Channel Myanmar

Vir Das

Go Goa Gone (2013) 6.6
Go Goa Gone (2013) Go Goa Gone (2013) Action, Adventure, Comedy IMDb 6.6/10 (14K)အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့ သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့် အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။ File size…2.58GB / 1.14GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Go Goa Gone (2013)

2013
The Bubble (2022)
The Bubble (2022) The Bubble (2022) စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny ...
movie

The Bubble (2022)

2022
Shivaay (2016) 6.7
Shivaay (2016) အိန္ဒိယ နိုင်ငံမှာ ၀င်ငွေစံချိန်တင်ခဲ့ပြီး IMDb rating 6.6 ထိရရှိထားတဲ့ သည်းထိပ်ရင်ဖိုဒရာမာကားကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်... တောင်တက်လမ်းပြအဖြစ် တစ်ဘ၀လုံး နှစ်မြုပ်ထားတဲ့ ရှီဗား ...သူ့ဘ၀ကတောင်တက်သမားတွေကို လမ်းပြလိုက် မြူနှင်းတွေကိုအဖော်ပြု ပြီးကျေးငှက်တွေရဲ့သီချင်းသံနဲ့ ပျော်မွေ့ရင်း ပရဟိတ လုပ်ငန်းတွေနဲ့ပျော်မွေ့နေသူတယောက် ...တစ်နေ့တော့ ဘူဂေရီးယားကတောင်တက်အဖွဲ့ကို တောင်တက်လမ်းပြအဖြစ် လိုက်ရင် မမျှော်လင့်ပဲ နှင်းတောင်ပြိုကျရာမှ ချောက်ထဲ ပြုတ်ကျရင်း အဲ့ဒီအဖွဲ့မှာပါတဲ့ ဘူဂေးရီးယားသူ မိန်းမချောလေးအော်ဂါ က တောင်တက်လမ်းပြလူကြမ်းကြီးရဲ့ နှလုံးသားကို အချစ်ရဲ့ကျေးကျွန်အဖြစ်သိမ်းပိုက်နိုင်ခဲ့ပါတယ်... ဒီလိုနဲ့ အချစ်နယ်ကျွံကြရင်း ကိုယ်ဝန်ရှိသွားတဲ့အခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကလေးကိုဖျက်ချပစ်ဖို့ အော်ဂါက ဆန္ဒရှိနေပေမဲ့ လူကြမ်းကြီးရဲ့ နှလုံးသားကလက်မခံပဲ ကလေးကိုမွေးပေးဖို့ တောင်းဆိုခဲ့ပါတယ် ...ဒီလိုနဲ့ ကလေးကိုမွေးပြီးပြီးချင်းမှာ အမေဖြစ်သူဟာ ဘူဂေးရီးယားကိုပြန်သွားခဲ့ပြီး သမီးလေးဖြစ်သူ ဂါရာ အသက်၉နှစ်အရွယ်ရောက်တဲ့အခါမှာတော့ မထင်မှတ်ပဲ သိမ်းဆည်းထားတဲ့ အမေဖြစ်သူရဲ့ပုံကိုတွေ့ရှိသွားရာမှ မိတဆိုး သမီးလေးက အမေဖြစ်သူဆီကိုသွားရောက်ဖို့ ပူဆာရာမှ  သူတို့သားအဖ ၂ယောက် အမေရှိရာ ဘူဂေးရီးယားကိုလိုက်သွားကြပါတယ် တဖက်နိုင်ငံကိုရောက်တော့ ဟော်တယ်မှာ ကလေးသူငယ်တွေကိုလိင်လုပ်သားအဖြစ်ခိုင်းစေတဲ့အမှုကို တွေ့ရှိပြီး ကူညီပေးခဲ့မိရာမှ ကလေးဖမ်းတဲ့ ဂိုဏ်းနဲ့ပတ်သက်မိပြီး သမီးလေးဟာ ...
movie

Shivaay (2016)

2016