Channel Myanmar

Vera Yen

The Bridge Curse: Ritual ( 2023 ) 5.7
The Bridge Curse: Ritual ( 2023 ) ဒီတစ်ခါမှာတော့ Horror ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် CM ကနေ ထိုင်ဝမ်သရဲကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ။ တရုတ်ပြည်သူ့သမ္ပတနိုင်ငံတည်ထောင်ပြီး နှစ် ၅၀ ပြည့်နှစ် ထိုင်ဝမ်က ယဉ်ကျေးမှုတက္ကသိုလ်မှာ တာ့ရမ်လို့အမည်ရတဲ့အဆောက်အဦးတစ်ခုတည်ဆောက်ခဲ့ပါတယ် ။အဲဒီအဆောက်အဦးကို မူလကတော့ တစ္ဆေသရဲတွေမလာနိုင်အောင် အတိတ်နမိတ်ကောင်းအောင် ယင်ဓာတ်ယန်ဓာတ်ဆုံတဲ့နေရာမှာ ရှစ်ထောင့်မှော်စက်ဝန်းပုံစံဒီဇိုင်းဆွဲပြီးတည်ဆောက်ဖို့လုပ်ခဲ့ပါတယ် ။ ဒါပေမဲ့အဆောက်အဦးရဲ့ ဗိသုကာပညာရှင်က ကျောင်းနဲ့ငွေရေးကြေးရေးညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီး မူလက သရဲတစ္ဆေတွေမကပ်အောင်ဒီဇိုင်းဆွဲထားတဲ့ ရှစ်ထောင့်မှော်စက်ဝန်းပုံစံအဆောက်အဦးကို သရဲတစ္ဆေတွေကိုဆွဲဆောင်တဲ့ ရှစ်ထောင့်မှော်စက်ဝန်းပြောင်းပြန်ပုံစံတည်ဆောက်ပေးခဲ့ပါတော့တယ် ။အဲဒီနောက်ပိုင်းကစပြီး‌ ကျောင်းမှာ သဘာလွန်မတော်တဆမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး ဘယ်လိုမတော်တဆမှုတွေဖြစ်မလဲ ဘာတွေနဲ့သက်တိုင်နေမလဲ ကျိန်စာသင့်နေတဲ့အဆောက်အဦးမှာရော ဘယ်လိုကပ်ဆိုးတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK  
movie

The Bridge Curse: Ritual ( 2023 )

Meow Meow Boss (2021) 6.2
Meow Meow Boss (2021) Meow Meow Bossဆိုတဲ့ဇာတ်ကားကတော့ ဇာတ်ကားနာမည်လေးအတိုင်း ချစ်စရာကောင်းတဲ့ Romantic movieလေးဖြစ်ပါတယ် ဒီဇာတ်ကားမှာ‌တော့ မင်းသမီးကျန်းခယ်ချီက ကြောင်ကနေ လူသားအသွင်ပြောင်းထားတဲ့ မင်းသားလေဟောင်ယန်နဲ့ ချစ်ကြိုက်မိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ကျန်းခယ်ချီက ‌ငယ်ငယ်တုန်းက ကြောင်လေးတစ်ကောင်ရဲ့အသက်ကိုကယ်ခဲ့ပါတယ် အဲ့ကြောင်လေးက‌လည်း မင်းသားလေဟောင်ယန်ဖြစ်နေတော့ လေဟောင်ယန်က မင်းသမီးကိုလိုက်ကာကွယ်ကူညီပြီး ကျေးဇူးပြန်ဆပ်ရာမှ အချင်းချင်းချစ်မိသွားတာပဲဖြစ်ပါတယ် ဒါပေမဲ့ လေဟောင်ယန်က လူသားမဟုတ်တဲ့အတွက် နှစ်ယောက်လုံးတူတူနေထိုင်သွားနိူင်ဖို့ အများကြီးခက်ခဲခဲ့ပါတယ် အထူးသဖြင့်အချိန်တန်ရင် သူ့နယ်မြေကိုပြန်ရမှာဖြစ်ပါတယ် တကယ်လို့မပြန်ရင် တစ်သက်လုံးကြောင်တစ်ကောင်အဖြစ်နေသွားရမလား ဒီလောကကြီးကနေပျောက်ကွယ်သွားမလားဆိုပြီး စိုးရိမ်နေရတဲ့အခြေနေနဲ့ တစ်ခုပေါ်ကျရောက်နေတော့ နောက်ဆုံးမှာ လေဟောင်ယန်က ချစ်ရတဲ့သူကိုထားခဲ့ပြီး နယ်မြေကိုပြန်သွားမလား အသေခံပြီးဘေးမှာရှိနေပေးမှာလား သို့မဟုတ် နယ်မြေကိုပြန်သွားပြီးတော့ချစ်သူကိုပြန်လာရှာပြီး ပျော်ရွှင်ရတဲ့ happy endingလေးဖြစ်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်Quality : WEB-DL 1080p Format : mp4 Duration : 1h 40min Genres : Drama , Romance Subtitle : Myanmar Subtitle ( Hardsub ) Translated by A Pu Lay Encoded By LK
movie

