Channel Myanmar

Song Wen

Dreams of Getting Rich ( 2021 ) 5.9
Dreams of Getting Rich ( 2021 ) “အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်”စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ ...
movie

Dreams of Getting Rich ( 2021 )