Channel Myanmar

Stefano Villabona

The Green Inferno (2013) 5.3
The Green Inferno (2013) The Green Inferno (2013)IMDb rating - 5.3ဇာတ်လမ်းအညွှန်းအာဖရိကအမျိုးသမီးအခွင့်အရေးအတွက် အားမလိုမရဖြစ်နေတဲ့တက္ကသိုလ်ကျောင်းသူ ဂျက်စတင်းဟာ ကျောင်းစောင့်တွေအရေးအတွက်အစာငတ်ခံဆန္ဒပြနေတဲ့၊ အယ်လီဟန်ဒရိုခေါင်းဆောင်တဲ့၊လူအခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ ကျောင်းသားအဖွဲ့ထဲ ဝင်ရောက်လာတယ်။ပီရူးနိုင်ငံအပိုင်းထဲက အမေဇုန်တောတစ်နေရာမှာ တောကို ရှင်းပြီးအဖိုးတန်ဓာတ်ငွေ့တွေထုတ်ယူမယ့်ကုမ္ပဏီဟာ အဲ့တောနေရာကရှားပါးလူရိုင်းမျိုးနွယ်စုဖြစ်တဲ့ ရာဟက်စ်တွေရဲ့ ရွာကိုပါ ထိပါးပြီးဒေသခံလူမျိုးစုကိုပါ ရက်ရက်စက်စက် ရှင်းလင်းသတ်ပစ်လိုက်နိုင်တဲ့ဒီအရေးကို တားဆီးဖို့ ကယ်တင်ဖို့ဟာ အယ်လီဟန်ဒရိုတို့အဖွဲ့ရဲ့နောက်ထပ်ပရောဂျက်ဖြစ်လာပါတယ်။ဒီအဖွဲ့က လူထုအာရုံစိုက်မှုရလာအောင် ဆန္ဒထုတ်ဖော်မှာဖြစ်ပြီးUNက ရှေ့နေကြီးရဲ့သမီး ဂျက်စတင်း တစ်ယောက်လည်း လိုက်လာခဲ့တယ်။ခက်ခက်ခဲခဲဆန္ဒပြပြီး အပြန်လမ်းမှာ သူတို့စီးလာတဲ့လေယာဉ်လေးက တောနက်ကြီးထဲမှာ ပျက်ကျပါလေရော။တချို့လည်း သေကုန်ပြီး အသက်ရှင်ကျန်တဲ့ ဂျက်စတင်းတို့လူစုကတော့ နောက်ထပ် “တစ်ပူပေါ် နှစ်ပူဆင့်”ဆိုသလိုပဲရာဟက်စ်တွေ ဖမ်းခေါ်သွားခံရပါတယ်။ရာဟက်စ်လူမျိုးစုတွေက လူ့ဦးခေါင်းကိုအမဲလိုက်သူတွေ၊လူသားစားလူရိုင်းမျိုးနွယ် ဖြစ်လေတော့…..ဂျက်စတင်းတို့ ဘာတွေဆက်ပြီး တွေ့ကြုံရမလဲ။လူသားစားလူရိုင်းတွေ ဖမ်းခံရတာဆိုတော့အသက်ရှင်လွတ်မြောက်မယ့်သူရော ရှိပါ့မလားဆက်လက်ကြည့်ရှုလိုက်ကြပါဦး။လုံးဝ horror အကြမ်းစား၊ ကြည့်ရင်းနဲ့ကိုအမလေး အမလေး အော်နေရမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror ကြိုက်တဲ့သူတွေအတွက်တကယ်ကြည့်ကောင်းမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (၁၈နှစ်အောက် ကလေးတွေနဲ့ စိတ်နုနုရွရွလူတွေအတွက် ကြည့်ရှုရန် မသင့်တော်ပါ။) ဒီဇာတ်လမ်းရဲ့ ...
movie

The Green Inferno (2013)

2013
Margarita with a Straw (2014) 7.2
Margarita with a Straw (2014) Margarita with a Straw (2014) ===============================imdb 7.2 / 3.9kMargaritaလေးတခွက်ကို ပိုက်လုံးလေးနဲ့ စုပ်ပြီး သောက်တတ်တဲ့ မသန်စွမ်းမိန်းမပျိုလေးရဲ့ ဆယ်ကျော်သက်အရွယ် ဘဝဖြတ်သန်းတဲ့ပုံစံကို ဟာသရော ဒရာမာရော ရသနှစ်မျိုးကို အလှည့်ကျရောစပ်ပြီး ပျော်တလှည့်ဝမ်းနည်းတလှည့်ကြည့်ရှုသွားရမယ့် ဇာတ်လမ်းလေးတပုဒ်ကို တင်ဆက်ပေးချင်ပါတယ်လိုင်လာဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းမသန်စွမ်း မိန်းကလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ဦးရဲ့အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖူးဖူးမှုတ်ခြင်းခံထားရပြီး အနုပညာပိုင်းကိုလဲ ဝါသနာပါလှသူလေးပဲဖြစ်ပါတယ် အရွယ်ရောက်ပြီး သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ တခြာားရွယ်တူတွေလို အချစ်ကို စမ်းသပ်ရူးမိုက်ချင်သူလေးတဦးဖြစ်လာပါတော့တယ်... သူမဟာ တခြားသာမန်လူတွေလိုပဲ အချစ်ကိုခံစားရူးသွပ်နိုင်မှာလား ဒါမှမဟုတ် အချစ်ရေးမှာပဲ ကံခေမှာလားဆိုတာကို ပျော်ရွှင်စရာအခိုက်တန့်လေးတွေ ဝမ်းနည်းစရာအခိုက်တန့်လေးတွေနဲ့အတူ စီးမြောခံစားကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် File size…1.03GB Quality…720p WEB DL  Format…mp4 Duration….1h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Margarita with a Straw (2014)

2014