Channel Myanmar

Tan Xin-Zer

Doll Bride ( 2024 ) 5.9
Doll Bride ( 2024 ) ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီး လှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာ မြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာ လှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားက အမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာက တစ္ဆေမင်္ဂလာဆောင်မှဆိုတော့ ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲက တကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။ သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီး မင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့...တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့ နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရော ဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyo Encoded by LK
movie

Doll Bride ( 2024 )

Paper Bride ( 2023 ) 5.9
Paper Bride ( 2023 ) မင်ကော်ခေတ်ဦးပိုင်းမှာ ချင်းပေါင်ရွာရှိ မာမိသားစုက သခင်မကြီးဟာ ရောဂါကြောင့်သေသွားတဲ့ မြေးကြီးမာပုမင်အတွက် တစ္ဆေမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ မင်္ဂလာပွဲမှာ စက္ကူနဲ့လုပ်ထားတဲ့ သတို့သမီးက အသက်ရှင်လာခဲ့ပြီး မင်္ဂလာပွဲဟာ ရှုပ်ထွေးသွားခဲ့ပါတယ်။နတ်ဆရာက မာမိသာစုရဲ့ ဒုတိယမြေးလေး မာပုခွိုက်ရဲ့သွေးက စက္ကူသတို့သမီးကိုယ်ပေါ် စွန်းမိသွားတဲ့အတွက် စက္ကူသတို့သမီးရဲ့ တွယ်ကပ်ခြင်းကို ခံရတာလို့ ပြောပြီး မာပုခွိုက်ကို မာအိမ်မှာ ထွက်သွားဖို့ ပြောခဲ့ပါတယ်။၁၁ နှစ်ကြာပြီးနောက် မာပုခွိုက်ဟာ သူ့ချစ်သူ လီကျောင်းတိနဲ့အတူ ရွာပြန်ပြီး လက်ထပ်ဖို့အရေးဆွေးနွေးဖို့ ပြန်လာခဲ့ပါတယ်။ သူမာအိမ်ကို ပြန်လာပြီးနောက် ထူးဆန်းတဲ့ လူသေမှုတွေ ဆက်တိုက် ဖြစ်လာပါတော့တယ်။ တစ္ဆေသရဲအကြောင်း မယုံတဲ့သူက ဒီကိစ္စကို ထူးခြားတယ်လို့ ထင်ပြီး ကိုယ်တိုင်မေးခွန်းတွေကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ပါတယ်။စက္ကူသတို့သမီးက အသက်ပြန်ရှင်လာပြီး လူသတ်မှုမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ...... လွန်ခဲ့တဲ့ ၁၁ နှစ်ကရော ဘယ်လို မသမာမှုတွေ ရှိခဲ့မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်အဖြေရှာ လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Paper Bride ( 2023 )

Legend Of The Immortal ( 2023 ) 5.9
Legend Of The Immortal ( 2023 ) ဆန်းဆန်းပြားပြား သဘာဝလွန်ဇာတ်ကားကြိုက်သူတို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လူသားလောကကို ကိုယ့်အသက်တစ်ချောင်းစတေးလိုက်လို့ ကယ်တင်လို့ရရင် ကယ်တင်မှာလား... ကိုယ့်အသက်ကို စတေးရမယ်ဆို လူတိုင်း တွံ့ဆုတ်သွားမှာပါပဲ... ဒါပေမယ့် တကယ်လို့ ကပ်ဆိုးကြီးရဲ့ အစက ကိုယ်ကိုယ်တိုင်ဆိုရင်ရော လူသားလောကကို ပစ်ထားနိုင်ဦးမှာလား...ဒီဇာတ်လမ်းထဲက ယုံဖန်းကတော့ လူသားလောကကို ရှင်းထုတ်ဖို့ မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ ဟွမ်ဖန်းကြယ်စွမ်းအားကို လက်ခံရရှိထားတဲ့ သူထဲက တစ်ယောက်ပေါ့...ဒါကြောင့်လည်း မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် သူ့ကို အဖွဲ့အားလုံးက လိုက်ရှာနေလို့ ဘဝတစ်လျှောက် လူ့မိစ္ဆာ လူထူးဆန်းအနေနဲ့ ထွက်ပြေးနေခဲ့ရသူတစ်ယောက်ပေါ့... ဒီတော့ ယုံဖန်းအနေနဲ့တော့ လူသားတွေအပေါ် မေတ္တာမရှိသလို မိစ္ဆာတွေကိုလည်း ကူညီဖို့ ဆန္ဒမရှိဘူးပေါ့...ဆိုတော့ တွေဝေနေတဲ့ ယုံဖန်းတစ်ယောက် ဘယ်လိုရွေးချယ်မှာလဲ... လူသားတွေကြောက်နေတဲ့ မိစ္ဆာဆိုတာ တကယ်ပဲ ကြောက်စရာကောင်းတာလား... ဇာတ်ကားလေးက စိတ်ဝင်စားစရာ အဖြေတစ်ခုပေးမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery Runtime : 1h 21 min Subtitle : ...
movie

