Channel Myanmar

Tim Huang

Creation of the Gods I: Kingdom of Storms ( 2023 ) 7.4
Creation of the Gods I: Kingdom of Storms ( 2023 ) 2023 ခုနှစ် တရုတ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ Creation of the Gods I: Kingdom of Storms ( 2023 ) ကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ...ဒါရိုက်တာ Wuershan ရိုက်ကူး တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကား​ကြီးဟာဆိုရင် တရုတ်ပြည်ရဲ့ ဂန္ထဝင်မြောက် ဝတ္ထုတစ်ခုဖြစ်တဲ့ 封神演義 (ဖုန်းရှန်းရန်ရိ) ကို ပြန်လည်ရိုက်ကူး တင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဝတ္ထုဟာတရုတ်ပြည်ရဲ့ နာမည်ကြီး စွန်းဝူခုန်း ဝတ္ထုနဲ့ခေတ်ပြိုင်ဖြစ်လို့ ဘယ်လောက်နာမည်ကြီးလဲဆိုတာကို မှန်းဆလို့ရပါတယ်Weibo Awards Ceremony မှာလဲ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အပြင် ဒါရိုက်တာကလဲ အကောင်းဆုံးဒါရိုက်တာဆုကိုဆွတ်ခူးရရှိထားပါတယ် ဒီရုပ်ရှင်ကို Chinese God of War ဆိုပြီးတင်စားခေါ်ဝေါ်ကြပြီးတော့ တရုတ်ဒဏ္ဍာရီတွေထဲက သတ္တဝါဆန်းတွေ၊ နတ်ဒေဝတာအစုံအလင်ပါရှိပါတယ်။ဇာတ်လမ်းကတော့... အမြီး ၉ ချောင်းမြေခွေးဖြစ်တဲ့ စူးတာကျိမိဖုရားနဲ့ ရှန်းဘုရင်တို့ကြောင့် တိုင်းသူပြည်သားတွေ ဒုက္ခရောက်ပြီး လောကတခွင်ကို မိစ္ဆာနတ်ဆိုးတွေနှောက်ယှက်ဖျက်ဆီးနေကြတာကြောင့် နတ်တွေကဝိုင်းဝန်းတားဆီးဖို့ ဖြစ်လာတဲ့အခါ....။ရှေးခေတ်က လူသားတွေ မိစ္ဆာတွေ နတ်ဘုရားတွေကြားက ဒဏ္ဍာရီစစ်ပွဲတွေအကြောင်းကို စိတ်လှုပ်ရှားစွာကြည့်ရှုခံစားရမယ့် ရုပ်ရှင်အလန်းစားစစ်စစ်ကြီးဖြစ်ပါကြောင်း။ IMDb Rating (7.4) ထိ ရရှိထားပါတယ်။ Quality ...
movie

Creation of the Gods I: Kingdom of Storms ( 2023 )

4K HEVC
The Legend of Condor Heroes The Cadaverous Claw (2021) 6.5
The Legend of Condor Heroes The Cadaverous Claw (2021) မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ...ရင်းလည်း ရင်းနှီးကြမှာပါ...အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာအားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ...တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်းမေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ... ဒီဇာတ်ကောင်ကိုဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင်တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကိုတန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ်ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက်ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်...တစ်ယောက်ကသူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ ...
movie

The Legend of Condor Heroes The Cadaverous Claw (2021)