Meow Meow Boss (2021)

The Bridge Curse ( 2020 ) 5.8
The Bridge Curse ( 2020 ) နောက်ဆုံးထွက် netflix Horror ဇာတ်ကားလေးပါပဲစိတ်ခြောက်ခြားဖွယ်သရဲကားကောင်းကြိုက်သူတွေအတွက်2020 augustလမှာထွက်ထားတဲ့ ထိုင်ဝမ်သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်စတင်ထုတ်လွှင့်ချိန်ကနေ ခုချိန်ထိ Box office worldwideမှာ $347513ဝင်ငွေရရှိထားပါတယ်CGI effectတွေမပါပဲ ပြင်ပမှာတစ်ကယ်သရဲခြောက်ခံနေရသလိုရိုက်ကူးထားလို့စိတ်ခြောက်ခြားဖွယ်ကောင်းလှပါတယ် ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်ကျောင်းသားကျောင်းသူအုပ်စုတစ်ခုဟာ သတ္တိရှိမရှိစမ်းသပ်တဲ့ပွဲမှာပါဝင်တဲ့အဖွဲ့ဝင်များအောင်ကြော်ငြာဖို့ ည၁၂နာရီထိုးရင်သရဲခြောက်တယ်လို့နာမည်ကြီးလှတဲ့ သရဲမတံတားရဲ့လှေကားထစ်ကိုလျှောက်ပြရင်းlive လွှင့်ကြေငြာဖို့ ပြင်ဆင်ကြတဲ့အခါ...ဘယ်လိုတုန်လှုပ်ခြောက်ခြားဖွယ်တွေကစောင့်ကြိုနေမှာလဲ...သရဲမရဲ့ကျိန်စာကနေလွတ်မြောက်နိုင်ပါ့မလား...ထင်မထားတဲ့လှည့်ကွက်တွေပါတဲ့ စိတ်ခြောက်ခြားဖွယ် Horror ကားကောင်းတကားပါ Translated By Phyo ZawEncoded By LK
movie

The Bridge Curse ( 2020 )

Take Me to the Moon ( 2017 ) 7.6
Take Me to the Moon ( 2017 ) Unicode*******IMDb 7.6 ရရှိထားတဲ့ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဂီတနဲ့အကကို ရူးရူးမူးမူးနဲ့ အိမ်မက်အဖြစ်သတ်မှတ်ထားတဲ့ အန်းဖေ့တစ်ယောက်ဂျပန်နိုင်ငံက လာရောက်ကျင်းပတဲ့ လူငယ်သီချင်းဆိုပြိုင်ပွဲမှာအရွေးချယ်ခံရပြီးဂျပန်သို့သွာရောက်ခဲ့ရပြီးနောက် သူမရဲ့အိမ်မက်တွေ တကယ်ရောအကောင်ထည်ဖော်ဖြစ်နိုင်ခဲ့ရဲ့လားဆိုတာကို တွေ့မြင်ရမှာဖြစ်ပြီးသူမတို့သူငယ်ချင်းတစ်စုတည်ထောင်ထားတဲ့ လကမ္ဘာတေးဂီတအဖွဲ့အတွင်းမှာ ဖြစ်ပျက်နေတဲ့သူငယ်ချင်းတွေရဲ့သံယောဇဉ်ကိုဘယ်လိုပုံဖော်ပြသထားသလဲဆိုတာတွေ့မြင်ရမှာဖြစ်ပါတယ်ဂီတအပေါ်ရူးရူးမူးမူးဖြစ်နေကြတဲ့လူငယ်လေးတွေရဲ့ကြိုးစားအားထုတ်မှုကိုဖေါ်ပြထားတဲ့ အချစ် Drama ကားလေးပဲဖြစ်ပါတယ် Translated & Review By Ba ChitEncoded By LK
movie

Take Me to the Moon ( 2017 )

2017