Channel Myanmar

Takehiro Hira

We Couldn’t Become Adults (2021) 6.5
We Couldn’t Become Adults (2021) We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie

We Couldn’t Become Adults (2021)

2021
Lost Girls & Love Hotels (2020) 4.4
Lost Girls & Love Hotels (2020) မာဂရက် (Alexander Daddario) ဆိုတဲ့ ကောင်မလေးကနေ့ဘက်မှာ ဂျပန်လေယာဉ်မယ်သင်တန်းကျောင်းက သင်တန်းသူတွေကိုအင်္ဂလိပ်စာအသံထွက်သင်ပေးပါတယ် ညဘက်မှာဆိုရင်တော့ကောင်လေးတွေနဲ့ပျော်ပါးပြီး သူ့ဘဝရဲ့ဒဏ်ရာတွေကို မေ့ပျောက်ပစ်ဖို့ကြိုးစားနေသူပါမာဂရက်က တစ်ညမှာတော့ စူးရှတဲ့မျက်လုံးတွေနဲ့ယောက်ျားပီသတဲ့ ယာကူဇာ ကဇု (Takehiro Hira)နဲ့ဆုံမိပါတော့တယ်အထီးကျန်နေတဲ့ကောင်မလေးနဲ့ ယာကူဇာ ကဇုတို့ဘယ်လိုချစ်ကြိုးသွယ်ကြမလဲဆိုတာကြည့်ရမှာပဲဖြစ်ပါတယ်18+ အခန်းတွေပါတာမို့ 18 ယောက်စုပြီးမှ ကြည့်ဖို့အကြံပေးချင်ပါတယ်Covid ကာလဆိုတော့ 18 ယောက်စုပြီးလည်း 6ပေခြားပြီးမှကြည့်ကြပေါ့နော်xD ဒီဇာတ်ကားထဲမှာဆိုရင် သေသင့်တဲ့အပြစ်လုပ်မိတဲ့ယာကူဇာဂိုဏ်းသားတွေကို ကိုယ့်လက်သန်းကိုယ်ဖြတ်ခိုင်းတဲ့ထူးခြားတဲ့ဓလေ့ကိုပါတွေ့ရမှာဖြစ်ပါတယ် File Size : ( 910 MB , 285 MB) Quality : WEB-DL 720p Running Time : 1 hr 37 min Format : Mp4 ...
movie

Lost Girls & Love Hotels (2020)