Channel Myanmar

Simone Singh

Buhe Bariyan (2023) 7.7
Buhe Bariyan (2023) Buhe Bariyan (2023)အဘွားဘူရိုနဲ့ ရဲမေပရမ်ကောလ် IMDb-7.6/10 ယောက်ျားမိန်းမ သာတူညီမျှရေး ၊ ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေ ခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲ သူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိူး ရိုက်ကူးပြထားတဲ့ကား။ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာသူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့ အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀ ကျော်အမျိုးသမီးအဖွဲ့ ၊ သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်း ပတ်ဝန်းကျင်ကယောက်ျားသားတွေကလာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေ လွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲဝင်ပါပါနေမိတဲ့သူတွေ ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့ အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ် မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေး ဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့...(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo ~ Cherry တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Buhe Bariyan (2023)

2023
Haan Maine Bhi Pyaar Kiya (2002)
Haan Maine Bhi Pyaar Kiya (2002) အိန္ဒိယရဲ့ နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ အာရှေးကူးမား ,အာဘီရှန်ဘချန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Haan Maine Bhi Pyaar Kiya ဆိုတဲ့ အိန္ဒိယကားကောင်းလေးကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါပြီ။ရှိဗ် နဲ့ ပူဂျာ တို့က မမျှော်လင့်ပဲနဲ့ဖူးစာဆုံခဲ့ကြပြီး လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတဲ့နောက်မှာ ရှိဗ်ဘက်က ပူဂျာခွင့်မလွှတ်နိုင်တဲ့ပြဿနာတွေကိုပဲ လုပ်ခဲ့မိတာကြောင့် လင်မယားကွာရှင်းခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ ပူဂျာက ရက်ဂျ်ဆိုတဲ့နိုင်ငံကျော်မင်းသားဆီမှာ အလုပ်လုပ်ဖြစ်တဲ့အခါမှာ ရက်ဂျ်ဘက်ကနေစပြီးပူဂျာကိုသဘောကျလာတာကစလို့ နှစ်ဦးသဘောတူလက်ထပ်ဖို့ထိဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ရှိဗ်ကပူဂျာ့ဘဝထဲပြန်လည်ဝင်ရောက်လာတဲ့အခါမှာ သူတို့၃ဦးရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ အချစ်၊အလွမ်း၊ဟာသနှောထားပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size…2.54GB/ 1.16GB Quality…1080p WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Citrus
movie

Haan Maine Bhi Pyaar Kiya (2002)

2002
Maja Ma (2022) 6.2
Maja Ma (2022) Maja Ma 2022 6.4/10 IMDb ဒီတစ်ခါပရိတ်သတ်ကြီးကို မိသားစုဒရမ်မာ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ဒီနေ့ခေတ်မှာ LGBT တွေဟာလူမှုပတ်ဝန်းကျင်မှာ လူနည်းစုသာထောက်ခံသူရှိတဲ့ အသိုင်းအဝိုင်းတစ်ခုဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ...လူပတ်ဝန်းကျင်မှာ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေ မိမိနေချင်သလိုလွတ်လပ်စွာနေလို့မရတဲ့ဘဝမှာ ချိုးနှိမ်ထားရတဲ့စိတ်ဆန္ဒတွေ မိသားစုအတွက်သူတို့ရဲ့တကယ့်စွန့်လွှတ်အနစ်နာခံမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးတစ်ခုပါဇာတ်လမ်းအမြည်းလေးကတော့ ပါလာဗီဟာသူမရဲ့အတိတ်ကအမှန်တရားကို ဖုံးကွယ်ထားတဲ့ မိသားစုကိုတုန်နေအောင်ချစ်တဲ့အိမ်ထောင်ရှင်မတစ်ယောက်ပါ သူ့ရဲ့သားတေဂျာက USမှာအလုပ်လုပ်နေပြီး ချမ်းသာကြွယ်ဝတဲ့မိသားစုက အီရှာဆိုတဲ့မိန်းကလေးနဲ့ချစ်မိသွားတဲ့အခါ အီရှာရဲ့မိဘတွေက တေဂျာရဲ့မိသားစုနဲ့တွေ့ဖို့အကြောင်းဖန်လာပါတော့တယ် ဒါပေမယ့်ပါလာဗီ့ရဲ့အကြောင်းတွေကောလဟာသပြန့်နှံ့သွားတဲ့အခါ သူတို့ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကြရမလဲ.... ဘဝအလှည့်အပြောင်းတွေဘယ်လိုဘယ်ပုံတွေ့ကြုံရမလဲဆိုတာ ရသမျိုးစုံဖန်တီးရိုက်ကူးထားလို့ လိုက်ပါခံစားကြည့်ရှုပေးကြပါဦး File size…1.936B  / 955MB Quality…1080p / 720p Format…mp4 Duration…. Subtitle….Mynamr Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Lwin Htoo & Kevin
movie

Maja Ma (2022)

2022
Laal Kaptaan (2019) 7.6
Laal Kaptaan (2019) (Unicode)IMDb ratings : 7.6/10Genre : Action,Dramaဒီတစ်ခါ ဘောလိ၀ုဒ်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Saif Ali Khan , Sonakshi Sinha တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ကြည့်ပျော်ရှုပျော် ဇာတ်ကားတစ်ကားပါ။ဒီကားအညွှန်းရေးရမှာက ကျွန်တော့်အဖို့ တော်တော့်ကို ခက်ခဲပါတယ်။အိန္ဒိယနိုင်ငံမှာ ဇာတ်အနိမ့်အမြင့်နာမည်တွေ ၊ မျိုးနွယ်နာမည်တွေနဲ့ ကိုးကွယ်တဲ့ဘာသာပေါင်းများစွာရှိတဲ့အတွက် လက်လှမ်းမမီတာကြောင့်ပေါ့။ဇာတ်လမ်းစစချင်းကတည်းက သတ်တာဖြတ်တာတွေ ၊ သွေးထွက်သံယို ပြကွက်တွေနဲ့ စထားတာမို့၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ အုပ်ထိန်းသူနဲ့ကြည့်သင့်ပါတယ်။၁၈ ရာစု၀န်းကျင်ကို အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီကားက ဟောလိ၀ုဒ်က ရိုက်ပြခဲ့တဲ့ Bounty Hunter ကားတွေနဲ့ တော်တော်လေး တူပါတယ်။အဓိက ဇာတ်ကောင်က ဆုကြေးအထုတ်ခံထားတဲ့သူတွေကို လိုက်သတ်မယ်။ပြီးရင် သတ်ထားတဲ့သူရဲ့ခေါင်းကို ဖြတ်ယူပြီး ထုတ်ထားတဲ့သူဆီ ငွေသွားတောင်းမယ်။ ...
movie

Laal Kaptaan (2019)

2019