Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vishnu Vishal
6.9
Gatta Kusthi (2022)
Gatta Kusthi (2022)နာမည်ကြီးမင်းသား Vishnu နဲ့ ချစ်စရာမင်းသမီးချောလေး Aishwarya Lekshmi ရိုက်ကူးထားပြီး IMDb ကလည်း 7အထိရထားတဲ့ Comedy အမျိုးအစားရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ် ဟာသဇာတ်မြူးလေးကိုမှ အချောအလှလေးတွေပါဝင်တာကြည့်ချင်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်နော်..ခီသီ(Aishwarya Lekshmi)ဆိုတာက နပန်းကိုငယ်ငယ်တည်းက လေ့လာလိုက်စားရင်းနိုင်ပွဲတွေကို ဆွတ်ခူးနိုင်ခဲ့သူပါ အနိုင်ကျင့်တဲ့လူတွေကိုပညာပြတဲ့ ဘွဲ့ရပညာတတ် ဆံပင်တိုတို ဗလတောင့်တောင့်ကောင်မလေးပေါ့ သူ့ကိုအိမ်ထောင်ဘက်အဖြစ်လာရွေးတဲ့လူတွေကလည်း ကိုင်ပေါက်ခံရမှာကြောက်လန့်ပြီးထွက်ပြေးကြတာချည်းပါပဲဗီရာ(Vishnu)ကတော့ တစ်ဦးတည်းသောသူဌေးသားပေါ့သတို့သမီးလောင်းအတွက်သူ့ရဲ့စံသတ်မှတ်ချက်တွေက ဆံပင်ရှည်ကြီးနဲ့ သူထိန်းချုပ်တိုင်းရမယ့်ပညာမတတ်မိန်းကလေးမျိုးပါ ဒီလိုနဲ့နှစ်ယောက်ကကံဆုံကြပြီး လူကြီးတွေကသူတို့ကိုအိမ်ထောင်ချပေးဖို့လုပ်လေတော့ ခီသီတစ်ယောက်ဘယ်လိုလိမ်ဆင်တွေလုပ်မလဲ ဆံပင်ရှည်ကြိုက်တဲ့ယောကျာ်းနဲ့ ဆံပင်တိုတိုခီသီတို့ ဘယ်လိုတွေလှည့်ပတ်ပြီးစခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် File size…2.78GB /1.23GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni
movie
Gatta Kusthi (2022)
2022
8.1
F.I.R (2022)
FIR 2022IMDb 8.1Action/ Triller၂၀၂၂ ခုနှစ်ရဲ့အက်ရှင်ကားတွေထဲမှာ ရှယ်ကောင်းတဲ့ကားလေးကိုပြပါဆို ဒီကားလေးကထိပ်ဆုံးကပါလိမ့်မယ်ဗျ။ ဇာတ်လမ်းလေးတွေက ရှယ်ကောင်းပါလျက်နဲ့မင်းသားနဲ့လူကြမ်းတွေဖိုက်တဲ့အခါ အဝေးကြီးလွင့်ထွက်ထွက်သွားတဲ့ အိုဗာအက်ရှင်စတိုင်ကိုမကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီလိုပြောလို့လည်း သူတို့ရဲ့အဝေးကြီးလွင့်ထွက်သွားတဲ့ရိုက်ချက်တွေမလှဘူးလို့ပြောတာတော့မဟုတ်ဘူးဗျ၊ ရိုက်ထားတာတွေ တော်တော်လှပါတယ်ဗျ။ ဒါပေမဲ့ဗျာ အပြင်မှာမှ တကယ်မဖြစ်နိုင်တာပဲ။ဒီသည်းထိတ်ရင်ဖိုအက်ရှင်ကားလေးထဲမှာတော့ ဘာအိုဗာအက်ရှင်ချခန်းမှမပါသလို ဝှီးဆို၁၅ ပေလောက်မလွင့်သွားတဲ့အပြင် အနောက်တိုင်းကားတွေနီးပါး ရှယ်ကောင်းတဲ့ချခန်းတွေကို ပါတာပါ။ကျွန်တော်ကြည့်ချင်တဲ့အိန္ဒိယကားတွေ တမီးလ်ကားတွေရဲ့ချခန်းတွေဆိုတာဒီကားထဲကလိုမျိုးဗျ။ ဒီတော့ဗျာ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်ကြီးကရှယ်ခိုင်တဲ့အပြင် အက်ရှင်ခန်းတွေရှယ်ကောင်းလှတဲ့ ဒီကားလေးကိုတော့ လူကြီးမင်းတို့အနေနဲ့ လက်လွတ်မခံသင့်ဘူးလို့ထင်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာမွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်းကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာသူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင်လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါသူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင်ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲအိုင်အက်စ်အကြမ်းဖက်သမားလား၊ ...
