Channel Myanmar

Susanne Blakeslee

Cinderella III: A Twist in Time (2007) 6.0
Cinderella III: A Twist in Time (2007)  စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံးဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့Rotten Tomatoes မှာ 75% ရရှိထားပါတယ်။Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင်သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ်တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေးပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကားအတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါစင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေးတွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အားဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှုလိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။  File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Cinderella III: A Twist in Time (2007)