Channel Myanmar

Vikramjeet Virk

Maurh – Lehndi Rutt De Nayak (2023) 8.4
Maurh – Lehndi Rutt De Nayak (2023) Maurh (2023)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…3.78GB / 1.4GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 20m Subtitle….Myanmar ...
movie

Maurh – Lehndi Rutt De Nayak (2023)

2023
Ik Sandhu Hunda Si 2020 4.8
Ik Sandhu Hunda Si 2020 ပန်ဂျက်တက္ကသိုလ်မှာ နာမည်ကြီးကျောင်းသားတစ်ယောက်ရှိတယ်။ အဲဒီကျောင်းသားကြီးက ရိုးသားဖြောင့်မတ်ပြီး မဟုတ်မခံတဲ့စိတ်လေးရှိသတဲ့။ ပြီးတော့ တစ်ခုခုဖြစ်ပြီဆိုလည်းလက်သီးနဲ့ပဲရှင်းတာများတယ်။ ဒဲ့ပဲရှင်းတတ်တာပေါ့။ ဒါကြောင့် တက္ကသိုလ်ထဲမှာက သူ့ကိုချစ်ကြတဲ့သူတွေများသလို၊ ကြည့်မရတဲ့သူနဲ့ မုန်းတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ သူကမိန်းကလေးတွေကိုဆိုလည်း မျက်နှာချင်းတောင်ဆုံအောင်မကြည့်ဖူးတဲ့အထိ မကိစ္စနဲ့ပတ်သက်ရင် ကင်းရှင်းတယ်လို့ဆိုကြသေးတယ်။ အဲဒီကျောင်းသားကြီးရဲ့နာမည်ကတော့ ဆန်ဒူတဲ့။ ပြောခဲ့သလိုပဲ ဆန်ဒူကမဟုတ်မမှန်တာတွေကို သည်းခံလေ့ရှိတာမဟုတ်တော့ မျက်စိထဲကန့်လန့်ဖြစ်နေတာတွေ လိုက်ဖြေရှင်းရင်းတစ်နေ့မှာ မဒီချောချောလေးတစ်ဦးနဲ့ အကြည့်ချင်းဆုံဖို့အကြောင်းဖန်လာပါလေရော။ လူကလည်း မလွယ်ဘူးရယ်။ တစ်ခါလေးအကြောင်းဖန်တာနဲ့ မဒီလေးကို ရအောင်လိုက်ပါလေရော။ တစ်ဖက်မှာလည်း ကျောင်းမှာဖြစ်နေတဲ့အကျင့်ပျက်ခြစားမှုတွေကြောင့် ခေါင်းဆောင်ရွေးပွဲမှာလူသစ်တင်ဖို့ သူ့သူငယ်ချင်းကို ကိုယ်စားလှယ်နေရာဝင်ခိုင်းလိုက်ရာကနေ တစ်ဖက်က အဖွဲ့နဲ့လည်းကတောက်ကဆဖြစ်ဖို့ အကြောင်းလည်း ဖန်လာပါတယ်။ ပြီးတော့ ဆန်ဒူကြွေဆင်းသွားတဲ့ မဒီလေးနဲ့ သူ့ပြိုင်ဘက်ခြစားအဖွဲ့ခေါင်းဆောင်နဲ့က ဆွေရိပ်မျိုးရိပ်မကင်း သားအဖတော်စပ်ကြသေးတယ်တဲ့။ ဒီတော့ ဆန်ဒူတစ်ယောက် ကောင်မလေးနဲ့ရှေ့ဆက်အဆင်ပြေပါ့မလား။ တစ်ဖက်ကပြိုက်ဘက်နဲ့ကရော ဘယ်လိုတင်းမာမှုတွေနဲ့ဘယ်လိုတွေဖြစ်ကြမလဲ၊ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့... အိန္ဒိယကားတို့ ထုံးစံအတိုင်း သီချင်းတွေ၊ အကတွေ၊ လွင့်စင်ထွက်လောက်တဲ့ ဖိုက်တင်ပလေးတွေကိုလည်း ကြည့်ရှုခံစားကြရမှာပါ။ ...
movie

Ik Sandhu Hunda Si 2020

Drive (2019) 2.4
Drive (2019) (Unicode)ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်ကဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီးသူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့.....Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ ...
movie

Drive (2019)