Channel Myanmar

Sunny S. Walia

Godless: The Eastfield Exorcism (2023) 6.3
Godless: The Eastfield Exorcism (2023) Godless: The Eastfield Exorcism (2023)" အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် "~ IMDb - 6.3/10, Rotten Tomatoes - 100% ~၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ‌ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်‌မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။ဒီနေရာမှာ ...
movie

Godless: The Eastfield Exorcism (2023)

2023
The Faceless Man 2019 3.2
The Faceless Man 2019 မျက်နှာမဲ့သရဲကြီး ဒီကားက သာမာန်ကားမျိုးတော့မဟုတ်ဘူးဗျ...ဘာသာပြန်တောင် ဘာသာမပြန်ချင်လောက်အောင် လူကိုအတော် စိတ်ညစ်ညူးအောင်လုပ်နိုင်တဲ့ သရဲကားဗျ...အရမ်းကြောက်ဖို့ကောင်းလွန်းလို့လည်း ratingအရမ်းနည်းတာထင်တယ် ကဲ ဒီတော့ ညွှန်းပေးရရင် horrorထဲမှာ တော်တော်လေးကြောက်စရာကောင်း ၊စိတ်ညစ်ညူးစရာကောင်းတဲ့ ကားမျိုးကြည့်ချင်ရင် ဒီကားက ခင်ဗျားအတွက် လုံး၀ကွက်တိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ကင်ဆာရောဂါရနေတဲ့ ကောင်မလေးကို တစ်ချိန်လုံးနောက်ယှက်နေတဲ့ သရဲကြီးရှိတယ်ဗျ...တစ်နေ့တော့ အဲ့ကောင်မလေး အားလပ်ရက် နယ်မြို့လေးတစ်ခုကို သူ့သူငယ်ချင်းတွေနဲ့ အတူ ခရီးထွက်တော့...သူ့နဲ့အတူပါလာတဲ့ ကောင်လေးတွေက မာဖီးယားတွေဆီကနေ ကိုကိန်းထုတ်ကြီး ခိုးလာခဲ့ပါတယ်... အဲ့တော့ မာဖီးယားတွေကလည်း သူတို့ဆီကနေ ကိုကိန်းထုတ်ကြီးကို ပြန်အရယူဖို့ကြိုးစားကြတာပေါ့.... နောက်ထပ် အဲ့မိန်းကလေးအတွက် ကံဆိုးချင်တော့ သူ့ရဲ့သူငယ်ချင်းအုပ်စုထဲမှာ...ကွင်းဆက်လူသတ်သမားကပါလာသေးတယ် ကဲကဲ ဒီလောက်ဆို ဘယ်လောက်အထိအဖြစ်ဆိုးမလဲဆိုတာ ရိပ်မိပြီထင်တယ်...မာဖီးယား...သရဲနဲ့ လူသတ်သမားတို့ရဲ့ လက်ထဲကနေ အဲ့ကောင်မလေး လွတ်နိုင်မလား မလွတ်ဘူးလားတော့ ဒေါင်းပြီးကြည့်လိုက်ကြပါ   File Size : 600 Mb and 300mb Quality : webrip ...
movie

The Faceless Man 2019