Channel Myanmar

Vineet Sharma

Shootout at Wadala (2013) 6
Shootout at Wadala (2013) Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie

Shootout at Wadala (2013)

2013
Ved(2022) 7.5
Ved(2022) Ved (2023)IMDb-7.6/102022 December 30 မှာထွက်ရှိခဲ့တဲ့ ဒီကားလေးက 75ကုဋေအမြတ်ပြန်ရမှုနဲ့အတူ 2022 ရဲ့အအောင်မြင်ဆုံးမရာထီပြောရုပ်ရှင်ဖြစ်ပြီး ထွက်ရှိဖူးသမျှမရာထီရုပ်ရှင်တွေရဲ့ ရုံတင်ငွေတတိယအများဆုံးရရှိထားတဲ့ကားလည်းဖြစ်ပါတယ် Rushikesh Turai ကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားပြီး ချစ်ဇနီး Genelia D'Souza ကလည်း တွဲဖက်ညီညီသရုပ်ဆောင်ထားတဲ့ကားပါ လူပျိုကြီး စယ်လ်မန်ခန်းကလည်း guest အနေနဲ့ တစ်ဖြတ်တစ်ကဒ်ပါ၀င်ထားပါသေးတယ်ဇာတ်လမ်းအညွှန်းဒိုင်ကိုလာဘ်ထိုးပြီးတစ်ဖက်သတ်ကြီး အနိုင်ရနေတဲ့ခရစ်ကတ်ပွဲမှာ ယစ်ထုတ်ကြီးတစ်ယောက်က Bluetooth နဲ့ ၀င်နည်းပြပေးလိုက်ရာကနေ ချက်ချင်းရလဒ်တွေပြောင်းပြန်ဖြစ်သွားတဲ့ ခရစ်ကတ်ပွဲလေးနဲ့အစပျိုးထားပါတယ်ဒီယစ်ထုတ်ကြီးကတော့ တစ်ခြားသူမဟုတ်ပဲ ကျောင်းသားဘ၀တည်းက ခရစ်ကတ်ကိုရူးသွပ်ခဲ့သူ ဆပ်တရာပါ ခရစ်ကတ်ကိုကြိုးစားရင်း အင်ဂျင်နီယာပညာမှာလည်း ထူးချွန်တဲ့ဆပ်တရာဟာ အချစ်ဦးနဲ့ဆုံတွေ့လာပါတော့တယ် အရာရာပြည့်စုံမနေတဲ့လောကကြီးမှာ ချစ်သူနှစ်ဦးကြား ၀င်မွှေလာတဲ့အရာကတော့ မိဘအုပ်ထိန်းသူပါပဲ အညွှန်းကိုဒီလောက်ပဲရပ်လိုက်ကြရအောင်ဒီအချစ်ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မလဲ ခရစ်ကတ်ကိုရူးသွပ်တဲ့ကောင်လေးက ခရစ်ကတ်ကိုတောင်ဆက်မဆော့တော့တဲ့ထိ ဘာကြောင့်များပြောင်းလဲသွားရလဲအချစ်သီချင်းလေးတွေ စုံစုံလင်လင်နားဆင်ခံစားပြီး ကိုယ်တိုင်ပဲရှူစားကြည့်ပါဒီ Ved ထဲမှာတော့ အချစ်ဆိုတာ ပင်လယ်ဒီရေနဲ့တူတယ် တစ်ခါတစ်လေ မြင့်တက်ပြီးတစ်ခါတစ်လေ နိမ့်ကျတတ်တယ်တဲ့ CM ပရိသတ်ကြီးအတွက်ရော အချစ်ကဘာနဲ့တူပါသလဲ File size…2.77GB / 1.16GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Thaik San~Khin Khin
movie

Ved(2022)

2022