Channel Myanmar

Suhasini Mulay

Music School (2023) 7.7
Music School (2023) Music School (2023) IMDb-9/10IMDbကတော့ နိုင်းလောက်ရှိသဗျို့။ the sound of music ဆိုတဲ့ ဂန္တဝင်တေးဂီတကားကြီးကို အခြေခံထားတဲ့ဇာတ်လမ်း။3Idiotsထဲက အဆောင်တွေလက်ဖွဲ့တွေယုံကြည်သူ ရာဂျူး ခေါင်းဆောင်ပါဝင်ထားတဲ့ဇာတ်လမ်း။ ဂီတကားဖြစ်တဲ့အတွက် ဂီတကိုချစ်မြတ်နိုးတဲ့သူတွေ နှစ်သက်သဘောကျစေမှာပါ။သားသမီးတွေကို ပညာရေးပဲအာရုံစိုက်စေချင်ပြီး အင်ဂျင်နီယာကြီး ဆရာဝန်ကြီးတွေဖြစ်စေချင်ပေမယ့် လူငယ်တွေရဲ့ ရင်ထဲကရူးသွပ်တဲ့ ဂီတအနုပညာကိုနားလည်မပေးကြ။ငါ့သား ငါ့သမီးလေးက အတန်းထဲမှာ အဆင့်တစ် ထိပ်ဆုံးကဆိုပြီး လက်မထောင်ချင်ကြတဲ့မိဘတွေ။ ဒီလိုမိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြားကနေပဲ ရင်ထဲကပေါက်ဖွားလာတဲ့အနုပညာကို ပုံဖော်ကြတဲ့ လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုတွေ ဖန်တီးတင်ဆက်နိုင်ပုံတွေကို တေးဂီတဆရာမနဲ့ ပြဇာတ်ဆရာတို့က ဦးဆောင်လမ်းပြပြီး ဂန္တဝင်တေးဂီတပြဇာတ်တစ်ပုဒ်ကို ဖန်တီးတင်ဆက်ထားပါတယ်။စာကြွင်းအနေနဲ့ ကျွန်တော်က နာမည်ကြီးသီချင်းတွေ ဘာတွေကို ဇာတ်ဝင်တေးယူသုံးထားရင် သဘောကျတဲ့ထဲပါပါတယ် တိုက်ဆိုင်သွားတတ်တာပေါ့ ဒီဇာတ်ကားလေးက အိန္ဒိယကားဆိုပေမဲ့ အပိတ်သီချင်းလေးက " so long farewell auf wiedersehen goodbye" ဆိုတဲ့ The sound of music ဂန္တဝင်တေးကိုပဲ အကနဲ့ဖျော်ဖြေထားတဲ့ပုံက ကျွန်တော်သိပ်ကြိုက်ခဲ့တဲ့ Ted Lasso စီးရီးထဲက နည်းပြကြီး Ted Lasso ကို နှုတ်ဆက်ခန်းကို ပြန်သတိရသွားတာမို့ မျက်ရည်လေးများတောင့်စို့မိတဲ့ ပီတိအရသာလေးရတာမို့ ရင်ဘတ်ချင်းတူမဲ့ ဘော်ဒါတွေအတွက် ...
movie

Music School (2023)

2023
(18+)Rang Rasiya (2008) 7.0
(18+)Rang Rasiya (2008) Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie

(18+)Rang Rasiya (2008)

2022
Jodhaa Akbar(2008) 7.6
Jodhaa Akbar(2008) Jodhaa Akbar(2008) IMDb.....7.6,,,,,Rotten....79% ((( ပြသချိန် ၃ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး 1080p,720pတို့ဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားပါသည်.....))) ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပြည့်ရဲ့ ဆယ့်ခြောက်ရာစုသမိုင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လက်ရှိ အိန္ဒိယလို့ခေါ်တဲ့နေရာကို အုပ်စိုးခဲ့ပြီး မဂိုအင်ပါယာကို စတင်ထူထောင်သူလို့ ယူဆကြတဲ့ ကြီးကျယ်တဲ့ မဂို ဧကရာဇ် Akbarနဲ့ အမက်ဘုရင်ရဲ့သမီးတော် ငယ်ရွယ်သွက်လက်တဲ့ မင်းသမီးလေးတစ်ယောက်တို့အကြောင်းကို အဓိကအခြေခံရိုက်ကူးထားတဲ့  Action, Drama, History ဇာတ်ကားဖြစ်ပါတယ်.... ဟိန္ဒူဖြစ်တဲ အမက်ဘုရင်ဟာ သူ့ရဲ့ ထီးနန်းကို ထိပါးလာမဲ့ နန်းတော်တွင်း ပြဿနာနဲ့ သူ့နိုင်ငံကိုတိုက်တော့မဲ့ မဂိုဧကရာဇ်ကြောင့် သူ့ သမီးတော် ဂျိုဓ ကို မွတ်စလင် ဧကရာဇ်Akbarနဲ့ ထိမ်းမြှားစေခဲ့ပါတယ်။ Akbarဟာလည်း ဒီလက်ထပ်မှုက ခိုင်မာတဲ့ မဟာမိတ်တစ်ခု ငြိမ်းချမ်းရေးတစ်ခုကို ဖြစ်စေမယ်လို့ ယူဆပြီး လက်ခံခဲ့ပါတယ်။ ဟိန္ဒူ မွတ်စလင် ဇာတ်ဘာသာ အကွဲတွေကြောင့် အစပိုင်းမှာ ဂျိုဓဟာ အခြေအနေ မဟန်ရင် အဆိပ်သုံးဖို့အထိအမျိုးမျိုး ပြင်ဆင်ခဲ့ပေမဲ့ မွတ်စလင်ဘုရင် အက်ဘာဟာ သူထင်သလို မဟုတ်ခဲ့ပဲ သူ့တောင်းတဲ့ သူ့ဘာသာကိုမပြောင်းနိုင်ကြောင်းနဲ့ သူယုံကြည်ရာဘာသာရဲ့ ဘုရားကျောင်းဆောက်ပေးဖို့တွေ တောင်းဆိုခဲ့ပေမဲ့ မွတ်စလင် ဘုရင်ဟာ လက်ခံခဲ့ပါတယ်။ အချိန်တွေကြာပြီးတဲ့နောက် သူတို့တစ်ယောက်ကို တစ်ယောက် မြတ်နိုးလာကြပေမဲ့ မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု မတူညီတဲ့ဘာသာနှစ်ခုရဲ့ အကျိုးဆက်အကြောင်းတရားတွေကြောင့် မဖြောင့်ဖြူးတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဘယ်လိုတွေကြုံရဦးမလဲဆိုတာ အသင့်အတင့်မှန်တဲ့ သမိုင်းနဲ့ ကြည့်မြင်ခံစားကြရမှာပါ။ ကြာမြင့်ချိန်သုံးနာရီခွဲအတွင်းမှာ သမိုင်းရဲ့ ဖြစ်နေကြ ပြဿနာတွေဖြစ်တဲ့ စစ်ပွဲ .ဘာသာရေးပြဿနာ..ထီးနန်းကိစ္စတွေကို ဧကရာဇ်နဲ့ မင်းသမီးလေးရဲ့ အချစ်ဇာတ်လမ်းကလေးနဲ့ တခမ်းတနားတင်ပြထားတဲ့ ...
movie

Jodhaa Akbar(2008)

2008