Channel Myanmar

Sunny Pawar

Chippa (2019) 6.1
Chippa (2019) ဒီတခါတော့ ဘောလိဒ့်ဝုဒ်ချစ်သူတွေအတွက် IMdb 6.1/10ရထားတဲ့ netflixက ဒရာမာဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါ‌ရစေ. ငယ်ငယ်တည်းက အမေဖြစ်သူက ဆုံးပါးသွားပြီး အဖေဖြစ်သူကလဲ နောက်အိမ်ထောင်နဲ့ ရှောင်ပြေးသွားတာကြောင့် ချီပါလေးဟာ အဒေါ်ဖြစ်သူနဲ့ နေထိုင်ခဲ့ရပါတယ်. သူ၁၀နှစ်ပြည့် မွေးနေ့မှာတော့ သူ့အဖေဆီကစာတစ်စောင်ကို မထင်မှတ်ပဲ ရရှိခဲ့ရပါတယ်. အဲ့စာဟာ အူရဒူစကားနဲ့ရေးထားပြီး သူနားမလည်လို့ ဖတ်တတ်မယ့်လူကို ရှာချင်တာက တကြောင်း အမြဲဆူ‌ပူကျိန်းမောင်းနေတဲ့ သူ့အဒေါ်နဲ့မနေချင်တာကလဲ တကြောင်းကြောင့် သူဟာ အိမ်က ထွက်ပြေးလာခဲ့ပါတယ်. သူရဲ့တကိုယ်တော် ရှာပုံတော်ခရီးမှာ လူကောင်းရော လူဆိုးရောနဲ့ တွေ့ခဲ့ပြီး နောက်ဆုံးမှာ အူရဒူစကားတတ်တဲ့လူနဲ့ တွေ့ပြီး သူ့စာကို ဖတ်နိုင်သွားလားဆိုတာကို စိတ်၀င်စားဖွယ်နဲ့ ရသမျိုးစုံပါအောင် ရိုက်ပြထားနိုင်တဲ့ ဒရာမာဇာတ်ကားလေးပါ. ချီပါလေးရဲ့ စကားတတ်ပုံနဲ့သနားစရာပုံစံလေးကြောင့် ရုပ်ရှင်ချစ်သူတို့ နှစ်သက်မယ်လို့ ထင်ပါတယ်. ကြည့်ရှူခံစားပေးပါဉီးဗျာ.   File Size -  992.5 MB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - YK Encoder - XCode
movie

Chippa (2019)

2019
Lion (2016) 8.0
Lion (2016) Lion (2016) IMDb - 8.0/10_____Rotten - 84% Nominated for 6 Oscars. Another 59 wins & 98 nominationsLion (2016)Saroo ဆိုတဲ့ လူငယ်လေးဟာ သူ့အမေ,သူ့အကို တို့နဲ့အတူ အိန္ဒိယနိုင်ငံက ဆင်ခြေဖုံးရပ်ကွက်လေးမှာ နေထိုင်ပါတယ်။ သူတို့ ညီအကိုနှစ်ယောက်ဟာ ကျောက်မီးသွေးရထားပေါ်က ကျောက်မီးသွေးခဲတွေကို ခိုးယူပီး ပြန်ရောင်းစားတဲ့ အလုပ်ကို လုပ်ကြပါတယ်။ မိခင်ကတော့ ကျောက်တောင်တစ်ခုမှာ ကျောက်ခဲ သယ်တဲ့ အလုပ်ကို လုပ်ပါတယ်။ Saroo တို့ညီအကို နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ ညီအကိုတွေပါ။ တစ်ရက်မှာတော့ သူ့အကို ညပိုင်းလုပ်တဲ့ အလုပ်ဆီ Saroo ကလိုက်သွားခဲ့ပါတယ်။ အလုပ်ကိုရောက်ဖို့ ရထားတဆင့်စီးရပါတယ်။ ဘူတာရုံရောက်တော့ Saroo အရမ်းအိပ်ချင်နေတဲ့အတွက် သူ့အကိုက ခုံတန်းလေးပေါ်မှာ သူ့ညီကိုထားခဲ့ပီး အလုပ်သွားလုပ်ခဲ့ပါတယ်။ Saroo ...
movie

Lion (2016)

2016