Channel Myanmar

Vennela Kishore

Mr. King (2023) 9.2
Mr. King (2023) Mr.King (2023) IMDb 9.2/10 (3K)ဘေးအိမ်ကိုအဆင်လေးပြောင်းလာဖို့စိတ်ကူးယဥ်ကြည့်ဖူးတဲ့လူ‌ တွေရှိရင် ဒီကားလေးက Must Watch စာရင်းထဲပါတဲ့ဇာတ်ကားလေးပါ ညိုကီတို့ကြိုက်မင်းသမီးချောလေး Urvi Singh ,Yashvika Nishkala နဲ့ ပျိုမေတို့ကြိုက် မင်းသားချောလေး Sharan Kumar လည်းပါဝင်တယ်ဆိုတော့ပစ်ရက်စရာတစ်ကွက်မှမရှိတော့ဘူးပေါ့ရှင်အူမာဒေဗီနဲ့ ဗယ်နီလာက ညီအစ်မဝမ်းကွဲတွေပါ သူတို့အိမ်ဘေးကိုပြောင်းလာမဲ့အဆင်လေးကတော့ ရှီဗာပေါ့ ရှီဗာ့အကြောင်းပြောရမဲ့ဆိုရင် လူတစ်ရာမှာတစ်ယောက်တောင်မရှိနိုင်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်... လေယာဉ်စက်ယန္တရားပရောဂျက်ရေးဆွဲနေပြီးအောင်မြင်အောင်လုပ်မဲ့ရည်ရွယ်ချက်နဲ့ပေါ့ ဒီလိုတော်တဲ့အပြင်ကိုမှ ရုပ်လေးကလည်းခန့်တော့ အူမာနဲ့ဗယ်နီလာတို့၂ယောက်စလုံးသဘောကျမိသွားပါတယ် ဒီလို၃ပွင့်ဆိုင်လာမဲ့အချစ်ရေးထဲဘယ်သူနဲ့ဘဝခရီးဆက်ဖြစ်မလဲ ရှီဗာ့လေယာဉ်ပရောဂျက်ရောအောင်မြင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.97GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL
movie

Mr. King (2023)

2023
Waltair Veerayya (2023) 6.8
Waltair Veerayya (2023) Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True  WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~Taylor~ Yunni ~ Khin Khin
movie

Waltair Veerayya (2023)

2023
Happy Birthday(2022) 5.2
Happy Birthday(2022) Happy Birthday (2022)IMDb-5.6/10ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore က ဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း"No Gun ,No entry" သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီး လူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့ အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင် ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်‌နေသည်ထိပါပဲပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလို သေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ် အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့ အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ်ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူး တခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ..... ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရ ဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါ အတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့ တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကို အတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီ အဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ် အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ် မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ....... File size…2.27GB  / 1.17GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~SaiThu Rein~Khin Khin
movie

Happy Birthday(2022)

2022
Macherla Niyojakavargam (2022) 4.9
Macherla Niyojakavargam (2022) Macherla Niyojakavargam (2022)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ Check 2021 ထဲက တေလဂူမင်းသားချောလေးနဲ့ နီတင်နဲ့ Uppena 2021 ထဲက မင်းသမီးချောလေး ကရီတီးရှက်တီးတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။မာချာလာဆိုတဲ့မြို့တစ်မြို့ရှိတယ် အဲ့ဒီမြို့မှာ နှစ်ပေါင်း ၃၀ကြာရွေးကောက်ပွဲကျင်းပခွင့်မပေးဘဲ လူမိုက်ကြီးရာဂျာပါဆိုသူက အုပ်စိုးနေတယ်။ သူနဲ့အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ ဇာတ်သိမ်းသွားရပြီး ဆန့်ကျင်တဲ့သူမှန်သမျှ ဇီဝိန်ချုပ်သွားရတယ်။ဆိဒ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ် ဘယ်သူဘာပြောပြော စိတ်ထဲရှိတာနဲ့ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ကောင်လေး..။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲဖြေထားပြီး တာဝန်ကျမယ့်နေရာကို စောင့်နေတဲ့ ကောင်လေးပါ။မထင်မှတ်ဘဲ မာချာလာမြို့မှာ သူ တာဝန်ကျလာတဲ့အခါမှာတော့...။နှစ် ၃၀ ကြာ အုပ်စိုးနေတဲ့ ခြင်္သေ့အိုကြီးနဲ့ သူ့နန်းကို ဖျက်သိမ်းမယ့် ခြင်္သေ့ငယ်လေးတို့ ထိပ်တိုက်တွေ့လာပါတော့မယ်။ကျန်တာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော် File size…3.6GB / 1.76GB Quality…1080p Telugu WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ
movie

