Channel Myanmar

Trey Tucker

The Space Between Us (2017) 6.4
The Space Between Us (2017)  ဒီဇာတ်ကားလေးကတော့ US$ သိန်း၃ဝဝလောက် အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့……………………………….ငယ်စဉ်ကတည်းက မားစ်ဂြိုဟ်ပေါ်ကို အလည်သက်သက်မဟုတ်ဘဲနဲ့ အခြေချနေထိုင်ချင်တဲ့စိတ်ကူးရှိတဲ့လူငယ်လေးတစ်ယောက်ဟာ သူရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့်နောက်နှစ်ပိုင်းများစွာမှာ မားစ်ပေါ်မှာ အခြေချနေထိုင်ဖို့အတွက် East Texas ဆိုတဲ့ကိုလိုနီနယ်ပယ်ငယ်လေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါပြီ။မားစ်ဂြိုဟ်ပေါ်ကို  ပထမဆုံးစွန့်ဦးတီထွင်သူတွေအဖြစ်နဲ့ သွားရောက်နေထိုင်မယ့်သူတွေကတော့“ဆာရာအီလီရော့” ခေါ်တဲ့ အာကာသယာဉ်မှူး မိန်းမချောလေး ဦးဆောင်တဲ့ အာကာသယာဉ်မှူး ၆ဦးပါပဲ။မားစ် ကိုခရီးနှင်နေတဲ့ ကာလအတွင်း ၂လခန့်မှာတော့ “ဆာရာအီလီရော့” မှာကိုယ်ဝန် နှစ်လခန့်ရှိနေတာကို မမျှော်လင့်ဘဲသိလိုက်ရပါတယ်။ပထမဆုံးစွန့်ဦးတီထွင်သွားရောက်မှာဖြစ်ခြင်း နောက်လှည့်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာကိုယ်ဝန်ကို အာကာသထဲမှာ ဆောင်ခဲ့ရတယ်။မားစ်ရောက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်လစေ့လို့ မွေးဖွားရင်း သေဆုံးသွားခဲ့ပါတယ်။ကလေးရဲ့ဖခင်ဟာ ဘယ်သူမှန်း ဘယ်သူမှ မသိခဲ့ပါဘူး။ဒီကိစ္စဟာ အာကာသယာဉ်မှူးတစ်ဦးရဲ့ ဂုဏ်သိက္ခာ ၊ ကုမ္ပဏီကိုလည်း လူထုအမြင်စောင်းပြီးပြိုကွဲသွားမှာစိုးရိမ်သလို သူတို့Project ဆက်လက်တည်မြဲဖို့အတွက် ဖုံးဖိပြီး လျှို့ဝှက်ထားလိုက်ကြပါတယ်။ကလေးငယ်လေးကတော့ ကမ္ဘာထက် ဆွဲငင်အား ၃ ပုံ၂ပုံလျော့ကျတဲ့နေရာမှာ မွေးဖွားခဲ့တာမို့ကမ္ဘာကို ပြန်ခေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ...
movie

The Space Between Us (2017)

2017