movie
F.I.R (2022)
2022
4K HEVC Web-DL
8.9
Kaadan(2021)
Kaadan 2021ရုံတင်ပြီး Digital Releasesနဲ့ထွက်ဖို့ကြန့်ကြာနေခဲ့တဲ့ တမီးလ်ကား ရပါပြီခင်ဗျာ။ပရိသတ်ရင်းနှီးပြီးသား မင်းသားတွေမို့လည်းတော်တော် တောင်းဆိုကြတာထင်ပါရဲ့။Baahubali ထဲက ဗီလိန်ကြီး Rana၊Raatchasan ထဲက မင်းသား Vishnu Vishalတို့အပြင်ဟာသကားတွေထဲ မြင်ဖူးနေကျ Pulkit Samratနဲ့မင်းသမီးချော Shriya Pilgaonkarတို့ပါပဲ။ဒီကားထဲမှာ ဥယျာဉ်မှူးကြီး ဘန်ဒေ့ဖ်က အဓိကပေါ့။သူဟာ တောထဲမှာ တိရစ္ဆာန်တွေနဲ့အတူနေထိုင်တယ်။တောထဲက ဆင်တွေကျားတွေကအစ သူ့စကနားထောင်ကြတယ်။သူကလည်း တိရစ္ဆာန်တွေကအစသစ်ပင်ကနေ မြေကြီးအထိ ချစ်တတ်တယ်။ဒီလို တောကိုချစ်တဲ့ သူရဲ့ မြေပိုင်နက်ထဲတနေ့မှာတော့ မြို့သစ်စီမံကိန်းဆိုပြီးအဖွဲ့အစည်းတစ်ခု ရောက်လာခဲ့ပါတယ်။သူအနေနဲ့ ဘယ်လို ရင်ဆိုင်ပြီးသူ့အတွက် ပြိုင်ဘက်တွေကဘယ်လောက်ထိ ယုတ်မာကောက်ကျစ်မလဲ၊သူနဲ့အတူ ဒီမြေမှာ တခြား ဘယ်သူတွေကမုဆိုးတွေ ဖြစ်နေမလဲဆိုတာကို ခံစားကြည့်ကြပါဦးဗျာ။ဒီဇာတ်ကားဟာ ဒီနေ့မှာတော့ တရားဝင်ထုတ်လွှင့်ရာကနေထွက်လာတာမျိုးမဟုတ်ဘဲLeakလာတဲ့အနေအထားမို့ HINDIဗားရှင်းပဲ ရှိပါသေးတယ်။Hindi အသံထွက်နဲ့ ပါးစပ်လွဲနေတာ မဟုတ်ပါဘူး။ဟင်ဒီသရုပ်ဆောင်တွေ ဖြစ်ကုန်တာပါ။တမီးလ်မူရင်းမှာတော့ တမီးလ်မင်းသားမြင်ရမှာပါ။သရုပ်ဆောင်တွေ ကွဲနေပါတယ်။Tamilအသံနဲ့ ကြည့်ချင်ရင်တော့ စောင့်ရဦးမယ်ခင်ဗျာ။ File size…2.73GB / 1.4GB / ...