Macherla Niyojakavargam (2022)

2022
Urvasivo Rakshasivo (2022) 6.6
Urvasivo Rakshasivo (2022) Urvasivo Rakshasivo (2022)ဒီတစ်ခါမှာတော့ Netflix ကထွက်ရှိလာပြန်တဲ့ အချစ်ကားလေးတင်ဆက်ပေးချင်ပါတယ် ဒီကားက ၂၀၁၈ထွက် Pyaar Prema Kaadhal ကို Remake ပြန်လည်ရိုက်ကူးထားပေမယ့် လူကြိုက်များခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲဇာတ်လမ်းအညွှန်း ဆရီးကူမားကတော့ မိန်းမမရသေးတဲ့လူပျိုကြီးမို့လို့ သူ့အမေကိုယ်တိုင်ကချွေးမလိုက်ရှာပေးနေသူပေါ့ ဒါပေမယ့် ဆရီးကြိုက်နေတဲ့ကောင်မလေးရှိနေပါတယ်သူတို့ရုံးရဲ့မျက်စောင်းထိုးရုံးကကောင်မလေးစင်ဒူပါ ဆရီးထိုင်ခုံနဲ့စင်ဒူခုံနဲ့က ပြတင်းပေါက်ကကြည့်ရင်အတိုင်းသားဆိုတော့ လူပျိုကြီးဆရီးကနေ့တိုင်းရုံးတက်ရုံးဆင်းထိုင်ငေးတော့တာပေါ့ ဒါပေမယ့် စင်ဒူကခေတ်ဆန်ပြီး ဆရီးက အရက်ဆိုင်မှာအအေးမှာသောက်တတ်တဲ့ကောင်မျိုးပါ စော်လိုက်နည်းမသိလို့ ဦးလေးဖြစ်သူကသင်ပြပေးရတဲ့အထိကိုတုံးပါတယ် သူတို့နှစ်ယောက်ကြားဆရီးမျှော်မှန်းထားသလိုဖြစ်လာမလား အချစ်စစ်တို့လမ်းမှန်ရင် မဖြောင့်ဖြူးဘူးမို့လို့ ဒီနှစ်ယောက်ကြား ဘယ်လိုအလှည့်အပြောင်းတွေကြုံမလဲဆိုတာဆက်လက်ရှုစားကြပါရှင် File size…1.8GB / 966MB Quality…1080p  HQ /720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni
movie

Urvasivo Rakshasivo (2022)

2022
DJ: Duvvada Jagannadham (2017) 5.8
DJ: Duvvada Jagannadham (2017) DJ Duvvada Jagannadham (2017)အခုတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ စတိုင်ကျတဲ့ မင်းသားချောလေး အက်လူးအရ်ဂျွန်ရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကလည်း ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်စရာမျက်နှာလေးနဲ့ ပူဂျားဟစ်ဂဒေလေးဆိုတော့ မိုက်ပြီပေါ့နော်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားက ငယ်ငယ်လေးကတည်းက မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားကို တွေ့တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတဲ့သူ ဖြစ်ပါတယ်...သူ့ အဖိုးရဲ့ပြောစကားကို မှတ်သားထားပြီး ဤကမ္ဘာမြေပေါ်ကနေ ရာဇဝတ်သားရှင်းလင်းရေးစစ်ဆင်ရေးကို ရဲအရာရှိတစ်ယောက်နဲ့ပူးပေါင်းပြီး လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်...ဒီစစ်ဆင်ရေးမှာ သားကောင်ဖြစ်ရတဲ့ ရာဇဝတ်သားတွေကတော့ အသက်ရှင်လမ်းမရှိဘူးပေါ့...မိသားစုက ဧည့်ခံကျွေးမွေးရေးလုပ်ငန်းလုပ်တော့ လူတွေအမြင်မှာ သူဟာ ပုဏ္ဍားမျိုးရိုးတစ်ယောက်ဖြစ်ပြီး အရမ်းကိုအပြစ်ကင်းစင်တဲ့ လူသားတစ်ယောက်ပေါ့နော်...ဒီလိုနဲ့ လူထောင်ချီရဲ့ငွေတွေကို လိမ်လည်အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ ငြိစွန်းလာခဲ့တယ်...ဟိုကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူစားမျိုး သူ့လမ်းမှာနှောင့်ယှက်လာတဲ့လူမှန်သမျှကို အပြတ်ရှင်းပစ်တဲ့ လူစားမျိုး...ကဲ..သူတို့နှစ်ဦးထိပ်တိုက်တွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ....။ File size…2.8GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

