Channel Myanmar

Taylor James

Sharpay’s Fabulous Adventure (2011)
Sharpay’s Fabulous Adventure (2011) Sharpay's Fabulous Adventure (2011)~ Rotten Tomatoes - 60% ~Disney Musical Movie တွေ ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် 2011 ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ နာမည်ကြီး Musical Movies တွေဖြစ်တဲ့ High School Musical တွေထဲက ကာရိုက်တာတစ်ယောက်ဖြစ်တဲ့ Sharpay Evans ကို မူလသရုပ်ဆောင်နဲ့ပဲ သက်သက်ခွဲထွက်ပြီး ရိုက်ကူးထားတာပါ။ရှာပေဟာ သူတို့နယ်မြို့လေးက Country Club မှာ ခွေးလေးဘွိုင်နဲ့အတူတကွ ဖျော်ဖြေတာကို Broadway က နာမည်ကြီးဒါရိုက်တာက တွေ့ပြီး သဘောကျတဲ့အတွက် လူရွေးပွဲ ၀င်ပါဖို့ ကမ်းလှမ်းခံရပါတယ်။ Musical အသစ်မှာ ပါ၀င်သရုပ်ဆောင်မယ့် Star က သူအရမ်းကြိုက်တဲ့ Idol အမ်ဘာလီအာဒမ်စ်ပါတဲ့။ ရှာပေက သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ...
movie

Sharpay’s Fabulous Adventure (2011)

2011
Samson (2018) 4.6
Samson (2018)  ဒီတစ်ခါတော့ လတ်တလောထွက်ရှိလာတဲ့ ကားသစ်တွေထဲကမှ Samson (2018)ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Samsonဆိုတာကတော့ ဟီဘရူးကျမ်းစာပါ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဆမ်ဆန်ဆိုတာ ဘုရားသခင်ကပေးအပ်ထားတဲ့စွမ်းအင်တွေနဲ့ပြည့်စုံတဲ့လူသားပါ။ ထိုစွမ်းအင်တွေကိုကောင်းစွာထိန်းသိမ်းထားနိုင်ဖို လိုက်နာရတဲ့စည်းကမ်းချက်၃ခုရှိပါတယ်။ဆံပင်မညှပ်ရ၊အရက်မသောက်ရ၊ အသေကောင်တွေကိုမထိရဆိုတာတွေပါပဲ။ဆမ်ဆန် မွေးဖွားလာတဲ့အချိန်မှာ ဟီဘရူးတွေကိုဖီလစ်စတင်းလူမျိုးတွေက ကျွန်ပြုအုပ်စိုးနေတဲ့အချိန်ဖြစ်နေပြီး မျိုးနွယ်ရဲ ့မျှော်လင့်ချက်က သူ့အပေါ်မှာပါ။ဒါပေမယ့် စိတ်ထားအရမ်းကောင်းတဲ့ဆမ်ဆန်တစ်ယောက် အများအကျိုးတွက်ဆောင်ရွက်နိုင်ခဲ ့ရဲ ့လား။သူရဲ ့စည်းကမ်းချက်၃ခုကိုရောမကျိုးမပေါက်​အောင်စောင့်ထိန်းနိုင်ပါ့မလား။သူတို့မျိုးနွယ်စုကရော ဘယ်လိုရုန်းကန်လှုပ်ရှားရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။သမ္မာကျမ်းစာပါ နာမည်ကြီးဇာတ်ကောင် Samsonအကြောင်းကို အခုဒီSamson(2018)ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရနေပါပြီ။Imdb Rating 4.3Rotten Tomatoes 25%ရရှိထားပါတယ်။Qty - 720p Web DLGern - HistoricalDuration - 1hr 50minTranslator - Aye Mon KyawReview - Aye Mon KyawEncoder - Kyaw Ye Aung
movie

Samson (2018)

2018