Channel Myanmar

Stephanie Cayo

Force of Nature (2020) 4.6
Force of Nature (2020) Force of Nature (2020)==================IMDb Rating - 4.6/10#Unicodeဒ်ီကားလေးကတော့ action, crime အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဟာရီကိန်းမုန်တိုင်းကျရောက်နေတဲ့အချိန်မှာ ဒေါ်လာ ၅၅ မီလီယံတန်ပန်းချီကားကိုရှာဖွေတဲ့ လူဆိုးဂိုဏ်းနဲ့ ပြောင်းရွှေ့ရေးလုပ်ပေးတဲ့ ရဲနှစ်ယောက်တို့အမှတ်မထင် စုံမိကြရင်း ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့နယူးယောက် ကစုံထောက် ‘ကာဒီလို’က သူ့ရဲ့အပြစ်တစ်ခုကြောင့် ပေါ်တီကီရဲဌာနကိုပြောင်းရွှေ့လာရတယ်အဲ့ဌာနကိုပဲ ရဲမေအသစ်ဖြစ်တဲ့ ပီရာနာပြောင်းရွှေ့လာပြီး ပြောင်းရွှေ့လာတဲ့နေ့မှာပဲ သူတို့နှစ်ယောက်ကိုမုန်တိုင်းကယ်ဆယ်ရေးအတွက် တာဝန်ပေးခြင်းခံရတယ်။ ‘ကာဒီလို’နဲ့ ရဲမေအသစ် ပီရာနာ တာဝန်ထမ်းဆောင်တော့မယ့်အချိန်မှာပဲ စူပါမားကတ်မှာဖြစ်တဲ့အမှုကိုတိုင်ကြားချက်ဝင်လာတယ်။ အဲ့ဒီ့စူပါမားကတ်ကအမှုတစ်ခုကိုသွားဖြေရှင်းရင်းနဲ့မှ အမှုဖြစ်တဲ့လူနေတဲ့တိုက်မှာ ထွက်မသွားသေးတဲ့လူတွေကို နားချပေးဖို့အကြောင်းဖြစ်လာပါတယ်။ အဲ့အချိန်မှာပဲ လူဆိုးဂိုဏ်းတစ်ခုက တန်ဖိုးကြီးပန်းချီကားကိုခိုးယူဖို့ကြိုးစားရင်း ကာဒီလိုတို့ကဖမ်းဖို့ကြိုးစားကြတဲ့အချိန်မှာတော့.... ဒီလိုအက်ရှင်ဇာတ်လမ်းလေးကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Lily ပဲဖြစ်ပါတယ်။)#Zawgyiဒ္ီကားေလးကေတာ့ action, crime အမ်ိဳးအစားေလးပဲျဖစ္ပါတယ္။ ဟာရီကိန္းမုန္တိုင္းက်ေရာက္ေနတဲ့အခ်ိန္မွာ ေဒၚလာ ၅၅ မီလီယံတန္ပန္းခ်ီကားကိုရွာေဖြတဲ့ လူဆိုးဂိုဏ္းနဲ႔ ေျပာင္းေ႐ႊ႕ေရးလုပ္ေပးတဲ့ ရဲႏွစ္ေယာက္တို႔အမွတ္မထင္ စုံမိၾကရင္း ဘယ္လိုေျဖရွင္းၾကမလဲဆိုတာကို ၾကည့္ရႈရမွာပဲျဖစ္ပါတယ္။ဇာတ္လမ္းအက်ဥ္းေလးကေတာ့နယူးေယာက္ ...
movie

Force of Nature (2020)

2020