Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Swayam Siddha
9.1
Enaku Endey Kidaiyaathu (2023)
Enaku Endey Kidaiyaathu (သို့) အငမ်းမတော်တစ်ခွက်IMDb-9.1/10 တစ်ပတ်လုံးပင်ပန်းထားတဲ့သောကြာညအတွက် အပန်းဖြေဖို့အသင့်တော်ဆုံးဖြစ်မယ့် suspenseနဲ့comedyကို အချိုးကျရောစပ်ထားတဲ့ ဟာသကားလေးတစ်ကားကို စီအမ်ချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်လေးကလည်း သောကြာညမှာ သပွတ်အူလိုက်သွားတဲ့ ကြောင်ခံတွင်းပျက် တက္ကစီသမားတစ်ယောက်အကြောင်းပေါ့။ တစ်ပတ်လုံးတက္ကစီဆွဲထားရတဲ့ ကားဆရာကြီး ဆေကာတစ်ယောက် ယမကာလုလင်တို့ထုံးစံအတိုင်း တစ်ပတ်တာအမောကို အရက်ဝိုင်းလေးနဲ့ ဖြေဖျောက်ဖို့ကြံတာပေါ့။ဒီလိုနဲ့ နောက်ဆုံးခရီးသည်ကိုပို့ပြီးရင် သူငယ်ချင်းနဲ့အတူ အမှောက်ကစ်မယ်ဆိုတဲ့မိုတီနဲ့ သွားအကြိုမှာတော့ ခရီးသည်ဟာ ဘားကနေထွက်လာတဲ့ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပုံနဲ့ လှလှပပဝတ်စားထားပေမဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ မဒမ်တစ်ယောက်ဖြစ်နေပါသတဲ့။ အချိန်မတော်ကြီး မျက်ဝန်းမှာ မျက်ရည်စတွေတွဲခိုလို့ထွက်လာတဲ့ မဒမ်ကိုကရုဏာသက်မိသွားတဲ့ဆေကာလည်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ထွေရာလေးပါးစကားတွေဖောင်ဖွဲ့ပြောပေးရင်း အထီးကျန်နေတဲ့မဒမ်လေးတစ်ယောက် စကားပြောကောင်းတဲ့ ကားဆရာကြီးနဲ့ မသိမသာခင်မင်သွားကြတော့တာပေါ့။ဒီလိုနဲ့ မဒမ်ရဲ့အိမ်မှာ ချပေးခဲ့တာကို မဒမ်ကအရက်သောက်မှာနဲ့တူတူ သူငယ်ချင်းနဲ့မသောက်ဘဲ သူနဲ့သောက်ဖို့ ရှယ်ပလန်နဲ့ဆွယ်ပါတော့တယ်။ အစကတော့ ဆေကာလည်း စည်းကမ်းဘာညာအကြောင်းပြပြီးမူနေပေမဲ့ မဒမ်အချောလေးကလည်း အဆွယ်ကကောင်း အိမ်ကြီးအိမ်ကောင်းကြီးမှာ အရက်အကောင်းစားတွေလည်းရှိနေမှာဆိုတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်အောင် မဒမ့်အိမ်ကိုလိုက်ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။လောဘဇောရယ်လို့ဖြစ်လာရင် အရှိန်သတ်ရခက်တဲ့ လူ့သဘာဝအရ ဆေကာလည်း အစကတော့ အရက်သောက်ဖို့ပဲသွားတာပေမဲ့ အိမ်အကြီးကြီးထဲမှာ မိန်းမချောလေးနဲ့ နှစ်ယောက်တည်းရှိနေတဲ့အပြင် ဒီလောက်ခမ်းနားတဲ့အိမ်ကြီးရဲ့ရတနာတွေနဲ့အတူ အထီးကျန်နေတဲ့ အိမ်ကြီးရှင်သခင်မကိုပါ ဖြည့်ဆည်းပေးချင်၊ အပိုင်သိမ်းချင်တဲ့စိတ်ရိုင်းတွေဝင်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ...
movie
Enaku Endey Kidaiyaathu (2023)
2023
7.2
Captain Miller (2024)
Captain Miller (2024) "ကပ္ပတိန် မီလာ"IMDb 7.2 ရထားတဲ့ တမီးလ်စကားပြော ဗြတိသျှခေတ် နောက်ခံကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဝါရင့်မင်းသား ဒနွတ်ရှ်နဲ့အတူ Shiva Rajkumar နဲ့ မင်းသမီး Priyanka Mohan တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ရီဗျူးကောင်းတွေရထားရုံမက ရုံတင်ငွေ ၁၀၄ ကုဋေ ရထားတဲ့ ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ဗြိတိသျှခေတ်မှာ အီဆာဆိုတဲ့ ခပ်ဆိုးဆိုးရွာသားတစ်ယောက်က မျိုးရိုးဇာတ်နိမ့်ဇာတ်မြင့် ကွာခြားမှုတွေကို မနှစ်မြို့သူဖြစ်ပြီး လူလေးစားခံရမှုလိုချင်တာကြောင့် အိန္ဒိယ-ဗြိတိသျှ စစ်တပ်ကို ဝင်နေချင်ပါတယ်ဒါပေမဲ့ ဗြိတိသျှကို တော်လှန်ပုန်ကန်နေတဲ့ သူ့အစ်ကိုကတော့ ဒါကို သဘောမတူပါဘူး တစ်နေ့ ဗယ်လာမီဆိုတဲ့ ဇာတ်မြင့်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိပြီး သူနဲ့အဆင်ပြေရင် ဗြိတိသျှစစ်တပ်ထဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်မလေးမှာ ပိုင်ရှင်ရှိနေတာကြောင့် ကောင်မလေးကို မေ့ပစ်ပြီး ဗြိတိသျှစစ်တပ်ထဲ ဝင်သွားပါတယ်အီဆာတစ်ယောက် "ကပ္ပတိန်မီလာ" ဆိုတဲ့ နာမည်နဲ့ သူ့သူငယ်ချင်း ရာဖစ် စတီဖင်တို့နဲ့အတူ သောင်းကျန်းပါတော့တယ် ...
movie
Captain Miller (2024)
2024
4K HEVC
7.6
Sathiya Sothanai (2023)
Sathiya Sothanai (2023) "အမှန်တရားရဲ့တိုက်ပွဲ" IMDb 8.6/10၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ "A Jackfruit Mystery" ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ... ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ ...
movie
Sathiya Sothanai (2023)
2023
5
Love (2023)
Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie
Love (2023)
2023