Channel Myanmar

Siennah Buck

Halo: Nightfall Season (1) 5.7
Halo: Nightfall Season (1) ဒီကားကတော့ စီးရီးသဘောအနေနဲ့ Season 1 တစ်ခုတည်းသာ၂၀၁၄ကထွက်ပြီး ပြီးဆုံးသွားခဲ့တဲ့Action စီးရီးတစ်ခုဖြစ်ပါတယ်....အခုတင်ဆက်ပေးထားတာကတော့ စီးရီးကို Movie တစ်ခုအနေနဲ့ပေါင်းစည်းပြီးရိုက်ကူးထားတာကြောင့် တစ်ကားလုံးကိုအပြည့်ဝကြည့်ရမှာပဲဖြစ်ပါတယ်....သိပ္ပံနဲ့စိတ်ကူးယဉ်ယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ Action War Type ပုံစံဖြစ်ပါတယ်...စစ်ဆင်ရေးတစ်ခုကိုဆင်နွှဲနေရာကနေ ရန်သူလို့သံသယရှိတဲ့လူတွေနောက်ကိုလိုက်ရင်းအမည်မသိတဲ့ဂြိုလ်တစ်ခုကိုရောက်သွားတဲ့ Soldier Team တစ်ခုရဲ့ကံကြမ္ပာဟာဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်....သူတို့တွေဟာ သာမာန်စစ်သားအဖွဲ့မဟုတ်ပဲ အထူးလက်နက်တပ်ဆင်ထားတဲ့ အဖွဲ့ဖြစ်လို့သာမာန်လူတွေကိုင်ထားတဲ့ လက်နက်တွေထက် သာလွန်တဲ့လက်နက်တွေကိုကိုင်ဆောင်ထားပါတယ်...ဒါပေမယ့် ဒီဂြိုလ်ကိုသူတို့ရောက်ရှိသွားတဲ့အခါမှာတော့ သူတို့ရဲ့အစွမ်းထက်လှတဲ့လက်နက်တွေဟာသူတို့ကိုပြန်ပြီးတော့ ဒုက္ခပေးလာပါတော့တယ်....ဘယ်လိုဒုက္ခပေးမလဲဆိုတော့ထူးဆန်းတဲ့အကောင်တွေကြောင့်ဖြစ်လို့ပါပဲ...အဲလိုသူတို့တွေတောင်နားမလည်နိုင်တဲ့အကောင်တွေက သူတို့ကိုဘယ်လိုတွေသုတ်သင်ပြီး သူတို့အဖွဲ့ကိုခြောက်ခြားအောင်လုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ.... Quality…..BluRay 720p Duration…..01:38:00 Format…Mp4 File Size…(704 MB , 281 MB) Translator…..Hnin Oo Wai Encoder…..Moe Myint Lwin
movie

Halo: Nightfall Season (1)

2014