DJ: Duvvada Jagannadham (2017)

2017
Krishna Vrinda Vihari (2022) 8.0
Krishna Vrinda Vihari (2022) Krishna Vrinda Vihari (2022)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး..ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ...ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့..ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး..ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစုခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား...ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား...သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ
movie

Krishna Vrinda Vihari (2022)

2022
Aa Ammayi Gurinchi Meeku Cheppali (2022) 6.4
Aa Ammayi Gurinchi Meeku Cheppali (2022) Aa Ammayi Gurinchi Meeku CheppaliIMDb-6.4/10ဒီတစ်ခါ CM ပရိသတ်ကြီး ရှုစားရမှာကတော့ Uppena နဲ့ ပရိသတ်ရင်ထဲရောက်လာတဲ့ မင်းသမီးချောလေးပါ၀င်ထားတဲ့ အချစ်ဇာတ်ကားကောင်းလေးပါရိုက်သမျှ ကြော်ငြာတွေ တစ်နှစ်တည်း 6 ကြိမ် ဆက်တိုက်ပေါက်လာတဲ့ တက်သစ်စလူငယ်ဒါရိုက်တာ နာဗင်းတစ်ယောက် တစ်နေ့ သူ့ပရိုဂျူဆာအိမ်က အပြန် အမှိုက်ကားနဲ့တိုက်မိပြီး လွန်ခဲ့တဲ့ 6 နှစ်လောက်က ရိုက်ခဲ့ဟန်တူတဲ့ ဖလင်ဟောင်းလေး တစ်ခု ကောက်ရခဲ့တယ်ဖလင်ထဲမှာပါတဲ့ ကောင်မလေးရဲ့ ရုပ်ရည်နဲ့သရုပ်ဆောင်ကို ကြွေသွားပြီး သူ့ရဲ့ပွဲဦးထွက် ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီး‌တင်ရိုက်ဖို့ လိုက်ရှာတော့တာပေါ့ဒါပေမယ့် ဖြစ်ချင်တော့ မင်းသမီးက ရုပ်ရှင်မရိုက်ဖူးတဲ့အပြင် ရုပ်ရှင်ကို တစ်ခါမှမကြည့်ဖူးတဲ့ မျက်စိဆရာ၀န်တစ်ယောက် ဖြစ်နေတယ် မင်းသမီးအပါအ၀င် မင်းသမီးရဲ့မိသားစုကပါ ရုပ်ရှင်ဆိုတဲ့ စကားကို မကြားချင်လောက်အောင် ခါးခါးသီးသီး မုန်းနေကြတယ်ရုပ်ရှင်ခါးခါးသီးသီးမုန်းတဲ့သူကို ခေါင်းဆောင်မင်းသမီး တင်ရိုက်‌နိုင်အောင် တက်သစ်စ ဒါရိုက်တာလေး ဘယ်လိုကြိုးစားမလဲ ရုပ်ရှင်မုန်းတဲ့သူက ဘယ်လိုလုပ် ဖလင်ထဲမှာ ပါနေတာလဲဆိုတော့ ပရိသတ်ကြီးပဲ ကြည့်ရှုခံစားကြည့်ပါတော့ File size…2.09GB / 924MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar ...
movie

