Channel Myanmar

Smruthi Venkat

Run Baby Run (2023) 6.4
Run Baby Run (2023) Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာ‌သူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာ‌ကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie

Run Baby Run (2023)

2023
Repeat (2022) 7.7
Repeat (2022) Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ  /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie

Repeat (2022)

2022
Dejavu (2022) 7.8
Dejavu (2022) Dejavu (2022) Thriller IMDb 7.8/10ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး... လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါဇာတ်လမ်းအကျဉ်း တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ် အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ်လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီး ထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲ ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်...ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီး ဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်...မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲ သူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့ တထေရာတည်းတူနေတဲ့အခါ...ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲ ဆက်လက်ရှုစားပေးကြပါ... File size…1.8GB / 845MB Quality…1080p True WEB DL  AAC5.1CH / 720p  Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Lwin Htoo Aung
movie

Dejavu (2022)

2022
Manmatha Leelai (2022) 6.0
Manmatha Leelai (2022) Manmatha Leela (2022)IMDb 6/10 ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်ပြီး Romance/Comedy/ Thriller အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းက ဖြစ်ရပ်နှစ်ခုကိုယှဉ်ပြီးရိုက်ပြထားတာပါ ရာနဲ့ ဆာသရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ တစ်ချိန်တည်းမှာပဲလုပ်မိကြတဲ့အမှားတွေကိုယှဉ်ပြထားပါတယ် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဆာသရာက ဒိတ်ဒိတ်ကြဲနာမည်ကြီးသူတစ်ယောက်ပါရာကတော့သာမန်လူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ မိန်းကလေးနှစ်ယောက်နဲ့ပတ်သက်မိသွားပါတယ် ရာတို့အတွဲကလိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာသွားတွေ့တဲ့အချိန်မှာ မထင်မှတ်တာတွေဖြစ်ပေါ်လာပါတော့တယ် အချဉ်ဖမ်းမယ်လို့ရည်ရွယ်ပြီး ဘယ်သူမှမရှိချိန်ကောင်မလေးအိမ်ကိုလိုက်သွားခဲ့တဲ့ ရာတစ်ယောက် ဘယ်လိုတွေကြုံတွေ့ရမလဲ တစ်ချိန်တည်းမှာပဲ ဆာသရာ့ဆီ ညဘက်မိုးရွာနေချိန်အိမ်လိပ်စာမှားပြီး အလန်းစား ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက် သူရောဘာတွေဆက်ဖြစ်သွားမလဲ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့အခါ သူတို့တွေဘယ်လိုကြံကြံခံသွားမလဲ ဟာသခန်းတွေကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပိုင်းတွေပါဝင်တာကြောင့် စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်   File size…1.96GB / 950MB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey & Yunni & GuuGuu
movie

Manmatha Leelai (2022)

Maaran (2022) 8.9
Maaran (2022) Maaran 2022အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကနေအမြန်ဆုံးကြိုးစားပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း - ဆက်သီမိုသီဟာရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကိုမီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့...။နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb 8.2/10 အထိရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေကြောင့် သိပ်မကြာခင်မှာလူပြောများလာမယ့်ဇာတ်ကားမျိုးဖြစ်လာနိုင်ပါတယ်။  File size…1.9GB / 800MB Quality…1080pHEVC / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….Nyein Saeya Aung Translated byPoe & Go-O & Honeyey & Haruko    
movie

Maaran (2022)

2022
Vanam (2021)
Vanam (2021) Vanam (2021)ဒီဇာတ်ကားလေးကတော့ Mystery, Thriller အမျိုးအစား ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အနုပညာကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူနေရတဲ့ အမျိုးသားဆောင်အခန်းထဲကလျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းက ဒီလိုတော့ မရိုးရှင်းလှပါဘူးထူးဆန်းတဲ့သေဆုံးမှုတွေကို စုံစမ်းရင်းအနုပညာ‌ကောလိပ်ကို တည်ထောင်ခဲ့သူ ဂျာမင်ဒါ ဗာနာသီရာရန်ရဲ့ မှော်ကြေးမုံအကြောင်းတွေပါတစ်စတစ်စ‌ဖော်ထုတ်မိလာပြီး နောက်ပိုင်းမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာဖြစ်လို့ Bollywood fan တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်  File size…1.6GB / 800MB / 400MB Quality…1080p / 720p / 480p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Eliza
movie

Vanam (2021)

2021