Legend Of The Immortal ( 2023 )

Justice Bao-The Myth of Zhanzhao (2020) 5.6
Justice Bao-The Myth of Zhanzhao (2020) ဒီတစ်ခါ ပေါင်ချိန်ကားလေး version အသစ်ပါဒီကားက ကျန်ကျောင်းဇာတ်လို့ ပြောလို့ရပါတယ်ကျန်ကျောင်းရဲ့ ဆရာတူအစ်မဆိုသူက တိုင်းပြည်ကိုဆန့်ကျင်တဲ့သူပုန်ခေါင်းဆောင်ဖြစ်နေလို့ပါပဲ...ကျန်ကျောင်းခဗျာ ဆရာတူအစ်မကို သတ်ပြီး သစ္စာစောင့်သိရမလား...ဆရာတူအစ်မနောက်လိုက်ပြီး တိုင်းပြည်ကို ဆန့်ကျင်ရမလား...နောက်ပြီး သူဖြစ်ချင်သလို သူဖျောင်းဖျနေသလို အရာအားလုံး ပြည်ဖုံးကား ချပြီးအဝေးကို ထွက်သွားဖို့ သူ့ ဆရာတူအစ်မ လက်ခံပါ့မလား...ဒီလိုတွေဗျာများတဲ့ကားလေးပါ။ ဒီလိုဗျာများလို့ စိတ်ဝင်စားဖို့မကောင်းဘူးမထင်နဲ့နော်။စစ်ဘေးမဟုတ်ဘဲ သဘာဝဘေးကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေဘက်ကတိုင်းပြည်ကို မြင်တဲ့အမြင်... တိုင်းပြည်က ပြည်သူတွေကို ကြိုးစားပြီးကူညီတာတွေ နောက်ဆုံး ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ အဖျက်သမားပုန်ကန်သူတွေအကြောင်း တစ်စေ့တစ်စောင်း မြင်တွေ့နိုင်တာမို့ကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ Translated & Revivew By Chu ChuEncoded By LK
movie

Justice Bao-The Myth of Zhanzhao (2020)

Devil’s Vendetta ( 2019 ) 5
Devil’s Vendetta ( 2019 ) ဒီကား​လေးကနတ်​ဘုရား​လောင်းလျာ​လေးနဲ့ ​မြေ​ခွေးနတ်​ဆိုးမ​လေးကြားကအချစ်​​တွေကို ​ဖော်​ပြထားတဲ့ 2019ထွက်​ဇာတ်​ကား​ကောင်း​လေးဖြစ်​ပါတယ်​...တန့်​စိမ်းဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ဟာ ​ကောင်းကင်​စာအုပ်​ဆိုတဲ့အစွမ်းထက်​တဲ့စာအုပ်​​လေးကိုပိုင်​ဆိုင်​ထား​ပေမယ့်​သူကိုယ်​တိုင်​​တောင်​မသိထားတဲ့အပြင်​ သူကိုယ်​တိုင်​ကနတ်​ဘုရားအ​လောင်းအလျာ​လေးဖြစ်​​နေတာကိုလည်းမသိခဲ့ပါဘူး..ဒီလိုနဲ့ ​ကောင်းကင်​စာအုပ်​ရှိ​နေ​ကြောင်းအာရုံခံမိသွားတဲ့​မြေ​ခွေးနတ်​ဆိုးတစ်​သိုက်​ဟာ သူ့ဆီက​နေလုယူနိုင်​ဖို့အမျိုးမျိုးကြံစည်​ပါ​တော့တယ်​...ဒါ​ကြောင့်​နတ်​ဆရာလွမ်​ကိုသူ့ကိုကာ​ကွယ်​​ပေးဖို့ငှါးရမ်းထားခဲ့ပါတယ်​..ဒီလိုနဲ့​မြေ​ခွေးနတ်​ဆိုးမ​လေးမိန့်​အယ်​ဟာ တန့်​စိမ်းကိုချစ်​မိသွားပြီးဘယ်​လို​တွေကာကွယ်​​ပေးမှာလဲ...သူတို့နှစ်​ဦး​ပေါင်းစည်းနိုင်​ပါ့မလား..ဘယ်​လို​တွေကြုံ​တွေ့ရမှာလဲဆိုတာ​တွေကို ကြည့်​ရှုခံစားရမှာဖြစ်​ပါတယ်​ Translated & Review By Phyo ZawEncoded By LK
movie

Devil’s Vendetta ( 2019 )

2019