Channel Myanmar

Tian Yu

Under the Light ( 2023 ) 6
Under the Light ( 2023 ) ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်‌ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ဒီလိုနဲ့ဒီ‌ဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့... အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

Under the Light ( 2023 )

Godspeed ( 2023 ) 5.8
Godspeed ( 2023 ) ယခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် မင်းသားချောလေး Fan Cheng Cheng နဲ့ မင်းသမီးချောလေး Zhang Jingyi တို့ရဲ့ ပေါ့ပေါ့ပါးပါးဟာသကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကုန်ကားအဖွဲ့ခေါင်းဆောင် ကျိုးတုန်းဟိုင်နဲ့ သူ့ဇနီး ဟော့မေမေတို့ဟာ ကိစ္စတချို့ကြောင့် သမီးဖြစ်သူ ကျိုးဝေးယွီနဲ့ သမီးရဲ့ရည်းစား ဝမ့်ရိဖန်နဲ့အတူ ကားမောင်းခရီးနှင်ခဲ့ပါတယ်။ လူမသိလမ်းမသိတဲ့ ခရီးကို စတင်ပြီး ကျိုးတုန်းဟိုင်ဟာ အခွင့်အရေးရတုန်း သားမက်လောင်းကို ဘက်ပေါင်းစုံကနေ စစ်ဆေးကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။ဝမ့်ရိဖန်ကလည်း အမှားပေါင်းစုံကို လုပ်နေခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကျိုးတုန်းဟိုင်ရဲ့ ရန်သူကြီး ဌာနမှူးကျာရဲ့ အပန်းဖြေကားပြဿနာကြီးဖြစ်ခဲ့ပြီး ဝေးယွီရဲ့ ငယ်သူငယ်ချင်းကွမ်းကျီရဲ့ တောကြက်စံအိမ်မှာ အရက်မူးပြီး ပြဿနာကြီးဖြစ်ခဲ့ပါတယ်။လမ်းပေါ်က ဆီသူခိုးအဖွဲ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသေးတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ခရီးလမ်းမှာ ကျိုးတုန်းဟိုင်တစ်ယောက် ဝမ့်ရိဖန်ကို သဘောကျနိုင်ပါ့မလားဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုခံစားကြရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Drama Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Godspeed ( 2023 )

Shallow ( 2022 ) 6.3
Shallow ( 2022 ) ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တိုအတွက် ကြည့်ရင်းနဲ့ အားတက်လာစေမယ့် အမျိုးသမီးလက်ဝှေ့ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမျိုးသမီးလက်ဝှေ့လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ပိုင်ယန်ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က အမှားတစ်ခုကြောင့် ထောင်ကျခဲ့ပြီး တစ်နှစ်အရွယ်သားလေးနဲ့ ခွဲခွါခဲ့ရပါတယ်။ထောင်ထဲက ထွက်လာပြီးနောက် သားလေးနဲ့တူတူ ပြန်နေချင်ပေမဲ့ သူမရဲ့ အခြေအနေကြောင့် အစ်မဖြစ်သူရဲ့ တားဆီးခြင်းကို ခံခဲ့ရပါတယ်။ လက်ဝှေ့ပဲထိုးတတ်တဲ့ သူမဟာ လက်ဝှေ့နည်းပြရှန်ဟောက်ရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဘယ်လိုကြိုးစားမလဲ...... သူတို သားအမိတတွေ ပြန်လည်ဆုံဆည်းနိုင်ပါ့မလား ဆိုတာကို ရုပ်ရှင်ကြည့်ရင်း လိုက်ပါခံစားလိုက်ပါဦး... Quality : WEB-DL 1080p , 480p Format : mp4 Genres  : Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu , Moon Encoded by LK
movie

Shallow ( 2022 )

