Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sudha Belawadi
7.2
For Regn (2024)
For Regn (2024) အချစ်နဲ့အတူIMDb - 7.9/10ကန်နာဒါစကားပြော အိန္ဒိယဟာသ အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အရာရာနားလည်လက်ခံကြပြီး သိပ်ကိုချစ်ကြပါတယ်ဆိုတဲ့ချစ်သူတွေလည်း လက်ထပ်ခါနီးမှ သောကဝေ ဒုက္ခတွေများကြရပါတယ် အကြောင်းအရင်းကတော့ နှစ်ဖက်အသိုင်းအဝိုင်းမိဘတွေရဲ့ လွှမ်းမိုးမှုပါပဲ နှစ်ယောက်တည်းတုန်းက ညှိလွယ်ပြေလွယ်ခဲ့ကြတဲ့အရာတွေက အသိုင်းအဝိုင်းကြီးနှစ်ခုထိပ်တိုက်တွေ့တဲ့အခါ ထင်သလောက်မလွယ်တော့ပါဘူး အချစ်နဲ့ ရအောင်ကျော်ဖြတ်နိုင်ကြသူတွေ ရှိသလို ဒီနေရာမှာ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားသူတွေ ဒုနဲ့ဒေးပါအာရှူနဲ့ အန်ဗီတို့က ရှေးရိုးစွဲမိသားစုတွေကြားထဲကနေမှ ဆွေမျိုးမိဘတွေ မသိအောင် အတူပေါင်းသင်းနေထိုင်နေကြတဲ့ လူငယ်စုံတွဲလေး။ ဒီကြားထဲမှာ ဆွေမျိုးမိဘတွေကြောင့်ပဲ ပြဿနာတွေတက်၊ နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေဖြစ်လာရာကနေ သူတို့နှစ်ယောက်အချစ်ခရီးဟာ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုတွေ ဖြစ်လာပါတော့တယ်နှစ်ဖက်အသိုင်းအဝိုင်းအရှိန်အဝါတွေကြောင့် အချစ်ဇာတ်သိမ်းသွားမလား အချစ်နဲ့ပဲရအောင်ကျော်ဖြတ်မလားဆိုတာ ပေါ့ပေါ့ပါးပါးအချစ်ကားလေးကို အကဲဖြတ်ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…1.9GB / 934MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
For Regn (2024)
2024
8.0
Aachar & Co (2023)
Aachar & Co (2023) IMDb-8.1/10သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်) File size…1.6GB/ 685MB Quality…1080p WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Zwe~Moon~V
movie
Aachar & Co (2023)
2023
9.3
Made In Bengaluru(2022)
Made In Bengaluru 2023IMDb 9.3/10 အထိရရှိထားပြီး ပရိတ်သတ်တွေနဲ့မစိမ်းလှတဲ့ နာမည်ကြီးမင်းသား မင်းသမီးတွေပါ၀င်ထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘန်ဂလူရူမြို့ဟာ အိန္ဒိယတောင်ပိုင်းရဲ့မြို့တော်၊ လူသန်းပေါင်းများစွာရဲ့ အိပ်မက်တွေအကောင်အထည်ဖော်တဲ့ အချက်အချာကျတဲ့နေရာလေးပေါ့။ ဒါ့အပြင်လူငယ်တွေ လုပ်ငန်းသစ်စဖို့ အားထားရတဲ့မြို့လေးတစ်မြို့ဆိုပါတော့။ အဲ့ဒီမှာ ရည်မှန်းချက်ကြီးမားတဲ့ အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက် ဆူဟာ့စ်ဆိုတဲ့ လူငယ်လေးအပါအ၀င်ပါ။ ဆူဟာ့စ်ဟာ သူတီထွင်ထားတဲ့ အပ်ဒ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံပေးဖို့ ရင်းနှီးမြှုပ်နှံသူတွေ တစ်ယောက်ပြီးတစ်ယောက်ရှာရာကနေ ဇာတ်လမ်းစထားပါတယ်။သို့ပေမယ့်မြို့လေးဟာထင်သလောက်မရိုးသားနေပါဘူး တစ်ချို့လည်းတကယ်ကူညီပေးချင်သလို သူတစ်ပါးဦးနှောက်ကိုဖောက်စားချင်ကြတဲ့တွေလည်း မနည်းမနောပါပဲ။ ဒီတော့ ဆူဟာ့စ်တစ်ယောက် လုပ်ငန်းစဖို့စီးပွားရေးလောကထဲ၀င်လာတဲ့အချိန်မှာ အဲ့လောကဟာလည်းမာယာများနေတဲ့အခါ ရည်မှန်းချက်ကိုအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အချစ်၊ အလွမ်း ဟာသလေးနှောပြီး လူစုံစရိုက်စုံလှတဲ့ ဘန်ဂလူရူမြို့ကြီးထဲမှာ သူတို့တွေဘယ်လို အမျိုးစုံ ကြိုးခုန်ကြမယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.7GB /1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~ Yunni~Nyein Aye
movie
Made In Bengaluru(2022)
2022
7.5
Googly(2013)
Googly (2013) Comedy, Romance IMDb 7.5/10 (2.8K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ KGF မင်းသားချောလေး ယာရှ်ရဲ့ အချစ်ဟာသဇာတ်မြူးကားကောင်းလေးပဲ ဖြစ်ပါတယ်..။ဒီကားထဲမှာလည်း ယာရွ္ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်...။ခပ်ပြတ်ပြတ် လူမှန်စိတ်တိုကြီးဖြစ်တဲ့ ကောလိပ်ကျောင်းသားလေး ရှရသ်..တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်ဖြစ်နေပေမယ့် ကျောင်းက ပထမအဆင့်ကျောင်းသားတစ်ယောက်..။သူဟာ မိန်းမတွေနဲ့ အချစ်ကိုမုန်းတီးနေတဲ့ သူတစ်ယောက်ပေါ့..ကျောင်းပြပွဲတစ်ခုမှာ ဆြာတီဆိုတဲ့ ကောင်မလေးနဲ့ဆုံပြီး သူတစ်သဝေမတိမ်းလိုက်နာလာခဲ့တဲ့ သူ့ရဲ့ဒဿနတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ဆွာတီအပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ သက်ဝင်လာခဲ့ပါတော့တယ်...။ဆွာတီဟာလည်း ရှရသ်အပေါ် စိတ်ဝင်စားလာပြီး သူတို့နှစ်ဦးဟာ သူတို့ရဲ့အချစ်တွေကို အပြန်အလှန် ဖွင့်ဟလာတော့မယ့်အချိန်မှာပဲ ကံကြမ္မာဟာ သူတို့ကို လှည့်စားသွားခဲ့ပါတော့တယ်...။ဒီလိုနဲ့ ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ္လို ဘယ်ပုံ ဇာတ်သိမ်းခန်းဝင်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ပြီးရှုစားပေးကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…3.2GB / 1.5GB Quality…1080p WEB RIP Uncut /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Googly(2013)
2013