Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Varun Tej
5.5
Operation Valentine (2024)
Operation Valentine (2024) ပရောဂျက်ဗာဂ်ျရာIMDb-5.5/10 Rotten tomatoes/71%ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက် တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ်Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ်အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက် အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။ သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့် တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ် သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ်အာဟာနာကတော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေ ခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။ တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ်အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်က ဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရော တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9GB / ...
movie
Operation Valentine (2024)
2023
7.5
Gandeevadhari Arjuna (2023)
Gandeevadhari Arjuna (2023)IMDb-7.7/10Missionတွေလုပ်ရတဲ့ Agent movieတွေကို နှစ်သက်သူတို့အကြိုက်တွေ့မယ် IMDb 7.7 ရထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ဒီကားထဲမှာတော့ မင်းသားချော Varun Tej ကို အရည်အချင်းမှာ သူမတူအောင်ထက်မြက်ပေမဲ့ အမိန့်မနာခံဘဲ ထင်ရာလုပ်တတ်တဲ့အေးဂျင့်အနေနဲ့ မြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းရာသီဥတုဆိုးရွားစွာပြောင်းလဲမှုဒဏ်ကို ကမ္ဘာနဲ့အဝှမ်းခံစားလာရတဲ့အတွက် အမြဲအိပ်ပျော်နေတတ်တဲ့ UNကြီးလည်းနိုးထလာပြီး ရာသီဥတုပြောင်းလဲမှုအတွက် အဓိကကျတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာ စောင့်ကြည့်သူတွေခန့်အပ်ဖို့ အဆိုတင်သွင်းလာပါတယ်။ အိန္ဒိယနိုင်ငံအတွက် စောင့်ကြည့်သူအဖြစ် လျာထားခံရသူကတော့ သစ်တောဝန်ကြီးအာဒီသရာပါ။စက်ရုံစွန့်ပစ်ပစ္စည်းတွေရဲ့ စွန့်ပစ်မှုကိုကြည့်ရှုစစ်ဆေးအရေးယူရမယ့်သူအဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ မသမာတဲ့လုပ်ငန်းရှင်တစ်စုရဲ့ မဟာရန်သူတော်ကြီးဖြစ်လာတဲ့ဝန်ကြီးအာဒီသရာ၊ သူ့ကို ကာကွယ်ပေးနေတဲ့ ဆရာဖြစ်သူဗီဂျေးက ဒဏ်ရာရသွားတဲ့နေရာ အာဂျွန်က ဆရာ့ကိုယ်စား ဝန်ကြီးကိုကာကွယ်ဖို့ဖြစ်လာတဲ့အခါ...ဝန်ကြီးရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့အိုင်ရာနဲ့ တစ်ချိန်ကဇာတ်လမ်းလေးကလည်းရှိနေတော့ အာဂျွန်တစ်ယောက် နောက်ဆံတင်းနေပေမဲ့ ဆရာကလည်း အကူအညီတောင်းတာဖြစ်ပြန်၊ တစ်ဖက်မှာလည်း အမေ့ရဲ့ဆေးကုစရိတ်ကြောင့် ငွေလိုနေတဲ့အခါ အလုပ်ကိုလက်ခံပြီး ဝန်ကြီးကိုကာကွယ်ဖို့ ဖိုင်တွဲနံပါတ် ၁၃ ကိုအရယူဖို့ အာဂျွန်တစ်ယောက် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Alex ~ Dee ~ YH ~ ToMo~KKKZ တို့ပဲဖြစ်ပါတယ် File ...