Aa Ammayi Gurinchi Meeku Cheppali (2022)

2022
Gangster Gangaraju (2022) 6.3
Gangster Gangaraju (2022) Gangster Gangaraju (2022)========================== ဒယ်ဗာလန်ကာလို့ခေါ်တဲ့မြို့လေးတစ်မြို့ကို ဘာဆီရက်ဒီနဲ့ ဆစ်ဟပ်ပါလို့ခေါ်တဲ့ဂန်းစတားနှစ်ယောက်က‌အုပ်စိုးလျက်ရှိပါတယ် သူတို့ရဲ့ဆရာကြီးဥပဒေအရာရှိ ဆီ‌ဗာရက်ဒီကွယ်လွန်ပြီးနောက်မှာ သူတို့ကတရားဝင်နိုင်ငံရေးအာဏာမှာ ပါဝါတည်ဆောက်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုဖို့ကြိုးစားကြပါတော့တယ်ဒယ်ဗာလန်ကာမြို့မှာလည်းသူတို့ကိုဘယ်သူမှမလှန်ရဲဘဲ ပြည်သူ‌တွေက ရွံကြောက်ကြီးဖြစ်နေပါတော့တယ် ဒီဇာတ်ကားရဲ့အဓိက‌ဇာတ်ကောင်မင်းသားဖြစ်တဲ့ ဂန်ဂါရာဂျူးကတော့ အဲ့ဒီမြို့လေးမှာ အပေါင်းအသင်းတွေနဲ့ပရုတ်ကျနေတဲ့ ဂျစ်ပစီလေးတစ်ယောက်ပဲဖြစ်ပါတယ်ဥမာဒေဝီလို့ခေါ်တဲ့မင်းသမီးဖြစ်တဲ့ ရဲမေ‌အချောလေး ရောက်ရှိလာချိန်မှာတော့ မင်းသားကသူ့သူငယ်ချင်းတွေနဲ့အကူအညီနဲ့နောက်ပိုးပါ‌တော့တယ် တနေ့မှာမင်းသားက သူ့‌အဖေကိုစော်ကားတာကြောင့် ဆစ်ဟပ်ပါရဲ့လူတွေကိုဆော်လွှတ်လိုက်ရာမှ ဂန်းစတားအာဏာရှင်တွေရဲ့လက်အောက်မှာခံစားနေရတဲ့လူထုကြီးက အုံကြွလာကာမင်းသားကို ဆရာ့ဆရာကြီးထင်ပြီးထောက်ခံမြှောက်စားပါတော့တယ် ဒီလိုနဲ့ဆရာ့ဆရာကြီးလို့ ပြည်သူတွေကရော ချစ်ရည်းစားရဲမေလေးကပါအထင်ခံရတဲ့အချိန် ဂန်းစတားတွေရဲ့စစ်ပွဲကြားထဲအာဏာပါဝါတွေလုတာရောကြားမှာ မင်းသားကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ .................... ဒီကားမှာ သူငယ်ချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုတွေ ဟာသ‌ရောနှောကာ ပျော်ရွှင်မြူတူးစရာကောင်းပေမဲ့ တဖက်မှာအာဏာရှင်တွေလက်အောက်ကဘဝတွေ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ဖော်ကျူးရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်.......... File size…2.25GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kevin & Kham Mon & Yunni & Khai & Honeyey
movie

Gangster Gangaraju (2022)

