ခုကို​တွေ့ပြီးဝင်​ကူညီရာ ကားဖြင့်​အတိုက်​ခံရ​သောသူမှာသူ့သမီး​လေးဖြစ်​​နေပါတယ် သို့​သော်​ ရုတ်​တရက်​ အိပ်​မက်​​မက်သလိုဖြစ်ပြီး​့ နိုးထလာကာ ခုနက အဖြစ်​အပျက်​များအတိုင်​း အဖန်​တလဲလဲ ဖြစ်​​ပေါ်​နေပါတော့တယ်သူ့သမီးကားတိုက်​ခံရသည်​ကိုခဏတိုင်​း ​တွေ့မြင်​​နေရ​သော​ကြောင်​့ ငရဲကျ​နေသကဲ့သို့ခံစားချက်​များဖြင့် ပူပင်​​သောက​ရောက်​​နေ​ရပါတော့တယ်ကဲ ဒေါက်တာကင်တစ်ယောက် ဒီဖြစ်​ရပ်​ဆန်​းကနေ ဘယ်လို ရုန်းထွက်မလဲဒီဖြစ်ရပ်ဆန်းကြီးကကော ဘာကြောင့်ထပ်တလဲလဲ ဖြစ်နေတာလဲဒေါက်တာကင်ကတော့ ဒီဖြစ်ရပ်ဆန်းကနေ ရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - Web - dl 720pDuration - 1hr 45minGern - Drama/ThrillSubtitle - Myanmar HardsubTranslator - NickyEncoder - Kyaw ...
movie

A Day (2017)

2017