Channel Myanmar

Temper Vamsi

Bujji… Ila Raa (2022) 8.3
Bujji… Ila Raa (2022) Bujji Ila Raa ( 2022 ) IMDb 8.3/10ဒီတစ်‌ခေါက်မှာတော့ မှုခင်းရုပ်ရှင်တွေမှကြိုက်တယ်ဆိုသူတွေအတွက် နောက်ထပ်Teluguမှုခင်းဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ဝါရန်ဂယ်လို့‌ခေါ်တဲ့မြို့တစ်မြို့မှာ ပြန်ပေးဆွဲမှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ပြန်ပေးဆွဲခံရသူတွေကလည်း အသက်ရှစ်နှစ်အရွယ်မိန်းကလေးတွေချည်းပါပဲ။စီအိုင်ရဲအရာရှိ ကီရှိုးနဲ့မိသားစုဟာလည်း အဆိုပါမြို့ကိုပြောင်းရွေ့လာရတဲ့အတွက် အရာရှိကီရှိုးတစ်ယောက် ပြန်ပေးဆွဲမှုတွေကိုစုံစမ်းစစ်ဆေးရပါတော့တယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးအရေအတွက်ဟာလည်း တစ်စထက်တစ်စပိုများလာခဲ့ပြီး အလောင်းတွေကိုပါတွေ့ရှိလာရပါတယ်။ ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ နှလုံးတွေကိုပဲထုတ်ယူထားတာတွေ့ရှိရတဲ့အတွက် ကိုယ်တွင်းကလီစာမှောင်ခိုမှုတွေနဲ့များ ဆက်စပ်လေမလားဆိုပြီး အရာရှိကီရှိုးတစ်ယောက် ဦးနှောက်ခြောက်ရပြန်ပါတယ်။ ပြန်ပေးသမားတွေရဲ့နောက်ကွယ်မှာ ဘာတွေများရှိနေတာလဲ ...မြို့ကကလေးတွေရဲ့အန္တရာယ်ကိုရော ဖယ်ရှားပေးနိုင်ပါ့မလား ... ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး ဇာတ်လမ်းရဲ့အလယ်လောက်မှာ မထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အံ့အားသင့်စေဦးမှာပါ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရင်ခုန် ကြည့်ရှုပေးကြပါဦး။ File size…2.2GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie

Bujji… Ila Raa (2022)

2022