Channel Myanmar

Taylor Cole

One Winter Proposal (2019) 7.8
One Winter Proposal (2019) 2018 ခုနှစ်မှာထွက်ရှိခဲတဲ့ One winter weekend ရဲ့ အဆက်လေးပါ...One winter weekend ကို မကြည့်ရသေးတဲ့သူတွေအတွက်တော့ spoiler လေးတွေပါနိုင်ပါတယ်နော်ဇာတ်လမ်းနာမည်ကိုကြည့်တာနဲ့တင် ဇာတ်လမ်းကိုခန့်မှန်းမိလောက်ပါပြီဇာတ်လမ်းအစမှာတော့ ကယ်ရာတစ်ယောက် မနှစ်ကနယူးယားညမှာအသည်းကွဲပြီးရည်းစားမထားတော့ဘူးလို့ ကြွေးကြော်ခဲ့သလောက်ဒီနှစ်နယူးယားမှာတော့ အတိုးချပြီးတော့ကို ကြည်နူးနေတာပါOne winter weekend ရဲ့ဇာတ်သိမ်းမှာ သူငယ်ချင်းလေးယောက်ကိုယ်စီကိုယ်စီအလုပ်ကထွက်ခဲ့ကြပြီး ဒီအပိုင်းမှာတော့အလုပ်သစ်ကိုယ်စီ ဘဝသစ်ကိုယ်စီနဲ့ကနေဒါတောင်တန်းလေးတွေဆီ ပြန်ရောက်လာကြပါတော့တယ်အလုပ်တွေပြောင်းသွားသလို သူတို့အချစ်တွေကရော ပြောင်းသွားမှာလားဇာတ်သိမ်းကို Twilight ဇာတ်ကားထဲက ဂန္တဝင်ဇာတ်ဝင်သီချင်းလေးA Thousand Years နဲ့ပိတ်ထားပြီး ဝမ်းသာမျက်ရည်ပဲကျရမလားဝမ်းနည်းမျက်ရည်ပဲကျရမလားဆိုတာကိုတော့ဇာတ်ကားထဲမှာပဲ ကြည့်ရှူလိုက်ကြပါတော့ဒီ location ဒီလူတွေနဲ့ပဲပြန်ရိုက်ထားပေမဲ့ဇာတ်လမ်းလေးက ပျင်းစရာကောင်းမသွားပဲ လှပပြီးရင်းလှပနေတော့တာပါသူတို့ရဲ့ သူငယ်ချင်းသံယောဇဥ်တွေကို အားကျရမှာဖြစ်သလိုအလုပ်နဲ့ကိုယ်ရေးကိုယ်တာ balance ဖြစ်အောင်ကြိုးစားကြပုံလေးတွေကိုလည်း တွေ့မြင်ကြရမှာပါFile Size -  936 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San Khant
movie

One Winter Proposal (2019)

2019
One Winter Weekend (2018) 7.3
One Winter Weekend (2018) Romanceချစ်သူတို့အတွက် ဆောင်းရာသီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ "ကယ်ရာ"ဟာ အမျိုးသမီးမဂ္ဂဇင်းတစ်ခုရဲ့ relationship ကဏ္ဍက စာရေးဆရာမတစ်ယောက် သူလုပ်ရတဲ့အလုပ်က datingနဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ dating stories လေးတွေကို ဆောင်းပါးတွေရေးပေးရတာပါ ဒီလိုအချစ်အကြောင်းတွေရေးနေတဲ့ စာရေးဆရာမလေးကိုယ်တိုင်ကတော့ ပျော်ရွှင်စရာနယူးယားညလေးမှာ သူ့ရည်စားအသစ်စက်စက်လေးဖောက်ပြန်တာကို ခံလိုက်ရတဲ့အခါမှာတော့ လက်တလောလုံးဝ ရည်းစားမထားတော့ဘူးဆိုပြီး သန္ဓိဌာန်ချလိုက်ပါတော့တယ် ဒီလိုနဲ့မဂ္ဂဇင်းတိုက်ရဲ့ဘော့စ်ကြီးက ဆင်ဂယ်ဖြစ်နေရင် ရေးစရာကုန်ကြမ်းမရှိပဲနေမယ်ဆိုပြီး ကယ်ရာ့အချစ်ဆုံးသူငယ်ချင်း "မက်ဂန်"သွားမဲ့ နှင်းလျှောစီးခရီးစဥ်မှာ ကယ်ရာ့ကိုပါထည့်ပေးလိုက်တဲ့အခါ One winter weekend ဆိုတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာပါတော့တယ် ကံကြမ္မာအကြောင်းဖန်တော့ နှင်းလျှောစီးကွင်းမှာ သူတို့တည်းဖို့ငှားထားတဲ့အိမ်ကို "ဘန်"နဲ့"ရှန်း"ဆိုတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက်ကလည်းငှားပြီးသားဖြစ်နေလေရဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းနေတာချင်းတူတူ ဘန်တို့ကိုမှ လက်ဆောင်ခြင်းတွေပို့လိုက်၊ နှင်းလျှောစီးဘုတ်တွေပို့လိုက်နဲ့ဆိုတော့ လျှို့ဝှက်ဆန်းကြယ်တွေကိုဖြေရှင်းရတာကြိုက်တဲ့ ကယ်ရာတစ်ယောက် ဘန့်ရဲ့သရုပ်မှန်ကိုသိချင်လာပါတော့တယ် ဘန့်ရဲ့ဖုံးကွယ်ထားတဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဘန့်ရဲ့အဲ့ဒီအချက်ကရော သူတို့နှစ်ယောက်ရဲ့ relationshipအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲ ရည်းစားမထားခြင်းအနုပညာဆိုတဲ့ဆောင်းပါးကိုရေးနေတဲ့ ကယ်ရာကရော တကယ်ပဲတစ်ကိုယ်တည်းခရီးဆက်တော့မှာလား... ဆိုတာတွေအပြင် ဒီဇာတ်လမ်းလေးကိုပိုပြီးအသက်ဝင်စေတာကတော့ ကနေဒါတောင်တန်းတွေရဲ့ နှင်းဖုံးနေတဲ့အလှလေးပါပဲ Pure romance storyline လေးရယ် ဇာတ်ဆောင်နှစ်ယောက်လုံးက စာအုပ်တွေကိုချစ်တတ်တဲ့သူဖြစ်နေတာရယ် မင်းသားနဲ့မင်းသမီး တောင်ပေါ်ကို cableနဲ့တက်တဲ့အခန်းမှာ ပြောတဲ့ ဒိုင်ယာလော့လေးတွေ၊ လှပတဲ့ရှုခင်းလေးတွေရယ် Best friend တွေကြားကသံယောဇဥ်တွေ၊ တစ်ယောက်ဘဝကို တစ်ယောက်မြှင့်တင်ပေးပုံလေးတွေရယ် etc.တွေကြောင့် Romance ချစ်သူတွေအတွက်တော့ ကနေဒါနှင်းတောင်တန်းတွေဆီ စိတ်ကူးနဲ့အလည်သွားရင်း အေးအေးချမ်းချမ်းလေး ကြည့်လို့ကောင်းမဲ့ ကားလေးတစ်ကားပါပဲ   File Size -  941 mb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San ...
movie

One Winter Weekend (2018)

2018
1st Born(2019) 5.4
1st Born(2019) 1st Born(2019)(unicode)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....(zawgyi)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....File Size : (850 MB) ...
movie

1st Born(2019)

2018