Channel Myanmar

Tien Hsin

Deleted ( 2022 ) 6
Deleted ( 2022 ) လူသားတွေဟာ တကယ်တမ်းတော့ ရောင်းဝယ်ဖောက်ကားဖို့ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ရောင်းကုန်ပစ္စည်းတွေမဟုတ်ချေပါဘူး ။ လူကုန်ကူးမှုတွေဟာ ယနေ့ထက်တိုင်အထိလဲ ရှိနေကြတုန်းပါပဲ ။ရွှေ့ပြောင်းနိုင်ငံတွေမှာ အများအပြားကြုံတွေ့ရတတ်ပြီးတော့ လူကုန်ကူးခံရတဲ့ လူဦးရေး သုံးပုံ နှစ်ပုံဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေပါ ။ ကလေးငယ်တွေရဲ့ ကျောက်ကပ်တွေ ကိုယ်တွင်း အင်္ဂါတွေကို ရောင်းချကြတဲ့ ဒုစရိုက်သမားတွေကလဲ အများကြီးပါပဲ ။ လူကုန်ကူးမှုကို တွင်တွင်ကျယ်ကျယ်တိုက်ဖျက်ပေးဖို့အတွက် ဇူလိုင်လ ၃၀ ရက်နေ့ကို တစ်ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အဖြစ်သတ်မှတ်ထားခဲ့ကြပါတယ် ။ဒီတော့ ဒီကနေ့ တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ လူကုန်ကူးမှု ပညာပေးရေး ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ။ နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်း တရုတ်မိသားစုတစ်စုက သမီးငယ်လေးတစ်ဦးဟာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးလို့သွားခဲ့ပါတယ် ။ အဲဒီအချိန်အတွင်းမှာလဲ နိုင်ငံအတွင်းမှာလူကုန်ကူးမှုတွေနဲ့ အတူ ကလေးငယ်အများအပြား သေဆုံးမှူကလဲ ဖြစ်ပေါ်လို့နေပါတယ် ။❏ ဒီတော့ အခြေအနေတွေ အကြပ်ရိုက်နေတဲ့ အချိန်မှာ သမီးငယ်လေးကိုကယ်တင်နိုင်ပါ့မလား ? ❏ လူကုန်ကူးခံရတဲ့ သမီးငယ်လေးအပြင် တစ်ခြားကလေးတွေကိုပါ ကယ်တင်ပြီး တရားခံကို လက်ရဖမ်းဆီးနိုင်မလား ? ❏ ဘယ်လို ဆုံးရှုံး စတေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာ စိတ်လှူပ်ရှားစွာကြည့်ရှုရမဲ့အပြင် လူကုန်ကူးမှုပညာပေးရေးကိုပါ မြင်တွေ့ရစေမှာပါ ...
movie

Deleted ( 2022 )