Channel Myanmar

Srikanth

Operation Laila (2024) 7.5
Operation Laila (2024) Operation Laila (2024)"လိုင်လာအော်ပရေးရှင်း" ==================================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB/1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Operation Laila (2024)

2024
Pindam (2023) 8.7
Pindam (2023) Pindam (2023) အိမ်ကြီးတစ္ဆေIMDb - 8.7/10 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နောက်ခံသံကောင်းကောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သရဲကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အိန္ဒိယရဲ့တစ်ဦးတည်းသောလို့ဆိုနိုင်တဲ့ သရဲနှိမ်နင်းရေးပညာကို နိုင်ငံခြားအထိတောင်သွားရောက်ပြီးတော့ လိုက်စားထားတဲ့ မစ်အန်နာမာ။ သူ့ရဲ့အဖေကလည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်ရင်း သူ့အဖေလိုက်နေတဲ့ ဝိညာဥ်တစ်ကောင်ကြောင့် သူ့ရဲ့ညီမနဲ့အမေဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ သူ့အဖေကိုယ်တိုင်တောင် အဲဒီဝိညာဥ်ကိုတိုက်ခိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့အဖေမသေဆုံးခင်မှာ ပညာအမွေတွေပေးခဲ့တဲ့အတွက်ကြောင့်နဲ့ မစ်အန်နာမာက သူ့အဖေတိုက်ခိုက်နေတဲ့ ဝိညာဥ်နောက်ကိုလိုက်ရင်း သရဲအပူးခံရသူ အနှောင့်အယှက်ပေးခံရသူတွေကို ကူညီရင်းနေလာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူ့ဆီကို လေ့လာဖို့ရောက်လာတဲ့ လော့ခ်နတ်၊ သူ့ရဲ့အင်တာဗျူးချက်အရ မစ်အန်နာမာမှာလည်း သူမနိုင်တဲ့ဝိညာဥ်မျိုးရှိတယ်ဆိုတာကို ပြောပြရင်းနဲ့ ဒီဇာတ်လမ်းလေး အစပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ၁၉၉၀ခုနှစ်တုန်းက ခရစ်ယာန်မိသားစုတစ်စုဆီမှာ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဆန်စက်တစ်ခုမှာ စာရင်းကိုင်လုပ်နေတဲ့ အန်တိုနီတစ်ယောက် အလုပ်နဲ့နီးရာကို အိမ်ပြောင်းရင်းနဲ့ ဒီအိမ်ကြီးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။အဲဒီအိမ်ကြီးမှာ အန်တိုနီရယ် သူ့ဇနီးဖြစ်သူ မယ်ရီ၊ သမီးနှစ်ယောက်နဲ့အတူ သူ့ရဲ့မိခင်ကြီးပါ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ...
movie

Pindam (2023)

2023
Nanban (2012) 7.8
Nanban (2012) Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.5GB / 1.63GB Quality…WEB DL 1080p /720p Format…mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie

Nanban (2012)

2012
Ravanasura (2023) 6.3
Ravanasura (2023) Ravanasura 2023 အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry
movie

Ravanasura (2023)

2023