movie
Kaadan(2021)
2021
9.1
Ratsasan (2018)
ကြည့်ဖူးတဲ့ တမီလ် ကား တွေထဲမှာတော့ဒီကားကလုံးဝကိုကွဲပြားပါတယ် ကားတော်တော်များများကအိုဗာတွေလုပ်ပြလွန်းပေမယ့် ဒီကားကတော့တစ်ကယ့်လက်ရာကောင်းပါ ဇာတ်လမ်းကရုပ်ရှင်ဒါရိုက်တာရူးရူးနေတဲ့လူငယ်တစ်ယောက်ဟာ ဒါရိုက်တာဖြစ်ဖို့ကြိုးစားသမျှတွေဘာမှဖြစ်မလာတဲ့အခါမှာ သူ့အဖေရဲ့ဂုဏ်ကိုထိန်းတဲ့အနေနဲ့ ရဲတစ်ယောက်ဖြစ် လာခဲ့ပါတယ် တစ်ချိန်တည်းမှာပဲ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်သတ်တဲ့အမှုတွေပေါ်လာပါတယ် လူသတ်သမားဟာကျောင်းသူလေးတွေကိုဖမ်းခေါ်သွားပြီး အတိုင်းအမှတ်အသားအနေနဲ့လက်ဆောင်ဘူးလေးတစ်ဘူးအမြဲထားခဲ့ပါတယ် အဖမ်းခံရပြီးနှစ်ရက်မြောက်တဲ့နေ့ရောက်တိုင်းမှာကလေးတွေရဲ့ အလောင်းကိုအများပိုင်နေရာတွေမှာကြွပ်ကြွပ်အိတ်နဲ့ပတ်ပြီးပစ်ထားတာတွေ့ရပါတယ် ပုံမှန်လူသတ်မှုတွေဆိုတာ အသတ်ခံရသူနဲ့နီးစပ်ရာအသိုင်းအဝိုင်းတွေထဲက သံသယရှိသူကိုရှာပြီးစစ်လိုက်ရင်အမှုပေါ်နိုင်ပေမယ့် စိတ္တဇလူသတ်သမားဆိုတာကတော့ အသတ်ခံရသူတွေနဲ့ဘာပတ်သတ်မှုမှမရှိပဲ သူ့စိတ်ဒဏ်ရာကြောင့် သတ်ရတာကိုအရသာတွေ့လို့ ဘယ်သူ့ကိုမဆိုလိုက်သတ်တာမျိုးပါ ဒီလိုလူသတ်သမားမျိုးနဲ့ကြုံလာတဲ့အခါမှာ အရင်အမှုလိုက်နေကြပုံစံတွေတစ်ခုမှုအလုပ်မဖြစ်တော့ပဲ ရဲတွေခေါင်းခဲလို့လာရပါတယ် ဒီအချိန်မှာ စိတ်ကူးစိတ်သန်းကောင်းတဲ့ဒါရိုက်တာရူး ရဲပေါက်စဟာ အမှုအပေါ်ရှုထောင့်တစ်မျိုးကနေကြည့်ပြီး တရားခံကို တဖြည်းဖြည်းရုပ်လုံးပေါ်လာအောင်ကြိုးစားခဲ့ပါတယ် လူသတ်သမားနဲ့အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကိုဖန်တီးပြီးဖမ်းဆီးဖို့်ကြိုးစားရာမှာ အဆုံးအရှုံးတွေကလည်းအရမ်းများခဲ့ပါတယ် ဇာတ်လမ်းကအစအဆုံးစိတ်ဝင်စရားကောင်းလွန်းလို့ နှစ်နာရီခွဲဘယ်လိုကုန်သွားမှန်းတောင်သိလိုက်မှာမဟုတ်ဘူး ........................................................ သီချင်းတွေဆိုတာ မကြိုက်တဲ့သူတွေအတွက်သီချင်းတိုတိုလေးနှစ်ခုပဲပါတယ်နော် ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Chanyein Soe ဖြစ်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
Ratsasan (2018)
2018