Nice View (2022) 6.7
Nice View (2022)   "ဘာလုပ်လုပ် တင့်တယ်"ဆိုတဲ့စကားက ဂျင်​ဟောင်ဆို​တဲ့ လူငယ်နဲ့လားလားမှပင် မသက်ဆိုင်ဟုဆိုရမည်။ အထက်တန်း​ကျောင်းသားဘဝကတည်းက မိတဆိုးဖြစ်ခဲ့သည့် ဂျင်​ဟောင်ကို အ​​ဖေဖြစ်သူပါ ပစ်ထားခဲ့တာ​ကြောင့် ​​ကျောင်းထွက်ကာ ဖုန်းပြုပြင်​ရေးဆိုင်ဖွင့်ပြီး ရောဂါသည်ညီမ​နဲ့အတူ ဘဝကို ရုန်းကန်ရှင်သန်နေသူပါ။​ရောဂါသည် ညီမ​လေးက ​မွေးရာပါနှလုံး​ရောဂါ​ကြောင့် ခွဲစိတ်မှုကို မဖြစ်မ​နေလုပ်ရမယ့်အချိန် ​ ငွေအင်မတန်လိုလာတဲ့ ဂျင်​ဟောင်ဟာ သူတတ်ကျွမ်းတဲ့ ဖုန်းပြုပြင်ပညာနဲ့ အခက်အခဲများစွာကို ရင်ဆိုင် ​ကျော်ဖြတ်ရင်း လိုအပ်​နေတဲ့ ခွဲစိတ်စရိတ်ကို ဘယ်လိုရှာ​ဖွေမလဲ။ လောကဓံတွေ၊ အနိမ့်အမြင့် အတက်အကျ​တွေက ဘယ်လိုပုံစံမျိုး​ပေါ်လာကြမလဲ၊ ဒါ​တွေကို ​မောင်နှမ၂​ယောက် ဘယ်လိုကြံ့ကြံ့ခိုင် ရင်ဆိုင်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ။ဇာတ်​​ကြောင်းကို ဖတ်မိလိုက်ရင် ဇာတ်ကားရဲ့ အရသာအ​တော်​ကို လျော့သွားနိုင်တယ်လို့ ယူဆမိလို့ အများကြီးမညွှန်းဆို​တော့ပါဘူး။ IMDbမှာ 6.7, MyDramaListမှာ 8.3အထိ ရထားပြီး ၂၀၂၂ခုနှစ် ပြည်တွင်းရုံဝင်​ငွေအ​ကောင်းဆုံး ထိပ်ဆုံး၁၀ကားထဲမှာ ကန်​ဒေါ်လာ ၂၂၁သန်းနဲ့ ရပ်တည်​နေပါတယ်။ ဒီ stats​တွေက အလကားရခဲ့တာမဟုတ်​​ကြောင်း ဒီ​Dramaဇာတ်ကားက ​သေချာ​လေးပုံ​ဖော်ရိုက်ကူးထားပါတယ်။ တစ်ခါတ​လေ မဲပြာပုဆိုးဇာတ်တွေကပဲ ရိုးရိုး​​လေးနဲ့ လှပ​နေတတ်တာ မဟုတ်ပါလား။ ...
movie

Nice View (2022)