2022
Black (2022) 7.9
Black (2022) ဒီတစ်ခေါက်မှာတော့ Opertaion Gold Fish ထဲက တောင်ပိုင်းမင်းသားချော အာဒီ ရဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပြီး IMDB မှာ 7.9 ထိရရှိထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းငယ်စဉ်ဘ၀ထဲက အစ်ကိုဖြစ်သူကို ချောက်တွန်းတတ်တဲ့ အာဒီသရ သူချောက်တွန်းတာကို အမြဲခံရပြီး အိမ်ကနေထွက်သွားခဲ့တဲ့ အစ်ကိုဖြစ်သူအာဂျွန်အစ်ကိုဖြစ်သူကို အမြဲအိမ်မက်ထဲထည့်မက်ပြီး နောင်တရနေတတ်တဲ့ အာဒီသရ တစ်ယောက် ဖခင်ဖြစ်သူရဲ့ဆန္ဒအရ ရဲတစ်ယောက်အဖြစ် အမှုထမ်းခဲ့ရတဲ့အခါသူအမှုထမ်းတဲ့နှစ်ရက်အတွင်းမှာပဲ ဓါးပြမှုတစ်ခု လူသတ်မှုတစ်ခုတို့ ဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒီအမှုတွေထဲကို ပါဝင်ပတ်သတ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူ့အစ်ကိုနဲ့ကောပြန်ဆုံမှာလား ဆိုတာတော့ ဇာတ်လမ်းမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦး... File size…2.21GB / 1GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey ~ Lwin Htoo Aung ~ Kevin Aung
movie

Black (2022)

2022
Hero (2022) 8.2
Hero (2022) Hero (2022)IMDb-8.2/10အာဂျွန်ဆိုတဲ့လူငယ်လေးတစ်ယောက်က ဇာတ်လိုက်မင်းသား(ဟီးရိုး) ဖြစ်ဖို့အိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့ အာဂျွန်နဲ့ ဆာ့ဘူတို့က ချစ်သူတွေပါဆလင်းဘိုင်ဆိုတဲ့ လူဆိုးဂိုဏ်းချုပ်ကြီးဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို ရှေးဟောင်းသေနတ်တစ်လက်နဲ့ပစ်သတ်လိုက်ပြီး အဲ့ဒီသေနတ်ကို ဟိုင်ဒရာဘတ်မြို့ထဲက သူ့ရဲ့ကျေးစားလူသတ်သမား တစ်ယောက်ဆီကိုပို့ပေးလိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီးတစ်ယောက်ကို သတ်ခိုင်းဖို့ပေါ့။တစ်ချိန်တည်းမှာပဲ လှချင်ခန့်ချင်တဲ့ အာဂျွန်တစ်ယောက်က ဆံပင်ကျွတ်နေလို့ တီဗီမှာတွေ့တဲ့ဆံပင်ခေါင်းလိမ်းဆီကို အွန်လိုင်းကနေမှာလိုက်ရာကနေ သူ့အိမ်ရောက်လာတဲ့ပါဆယ်ထုပ်ထဲမှာကခေါင်းလိမ်းဆီမဟုတ်ဘဲ အဲ့ဒီရှေးဟောင်းသေနတ်ဖြစ်နေခဲ့ပါတယ်။ ကဲ အာဂျွန်တစ်ယောက်အဲ့ဒီသေနတ်တစ်လက်နဲ့ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦး မလဲ။ သူ့သမီးနဲ့ကန့်ကွက်နေတဲ့လျှို့ဝှက်တဲ့ အာဂျွန့်ယောက္ခမကြီး ကကော ဒီအမှုအခင်းတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေမလဲ။IMDb Rating 8.2/10 ရထားတဲ့ ဟာသ စွန့်စားခန်း ဇာတ်ကားကောင်းလေးမလို့လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်  File size…3.06GB / 1.4GB / 500MB Quality…1080p WEBDL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Eliza
movie

Hero (2022)

