Channel Myanmar

Taro Suruga

One-Percenter (2023) 6.3
One-Percenter (2023)  အက်ရှင်ကားဆိုအစစ်အမှန်တွေကိုသုံးပြီးချပြချင်တဲ့ဆန္ဒရှိနေတဲ့ အက်ရှင်မင်းသား တာခုမာတိုရှီရိုတစ်ယောက် သူ့ရဲ့ရည်ရွယ်ချက်‌ကိုအကောင်အထည်ဖော်ဖို့အတွက်ကြိုးစားပုံစံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ‌တိုရှီရိုက အက်ရှင်ကား‌တွေမှာ ကြိုးတွေ ကွန်ပျူတာအထူးတည်းဖြတ်မှုတွေကိုသုံးတာကို သဘောမတွေ့တာနဲ့အညီ သူကိုယ်တိုင် အက်ရှင်လောကကိုပြောင်းလဲဖို့ကြိုးစားပါတော့တယ်။သိုင်းနည်းနာတွေ ၁၀ နှစ်ကျော်သင်ယူပြီးတဲ့နောက်မှာ အာခီရာဆိုတဲ့ သူ့အပေါ်လေးစားအားကျတဲ့တပည့်လေးတစ်ယောက်နဲ့ဆုံဖြစ်သွားတယ်။အဲမှာပဲ တိုရှီရိုဟာ အာခီရာနဲ့အတူ သူ့အိပ်မက်ဖြစ်တဲ့ အက်ရှင်ကားစစ်စစ်ကိုဖန်တီးဖို့အတွက် ဆရာတပည့်နှစ်ယောက် လူမနေတဲ့ကျွန်းကြီးပေါ်မှာ ရုပ်ရှင်ရိုက်ကူးဖို့သွားလိုက်တဲ့အခါမှာ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.3GB)/( 730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

One-Percenter (2023)

It’s All My Fault (2022)
It’s All My Fault (2022) It’s All My Fault (2022)ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း ...
movie

It’s All My Fault (2022)

2022
A Family (2021) 7.0
A Family (2021) A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie

A Family (2021)