Channel Myanmar

Takahiro Yokokawa

Summer Wars (2009) 7.6
Summer Wars (2009) Summer wars ဆိုတဲ့ anime ဟာ နိုင်ငံတကာမှာ အထူးထင်ရှားတဲ့ နာမည်ကြီး ဒါရိုက်တာ Hosoda Mamoru ရိုက်ကူးခဲ့တဲ့ Rating မြင့် ကာတွန်းတစ်ကားဖြစ်ပါတယ်.. ဂျပန်ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ရင့်ကျက်တဲ့ဇာတ်အိမ်နဲ့အတူ မိသားစုသံယောဇဉ်.. ချစ်ခြင်းမေတ္တာ.. စည်းလုံးမှု.. မလျှော့သောဇွဲနဲ့အတူ မထင်မှတ်တဲ့အပြောင်းအလဲတွေနဲ့ တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..ဇာတ်လမ်းကတော့ OZ ဆိုတဲ့ တစ်ကမ္ဘာလုံးက ဖုန်း/ကွန်ပျူတာတွေ အင်တာနက်ကတဆင့် ချိတ်ဆက်ကစားနိုင်တဲ့ Digital World ကနေ အစပြုခဲ့ပါတယ်.. လူတိုင်းမှာ ကိုယ်ပိုင်အချက်အလက်နဲ့ဖန်တီးထားတဲ့ ဇာတ်ကောင်တစ်ကောင်ဆီပိုင်ဆိုင်ပြီး shopping ထွက်တာ စီးပွားရေးလုပ်ငန်းတွေ အုပ်ချုပ်သူအစိုးရပိုင်းတွေ ရေပိုက်လိုင်း လျှပ်စစ်စနစ်ကအစ အပြင်လောကနဲ့ထပ်တူ လှုပ်ရှားကစားနိုင်တဲ့ virtual world game တစ်ခုလဲဖြစ်ပါတယ်..ခဲန်းဂျိလို့ခေါ်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ သင်္ချာအိုလံပစ်မှာ ဂျပန်နိုင်ငံကိုယ်စားပြုအဖြစ်က လွဲချော်ခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ပါ.. တစ်ရက် သူ့စီနီယာမမက အဖွားမွေးနေ့မှာ သူ့ရည်းစားအဖြစ်နဲ့ ...
movie

Summer Wars (2009)

2009