2022
Chalo(2018) 6.3
Chalo(2018)       Chalo (2018) -------------2018ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရုပ်ရှင်လေးကImdb 6.3 / 10 User 1.1kနဲ့ အတော်လေးratingမြင့်ပြီး မင်းသမီး Rashmika ပါနေတာကြောင့််တင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရွာနှစ်ခြမ်းကွဲ‌နေတဲ့ တေလဂူဘက်နဲ့ တမီလ်ဘက်က ပဋိပက္ခလေးတွေကိုဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ်ဟရီဆိုတဲ့ ရန်ဖြစ်ရတာကို ဝါသနာပါနေတဲ့သူကိုမှ စည်းကျော်ရင် သတ်မယ်ဆိုပြီးအမြဲရန်ဖြစ်‌‌နေတဲ့ ရွာကိုကောလိပ်တက်ဖို့ မိဘတွေက ပို့လိုက်ပါတယ်ဟရီတစ်ယောက် ရန်မဖြစ်ပဲ ကောလိပ်မှာ ဖူးစာရှင်လေးနဲ့ဆုံသွားခဲ့ပေမယ့်တစ်ယောက်ကတမီလ် တစ်ယောက်တေလဂူဖြစ်နေတော့ ပေါင်းဖက်ဖို့က ရွာနှစ်ခြမ်းပြန်ပေါင်းမှ ဖြစ်နိုင်မှာကိုသိသွားတဲ့အခါဒီရွာနှစ်ခြမ်းက ဘယ်လိုအကြောင်းကြောင့် သွေးကွဲသွားရတာလဲဟရီတစ်ယောက် သူရဲ့အချစ်အတွက် နှစ်ပေါင်းများစွာ မတည့်ခဲ့တဲ့ဒီနှစ်ရွာကို ဘယ်လိုပြန်ပေါင်းမလဲ‌ဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦးရှင်...  File size…2.2Gb / 1.1GB / 643MB Quality…1080p HD RIP 5.1Ch / 720p / 480p Format…Mp4 Duration….2h 25mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Ida
movie

Chalo(2018)

V (2020) 7.1
V (2020) V(2020)ကားကောင်းတွေ ငတ်နေကြတယ် ကြားလို့ ကျွန်တော်တို့ စောင့်နေတဲ့ကားကြီး ဒီနေ့စ ရောင်းရောင်းချင်း တင်ပေးနိုင်ဖို့ ကြိုးစားထားပါတယ်။ တေလဂူးကားပရိသတ်တွေကတော့ တေလဂူးကားတွေ ဘယ်လိုကောင်းလဲဆိုတာ မပြောလည်း သိမှာပါ။ဒီကားဟာ  လူသတ်သမားတစ်ယောက်နဲ့၊ ရဲအရာတစ်ယောက်တို့ အားပြိုင်မှုကြောင့် ဇာတ်လမ်းက သွေးဆူစိတ်လှုပ်ရှားရလောက်အောင်မိုက်ပါတယ်....အိန္ဒိယကားအများစုထဲ ဗီလိန်ကို အားမရတာ ကြုံဖူးကြမှာပါ။ ဒီဇာတ်ကားမှာတော့ ဗီလိန်ကတော့ အားရစရာ ကောင်းပြီးရဲအရာရှိကလည်း အစွမ်းကုန်ကြိုးစားမှာပါ။ သဲလွန်စပေးပြီး သတ်မယ်ဆိုတဲ့ လူသတ်သမားရယ်၊လူသတ်မှုကို ဖော်ထုတ်မယ့် ရဲအရာရှိရယ် အဓိက ပါဝင်ကစားထားကြတယ်။ကဲခင်ဗျားတို့လည်း စိတ်ဝင်စားကြပြီမဟုတ်လား။ ပွဲကြည့်ပရိသတ်အနေနဲ့ ခင်ဗျားတို့ကို ထည့်ပေးမယ်ဆိုရင်ရောဇာတ်လမ်းထဲ သင့်ကိုပါ ခေါ်လိုက်မယ်ဆိုရင်ရော၊ ခင်ဗျားတို့ လူသတ်သမားဖက်က ပါမလား၊ရဲအရာရှိဖက်က ပါမလား။ let's join the game!ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Myint Thu & Nyi Koe ...
movie

V (2020)

Bheeshma (2020) 6.9
Bheeshma (2020) ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie

Bheeshma (2020)

2020
Disco Raja (2020) 6.9
Disco Raja (2020) Spoiler Alert!၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့....ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲအသတ်ခံလိုက်ရတယ်ဆိုတာကို ...
movie

Disco Raja (2020)

2020
Sarileru Neekevvaru (2020) 6.8
Sarileru Neekevvaru (2020) (Unicode)ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ...
movie

Sarileru Neekevvaru (2020)

