Channel Myanmar

Tong Liya

The Woman in the Storm ( 2023 ) 6.2
The Woman in the Storm ( 2023 ) မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ...... ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ...... လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Woman in the Storm ( 2023 )

Flash Over ( 2023 ) 6.1
Flash Over ( 2023 ) ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Flash Over ( 2023 )

Detective Chinatown(2015) 6.6
Detective Chinatown(2015) Detective Chinatown (1) (2015) Detective Chinatown (2) (2018)ကို တင်ပြီးသားပါ...2018ခုနှစ်ထွက်တဲ့ နံပါတ်(၂)ကို အတော်များများက ကြိုက်ကြတယ်..ရယ်လည်းရယ်ရသလို အမှုမှန် ပေါ်ပေါက်ရေးအတွက် ဥာဏ်သုံးဖြေရှင်းသွားတာလေးတွေကလည်း ပညာတော်တော်ပါတဲ့အပြင် တင်ဆက်ပုံတွေကလည်း ဆွဲဆောင်မှုရှိတယ်..ဒါကြောင့် အတော်များများက (1)ကိုတင်ပေးဖို့တောင်းဆိုကြတယ်..(1)ကလည်း အတော်ရယ်ရသလို မျှော်လင့်နေတဲ့သူတွေအတွက် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်...  ချင်​ဖုန်းဆိုတဲ့ စကားထစ်​တတ်​တဲ့​ကောင်​​လေးတစ်​​ယောက်​ဟာ စုံ​ထောက်​အလုပ်​ကို ဝါသနာပါလွန်းလို့ ရဲ​ကောလိပ်​ကို တက်​ဖို့ ကြိုးစား​ပေမယ့်​ ဝင်​ခွင့်​မရခဲ့ပါဘူး စိတ်​ဓာတ်​​တွေ အလုံးအရင်းလိုက်​ကျ​နေတဲ့ ချင်​ဖုန်းကို သူ့အဘွားဖြစ်​သူက ​​ပျော်​​စေချင်​တဲ့အတွက်​ သူနဲ့ အမျိုးဆယ့်​နှစ်​ဝမ်းကွဲ​​လောက်​​တော်​တဲ့ ဦး​လေးထန်​ရန်​ရှိတဲ့ ထိုင်းနိုင်​ငံကို အလည်​အပတ်​ခရီးထွက်​ဖို့ စီစဉ်​​ပေးခဲ့ပါတယ်​ သူ့ဦး​လေးထန်​ရန်​ဟာဆိုရင်​​တော့ဖြင့်​ ထိုင်းနိုင်​ငံ ဘန်​​ကောက်​မြို့ တရုတ်​တန်းမှာ နာမည်​ကြီးစုံ​ထောက်​လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့... တကယ်​တန်းမှာ​တော့ သူက လမ်း​ပေါ်မှာပဲ ​ပေ​တေ​လေလွင့်​​နေတဲ့ ​လောင်းကစားသမားပါ သူ့တူဖြစ်​သူ ချင်​ဖုန်း​ရောက်​လာတဲ့အခါ သူကြိုဆိုဧည့်​ခံပုံ​တွေကလဲ အ​တော်​ခွီရတဲ့ ဇာတ်​ဝင်​ခန်း​လေး​တွေပါ အဲ​နောက်​မှာ​တော့ ထန်​ရန်​ကို လူသတ်​မှုတစ်​ခုမှာ ​ချောက်​တွန်းခံရတာက​နေ သူတို့ တူဝရီးနှစ်​​ယောက်​ ​ပြေးရလွှားရနဲ့ အမှု​ဖော်​တာ​တွေကို မြင်​​တွေ့ရမှာပါ ဥာဏ်​​ကောင်းပြီး စုံ​ထောက်​ဝတ္ထု​တွေ ...
movie


2015
How Long Will I Love U (2018) 6.5
How Long Will I Love U (2018) Romance Comedy ကားကောင်းကောင်းလေးကြည့်ချင်တယ်ဆိုသူများအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းလေးကတော့လုမင်က ၁၉၉၉ ခုနှစ်မှာ အိမ်ဒီဇိုင်းနာ သူ့ဒီဇိုင်းတွေကို ရင်းနှီးမြှုပ်နှံမယ့်သူမရှိလို့ တိုင်ပတ်နေတဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကောင်လေးပေါ့ရှောင်ကျောင်းဂုကတော့ ၂၀၁၈မှာ အသက်သုံးဆယ်ကျော် အချောအလှ ချမ်းသာတဲ့ယောကျာ်းနဲ့လက်ထပ်ချင်သူ အွန်လိုင်းဒိတ်တွေနဲ့တွေ့တိုင်းပြောလေ့ရှိတာက ရှင်အိမ်တစ်လုံးဝယ်နိုင်ရင် ကျွန်မရှင့်ကိုလက်ထပ်မယ်ဆိုပဲဖြစ်ချင်တော့ လုမင်နဲ့ ရှောင်ကျောင်းတို့နေတဲ့အိမ်က တစ်အိမ်တည်းဖြစ်နေတာပါပဲ လုမင်ကလည်း သူ့ခေတ် ၁၉၉၉ မှာနေတယ် ရှောင်ကျောင်းကလည်း သူ့ခေတ် ၂၀၁၈ မှာနေတယ်တစ်နေ့ကျတော့ ထူးဆန်းတာတွေဖြစ်လာတော့တာပါပဲအဲ့ဒါကတော့ ၁၉၉၉ နဲ့ ၂၀၁၈ timelines နှစ်ခုကို ဆက်ပေးတဲ့လမ်းတစ်ခု သူတို့အိမ်မှာ ပွင့်သွားတော့တာပဲအဲ့ဒီမှာ ရှောင်ကျောင်းနဲ့လုမင်တို့ ဆုံကြတော့တာပေါ့အစကတော့ ဘုနဲ့ဘောက်ဆိုပေမယ့် တစ်အိမ်တည်းနေရင်းတဖြေးဖြေးနဲ့ သံဃောဇဉ်တွယ်သွားကြပါတော့တယ်ချမ်းသာချင်တဲ့ ရှောင်ကျောင်းက လုမင်ကို အရည်အချင်းမရှိဘူးလို့ပြောတဲ့အချိန် ၂၀၁၈ မှာလုမင်က ထိပ်ထိပ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...အချိုးအကွေ့တွေများစွာနဲ့ သူတို့အချစ်ဟာ Happy Ending ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး **** ကိုယ်ပိုင်ဖန်တီးယူထားတဲ့ srt file ဖြစ်တာကြောင့် timing ...
movie

How Long Will I Love U (2018)

2018