Channel Myanmar

Shû Nakajima

Dreams (1990) 7.7
Dreams (1990) Dreams (1990)~ IMDb - 7.7/10, Rotten Tomatoes - 66% ~ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ...
movie

Dreams (1990)

1990
Birds Without Names(2017) 6.5
Birds Without Names(2017) Birds Without Names(2017)ပိုင်ဆိုင်လိုခြင်းပဲလား၊ စွန့်လွှတ်လိုမှုပဲလား။ အချစ်ဆိုတာ ဘာများလဲ။ မသေချာပါ။အချို့က ရယူလို အချို့က ပေးဆပ်လိုကြပြီ။ လူဆိုတာ အတောင်ပံခတ်တတ်စကတည်းကိုက သင်းကွဲလာရတဲ့ ငှက်တွေသာ။ အဆုံးမတော့ တစ်ကိုယ်ရေတည်း ဖြစ်ရကြပြန်ပေမည်။ အထီးကျန်ခြင်းသည် လူသား၏တစ်စိတ်တစ်ဒေသ ဟု ဒဿနိကပညာရှင်တို့က ဆိုထား၏။လူသားရဲ့ ပင်ကိုယ်ဗီဇတွင် အထီးကျန်ခြင်းသည် ထည့်သွင်း မြှပ်နှံခဲ့ပြီးသား ဖြစ်သည်။အထီးကျန်ခြင်းသည် စိတ်ဖိစီးမှု မြင့်တတ်စေသော cortisolဟော်မုန်းကို ထွက်စေသည်ဟုဆေးပညာကဆို ထားပြီး အထီးကျန်ခြင်းကြောင့် ခံစားရသော စိတ်ဝေဒနာသည်ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသော ဝေဒနာထက်မသေးဟုစိတ်ပညာက ပြောပြန်သည်။ ကျွန်တော် မမြင်ဖူးသော နတ်ဘုရားတို့သည်ဒဏ္ဍာရီအတိုင်း အင်အားကြီးသော လူသားတို့အား ထက်ခြမ်းကွဲ၀မ်းနည်းစေခဲ့သည်ဆိုပါစို့။ အထီးကျန်ခြင်းသည် လူသား၏ အားနည်းချက်ဖြစ်ပေမည်။လူသားတစ်‌ယောက်သည် အထီးကျန်ခြင်းအား ကုစားရန်အလို့ငှာတပါးသောလူသားတစ်ယောက်အား မှီခိုအားထားရသည်။သူတို့ကြားက ပေါင်းကူးတံတားကလေးအား ချစ်ခြင်းဟုခေါ်ပါစေ။ချစ်စိတ် ကိန်း၀ပ်နေသော လူသားသည် အားအကြီးဆုံးဖြစ်သည်ဒီလူသားများ ဘာမဆို လုပ်ရဲလုပ်နိုင်ကြသည်။ ဂျပန်လူမျိူးတို့၏ သင်္ကေတဗေဒအတိုင်းဆိုလျှင်ငှက်တို့သည် ချစ်ခြင်းကို ...
movie

Birds Without Names(2017)