2020
Saaho (2019) 5.2
Saaho (2019) Saaho (2019)_____IMDb - 5.2/10  (Unicode)၂၀၁၉ ထွက် ဘာဟုဗာလီမင်းသားကြီး Prabhasရဲ့ ရုံတင်ကား အကြည်ထွက်လာလို့ မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating - 5.2/10Language - TeluguGenere - Action / Thriller------------------------------------ဇာတ်လမ်းအကျဉ်း မင်းသားကြီးကို ဒီကားမှာတော့ အလွတ်တမ်း စုံထောက် တစ်ယောက်အနေနဲ့ မြင်ရမှာပါ။ဓားပြမှု တစ်ခုကို လိုက်ဖို့ ရဲတွေ ဖက်က ကမ်းလှမ်းတော့ ရဲအရာရှိမလေးရဲ့ ရွှန်းစိုတဲ့ မျက်ဝန်းတစ်စုံကြောင့် လက်ခံခဲ့ပါတယ်။ဒီကြားထဲ မွန်ဘိုင်းမြို့ထဲ ခြေရှုပ်နေကြတဲ့ ဂန်းစတားတွေလည်း ရှိနေသေးတယ်။အင်အားကြီး Roy Group ဂိုဏ်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။အချင်းချင်းတွေ ကွဲနေကြတယ်။ပြီးတော့ Black Box လို့ ခေါ်တဲ့ Keyတစ်ခုကို လိုက်ရှာနေကြတယ်။မင်းသားကြီးဟာ ဓားပြမှုကို စတင် ဖော်ထုတ်ရာကနေ...ဂန်းစတားတွေရဲ့ ပြဿနာထဲ တစ်စိတ်တစ်ပိုင်း ဝင်ပါသွားခဲ့ရာမှာတော့.....မြှုပ်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦး။--------------------------------ရုံတင်ကာလမှာတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်း ...
movie

Saaho (2019)

2019
Hippi (2019) 8.0
Hippi (2019) ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူးတယ်။မိန်းကလေးတစ်ယောက်ကို စချစ်မိရင် "နိဗ္ဗာန်"ပဲ။ မိန်းကလေးတစ်ယောက်နဲ့  ချစ်သူဖြစ်သွားပြီဆိုရင်တော့ "နိဗ္ဗာန် ပျောက်ဆုံးသွားပြီ"တဲ့။ဂျွန်မီလ်တန်မှ မဟုတ်ပါဘူး။အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ?တစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ့  ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်....အဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .?ဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ?အရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို့ ပုထုဇဉ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ့  မကြာမကြာဆိုသလို ကြုံတွေ့ ရတတ်ပါတယ် ...
movie

Hippi (2019)

2019
Chitralahari(2019) 7.5
Chitralahari(2019) Chitralahari(2019) IMDb Rating - 7.5/10 Genere - Drama / Romance ဒရာမာဆိုရင် ဟင်ဒီ၊ ဖိုက်တင်ဆို တမီးလ်၊အချစ်ဆိုရင် တေလဂူးလို့တောင် ပြောရလောက်အောင် အဲ့ဒီလိုကားမျိုးတွေဟာ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေကို ဖမ်းစားနိုင်စွမ်းရှိကြတယ်..... အခုလည်း တေလဂူးအချစ်ကားသစ်လေးကို မိတ်ဆက်ပေးပါရစေ... ကောင်လေးတစ်ယောက်ဟာ တီထွင်မှုတွေအမြဲလုပ်ဖို့ကြိုးစားနေတယ်...   ပုံစံမျိုးစုံကြိုးစားနေပြီး သူ့ရဲ့လူငယ်သက်တမ်းတစ်လျှောက်လုံးမှာ အကောင်းမွန်ဆုံးတစ်ခုဆိုတာမျိုးကိုချပြနိုင်ဖို့ အချိန်တွေပေးခဲ့တယ်.. သို့ပေမယ့် သူပေးရတာတွေနဲ့မတန်အောင် ကျရှုံးမှုပေါင်းများစွာကြုံခဲ့ရသလို ဦးဏှောက်ဖောက်စားတဲ့သူများတွေကြောင့်လည်း နောက်ကောက်ကျခဲ့ရတာတွေရှိတယ်... ဒီလိုဖြစ်ရပ်တွေကြောင့်ကြာလာတော့ သူလည်း လောကကြီးကိုအရှုံးပေးချင်လာပုံရတယ်... သို့ပေမယ့် သူ့ဘ၀ကိုပြောင်းလဲစေနိုင်တဲ့ လမ်းပြကြယ်လေးကိုတွေ့ပြီးတဲနောက်မှာတော့... သူ့ရဲ့လမ်းပြကြယ်လေးဟာ ဘယ်သူလဲ.. သူတို့ဘယ်လိုဆုံတွေ့ကြလဲ... သူကရော သူ့ရည်မှန်းချက်အတိုင်း အကောင်းဆုံးတီထွင်မှုတစ်ခုကိုချပြနိုင်မလား.. ဆိုတာတွေကိုတော့ခံစားကြည့်လိုက်ပါဦး..... File Size : (950 MB) and (324MB) Quality : WEB-DL 720p, Format…mp4 Duration…02:11:00 Genre :  Drama  Subtitle : Myanmar Subtitle (Hard Sub)Translated by Myint Thu & Nyi Nyi Koe(MLMC) Encoded by  Thanhtike Zaw
movie