Pegasus ( 2019 ) 6.4
Pegasus ( 2019 ) ဒီကား​လေးဟာ2019 februaryလမှထွက်​ရှိထားတဲ့ဇာတ်​ကားသစ်​​လေးဖြစ်​ပါတယ်​..Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်​​ငွေရရှိထားပါတယ်​..5ကြိမ်​ဆက်​တိုက်​ပြိုင်​ကား​မောင်းချန်​ပီယံဖြစ်​ခဲ့တဲ့ကျန်း​ချေတစ်​​ယောက်​ဟာတရားမဝင်​ပြိုင်​ပွဲတစ်​ခုမှာဝင်​ပြိုင်​မိရာမှရဲ​တွေရဲ့​ချောင်​ပိတ်​ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်​...သူ့ရဲ့ပြိုင်​ပွဲဝင်​ခွင့်​ပိတ်​သိမ်းခံရတဲ့အပြင်​ ယာဉ်​​မောင်းလိုင်​စင်​ပါပိတ်​သိမ်းခံလိုက်​ရပါတယ်​..ဒီလိုနဲ့၅နှစ်​ကြာ ထမင်း​ကြော်​​ရောင်းပြီးဇာတ်​မြှုပ်​​နေခဲ့ရင်းလူငယ်​မျိုးဆက်​​တွေမှာသူ့လိုပဲ၅နှစ်​ဆက်​တိုက်​ပြိုင်​ကား​မောင်း​​ချန်​ပီယံဖြစ်​လာတဲ့လင်​ကျိန့်​တုံးကို​တွေ့မြင်​မိရာက​နေပြိုင်​ပွဲတစ်​ဖန်​ပြန်​ဝင်​လိုစိတ်​​တွေဖြစ်​​ပေါ်လာပြီး ပြိုင်​ပွဲဝင်​ခွင့်​ရဖို့ပြန်​လည်​ကြိုးစားပါ​တော့တယ်​... ဒီလိုနဲ့ပြိုင်​ပွဲဝင်​ခွင့်​ရဖို့ယာဉ်​​မောင်းလိုင်​စင်​ပြန်​​​ဖြေဆိုရချိန်​မှာဘယ်​လိုအခက်​အခဲ​တွေကြုံရမလဲ..ပြိုင်​ပွဲဝင်​ဖို့ ပြိုင်​ကားအဆင်​သင့်​မရှိ...ကားအလန်းဆင်​ဖို့ရာလည်း​ငွေ​ကြေး​ထောက်​ပံမယ့်​သူမရှိ..သူ့​နောက်​မှာဘယ်​အဖွဲ့အစည်းမှမရပ်​တည်​​ပေးချိန်​..ပြိုင်ပွဲဝင်​ဖို့ ကားငှါးစင်​တာက​တောင်​နာမည်​ပျက်​ရှိတဲ့သူ့ကိုကားမငှါး​ပေး​တော့တဲ့အခါ..သူ့ရဲ့လမ်းညွှန်​တွဲဖက်​ဖြစ်​တဲ့ယွီရှန်​နဲ့ စက်​ပြင်​သမားကျိရှင်းတို့နဲ့အတူအခက်​အခဲ​တွေကိုဘယ်​လိုရင်​ဆိုင်​​ဖြေရှင်းကြမလဲ...အခက်​အခဲမျိုးစုံကြုံ​တွေ့ချိန်​မှာ​တောင်​အားမ​လျှော့ပဲကြိုးစားကြပုံ​တွေကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​...ပြိုင်​ကား​မောင်းခ​ရေဇီ​တွေအတွက်​​တော့ အကြိုက်​​တွေ့​စေမယ့််​ဇာတ်​ကားတစ်​ပုဒ်​ပါပဲ.. Translated & Review By Phyo ZawEncoded By LK
movie

Pegasus ( 2019 )

2019
Kill Mobile ( 2018 ) 5.6
Kill Mobile ( 2018 ) 2016 ခုနှစ်က ထွက်ခဲ့တဲ့ အီတလီနာမည်ကြီးဇာတ်ကား Perfect Strangers ကိုRemake လုပ်ပြီးပြန်လည်ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ဇာတ်ညွှန်းလေးကတော့ လင်မယား စုံတွဲ ၂တွဲ ..စုံတွဲတစ်တွဲ နဲ့ အပျိုကြီးတို့စုစုပေါင်းလူရယောက်ဟာ တခုသောညနေခင်းလေးမှာတွေ့ဆုံပွဲလုပ်ကြတယ်ဒီလိုနဲ့သူတို့ဟာဖုန်းတွေအားလုံးကိုအလယ်မှာထားပြီး ဖုန်းခေါ်တာတွေmessage တွေ wechat က ပို့တာတွေကို စာတိုတွေအားလုံးကို အားလုံးတူတူဖတ်ဖို့လက်ခံခဲ့ကြတယ်..ဒီလိုနဲ့သာမာန်တွေ့ဆုံပွဲလေးကနေမထင်မှတ်တဲ့အပြောင်းအလဲတွေဖြစ်လာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးထဲကအတိုင်းအုပ်စုဖွဲ့ပြီးဂိမ်းကစားမယ်ဆိုရင်ပိုပြီးတောင် စိတ်လှုပ်ရှားဖွယ်ကောင်းမယ်လို့ထင်မြင်မိပါတယ်Review & Translated By Phyo ZawEncoded  By LK
movie

Kill Mobile ( 2018 )

2018