Channel Myanmar

Tenzin Dhargye

One and Four ( 2023 ) 5.9
One and Four ( 2023 ) ဆောင်းရာသီအေးအေးလေးမှာ နှင်းတောထဲက တွေးစရာတွေအပြည့်နဲ့ suspenseဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ နှင်းတွေဖုံးလွှမ်းနေတဲ့ တောထဲကသစ်လုံးအိမ်လေးမှာ တစ်ယောက်ထဲစိတ်ညစ်ညစ်နဲ့အရက်မူးနေတဲ့ သစ်တောထိန်းသိမ်းရေးသမားတစ်ယောက်...... သူမနက်နိုးလာတဲ့အချိန်မှာ လူတစ်ယောက်ဟာသေနတ်တစ်လက်နဲ့ အိမ်ထဲကိုအတင်းဝင်လာပါတယ်။သူဟာသစ်တောဆိုင်ရာရဲအရာရှိတစ်ယောက်ဖြစ်ပြီး တားမြစ်သားကောင်တွေကိုအမဲပစ်တဲ့ တရားခံကိုဖမ်းရင်းရောက်လာပါတယ်လို့ပြောပြီး သူ့ကိုတရားမဝင်မုဆိုးကူဖမ်းပေးဖို့ပြောလာတယ်။ အဲဒီမတိုင်ခင် မနက်မိုးမလင်းခင်မှာသစ်လုံးအိမ်ကိုရောက်လာပြီး မိန်းမရဲ့ကွာရှင်းစာနဲ့ အရက်ပုလင်းတွေယူလာပေးတဲ့ တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်...... သူဟာပြန်သွားချိန်မှာ တောထဲမှာလမ်းပျောက်သွားခဲ့လို့ သစ်လုံးအိမ်ကိုပြန်လာတာလို့ပြောပြန်တယ်။အဲဒီနောက် သေနတ်တစ်လက်နဲ့ရဲအရာရှိတစ်ယောက်ရောက်လာပြန်တယ် သူကလဲ တရားမဝင်မုဆိုးကိုလိုက်ဖမ်းနေတာလို့ပြောပြန်တယ်။ တကယ်ပဲ ဘယ်သူပြောတဲ့ဇာတ်လမ်းကအမှန်ဖြစ်နေမလဲ...... ဘယ်သူကတရားမဝင်မုဆိုးဖြစ်မလဲ....... နှင်းတောထဲကလျှို့ဝှက်ချက်ရဲ့အဖြေဟာဘာဖြစ်နေမလဲ....... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

One and Four ( 2023 )