Chitralahari(2019)

2019
Geetha Govindam (2018) 8.0
Geetha Govindam (2018) အိန္ဒိယကားကောင်းကောင်းလေးတွေ တောင်းတနေတဲ့ ပရိသတ်တွေအတွက်အလန်းစား တောင်ပိုင်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်Hello (2017), Hello Guru Prema Kosame (2018) တို့လို Drama, Romance ကားကောင်းတစ်ကားဆိုလည်း မမှားပါဘူးမင်းသားကလည်း လောလောလတ်လတ် CM ကတင်ပေးထားတဲ့ Taxiwaala ထဲကမင်းသားချော Vijay Deverakona ပဲဖြစ်ပါတယ်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလိုမဟုတ်ဘဲ အိုဗာအက်တင်တွေ လုံးဝကင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါဇာတ်လမ်းလေးကတော့ ငယ်ငယ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုဖြင့်ကြီးပင်းခဲ့တဲ့ ဗီဂျေး အသက်ရွယ် ၂၅ နှစ်အရွယ်လူပျိုတစ်ယောက်မိန်းကလေးတွေနဲ့ပတ်သတ်ရင် ဘာအတွေ့အကြုံမှမရှိဘဲ ရည်းစားရဖို့နေနေသာသာမိန်းကလေးတစ်ယောက်ကိုတောင် မပိုးမပမ်းတတ်သူတခြားသူတွေနဲ့မတူဘဲ အိမ်ထောင်ရေးနဲ့ပတ်သတ်လို့အချစ်ရေးနဲ့ပတ်သတ်လို့ဇနီးမယားဆိုတဲ့အရာနဲ့ပတ်သတ်လို့ စိတ်ကူးယာဉ်ဆန်လွန်းသူငါသာ ရည်းစားထားရင် ဘယ်မိန်းကလေးမျိုးနဲ့မှအိမ်ထောင်ပြုရင် ဘယ်လိုမိန်းကလေးကိုပဲ အိမ်ထောင်ပြုမှာ စဖြင့်ရှေးဆန်တဲ့အတွေးအခေါ်တွေ တပြုံတပိုက်နဲ့ဘယ်လောက်ထိ မိန်းကလေးတွေနဲ့ပတ်သတ်ပြီး အတွေ့ကြုံနည်းလဲဆိုရင်စိတ်ဝင်စားလို့ ၆ လလောက်ပတ်လိုက်ခဲ့တဲ့ မိန်းကလေးက အိမ်ထောင်သည်ဖြစ်နေမှန်း မသိရှာဘူးအဲ့လောက်ထိအဲ့ဒိလို ဗီဂျေးတစ်ယောက် တနေ့မှာ အင်မတန်ချစ်ရမယ့် ဂီသားဆုတဲ့မိန်းကလေးနဲ့ဆုံစည်းခဲ့ပါတယ်သူ့ရဲ့အလွဲလွဲအချော်ချော်တွေနဲ့ အယူအဆတွေနဲ့ ဂီသားနဲ့ ...
movie

Geetha Govindam (2018)

2018