movie
Gandeevadhari Arjuna (2023)
2023
5.1
F3: Fun and Frustration (2022)
ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။ File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie
F3: Fun and Frustration (2022)
2022
5.7
Ghani(2022)
၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie
Ghani(2022)
2022
5.9
Gaddalakonda Ganesh (2019)
Gaddalakonda Ganesh 2019ဒီတစ်ခေါက်မှာတော့ ၂၀၁၉ မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဟောင်းဒါပေမဲ့ရွှေဆိုသလိုပဲ ရုံဝင်ငွေ ၄၂.၅ ကုဋေထိရရှိထားတာမလို့အားလုံးကြည့်ရကျိုးနပ်စေမဲ့ကားလေးဖြစ်မှာ အသေအချာပါပဲဒါဆိုရင် အညွှန်းလေးကို ဖတ်ကြည့်လိုက်ရအောင်ရုပ်ရှင်ကို ဝါသနာကြီးတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အတွက်လူဆိုးဂန်စတားတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးဖို့ ကြံစည်ရာကနေရက်စက်ကြမ်းတမ်းလှတဲ့ ဂန္ဒလကွန်ဒါဂန္နီချ်အကြောင်း ရိုက်ကူးဖို့အကြောင်းဖန်လာပါတော့တယ်သူငယ်ချင်းနှစ်ယောက် အသက်ကိုဖက်နဲ့ထုတ်ပြီး ကျားခံတွင်းထဲဝင်သလိုမျိုး ဂန္နီချ်ဘဝဇာတ်ကြောင်းကိုသိရှိဖို့ကြိုးစားရာကနေပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ....လူဆိုးဂန်းစတား ဂန္နီချ်ကရော ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူမှာလား....ဂန္နီချ်ရဲ့ ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မှာလဲ ဘယ်လိုမျိုးတွေကြုံတွေ့ခဲ့ရလဲ...တက်သစ်စဒါရိုက်တာလေးကရော အချစ်ကိုဘေးဖယ်ထားပြီးအာရုံစိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကရောအောင်မြင်မှာလား....ဆိုတာအားလုံး စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…2.7GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Shwe Pwint ~ Shwe Pyae ~ Haruko
movie
Gaddalakonda Ganesh (2019)
2019
7.3
Tholi Prema (2018)
Tholi Prema (2018) IMDb Rating - 7.3/10________Google Users - 94 % ဒီတစ်ပတ်မှာတော့ တေလဂူး အချစ်ကားလေးတွေ ကြည့်ပြီး ရိုချင်ကြတယ်ဆိုတဲ့ တေလဂူးပရိသတ်တွေအတွက် အချစ်ဟာသ ဖန်စီကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၈ လောက်ကတည်းက အကြည်တက်ခဲ့ပေမဲ့ စာတန်းထိုးဖိုင် မပါခဲ့ဘဲ ခု တမီးလ်ဗားရှင်းတက်တော့မှ စာဖိုင်မှန် ရခဲ့ပါတယ်။ ခု ကျွန်တော်တို့ တင်ပေးလိုက်တာကတော့ မူရင်း အသံဖြစ်တဲ့ တေလဂူးအသံနဲ့ပါ။ မင်းသားကတော့ တောင်ပိုင်းပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ မင်းသားချော ဗာရွန် ပါ။ မင်းသမီးကတော့ ကျွန်တော့်ရည်းစားသစ် ရာရှီခန်းနားပါ။ ရိုမန့်စ်ကားတွေ ကြည့်ရင် မင်းသားမင်းသမီးချောဖို့လည်း လိုသေးတယ်မလား။ ဇာတ်လမ်းအကျဉ်း ----------- -------------- ဇာတ်ကားနာမည်က မြန်မာလို 'အချစ်ဦး'ပါတဲ့ဗျာ။ အချစ်ဦးဆိုတာကလည်း... ဘယ်အချိန်၊ဘယ်အခြေအနေဖြစ်ဖြစ် .. သတိရနေတတ်တာမျိုး မဟုတ်လား။ ယောကျ်ားလေးတစ်ယောက် အရမ်းကို စိတ်ညစ်နေပြီး သောက်စားမူးယစ်နေပြီဆိုရင် သေချာပါတယ်။ သူ အလုပ်အကိုင် ဆုံးရှုံးမှုဖြစ်ရင်ဖြစ်၊ အချစ်ရေးမှာ ဆုံးရှုံးမှုဖြစ်ရင်ဖြစ် ဒီနှစ်ခုပဲ ရှိတယ် ...
movie
Tholi Prema (2018)
2018
7.1
F2: Fun and Frustration(2019)
F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie
2019